Mobile, News, Review

ခန့်ငြားထည်ဝါတဲ့ ဒီဇိုင်းနဲ့အတူ Lenovo S850 Smartphone

ခန့်ငြားထည်ဝါတဲ့ ဒီဇိုင်းနဲ့အတူ Lenovo S850 Smartphone

Lenovo အမှတ်တံဆိပ်ကို အားပေးကြတဲ့ ပရိတ်သတ်များအတွက် ဈေးနှုန်းသက်သာပြီး အရည်အသွေးမြင့်မားတဲ့ Lenovo Smartphone အသစ် S850 ကို မိတ်ဆက်ပေးချင်ပါတယ်။ ဖုန်းအရွယ်အစား သေးငယ်ပေါ့ပါးပြီး သေသပ်လှပတဲ့ ထောင့်ချိုးဒီဇိုင်းနှင့် ၅ လက်မအကျယ် မျက်နှာပြင်အကျယ်ရှိပါတယ်။ ၎င်း ၅ လက်မအကျယ် မျက်နှာပြင်မှာ ကြည်လင်ပြတ်သား ရုပ်ထွက်များကို ကြည့်ရှုအသုံးပြုဖို့အတွက် HD Resolution ( 1280 x 720 pixel ) အရည်အသွေးရှိပြီးမိသားစု၊ သူငယ်ချင်းများနဲ့ တူတူမျှဝေ ကြည့်ရှုရာမှာအဆင်ပြေစေမယ့် Wide View နည်းပါညာကိုပါ အသုံးပြုထားပါတယ်။ Android Version 4.4.2  ( Kitkat ) နှင့် မောင်းနှင်ထားပြီး GSM/ WCDMA Network များကိုချိတ်အသုံးပြုနိုင်တဲ့ SIM card (၂) ကဒ်သုံး Dual Sim Smartphone အမျိုးအစား ဖြစ်ပါတယ်။

စွမ်းဆောင်ရည်ပိုင်းကို ကြည့်မယ်ဆိုရင် ဖုန်းကိုအထစ်အငေါ့မရှိ အသုံးပြုနိုင်ဖို့အတွက်ပဲ ဖြစ်ဖြစ်၊ လိုင်းဆွဲအားကောင်းကောင်းနဲ့ အင်တာနက် အသုံးပြုနိုင်ဖို့အတွက်ပဲ ဖြစ်ဖြစ် မြန်နှုန်း 1.7 GHz ရှိတဲ့ Quad Core CPU နှင့်အတူ RAM Memory 1 GB အသုံးပြုထားပါတယ်။ Application နှင့် Game များသွင်းယူထားရန် နှင့် Photo, Video နှင့် အချက်အလက်များသိမ်းဆည်းထားဖို့အတွက် လုံလောက်တဲ့ Internal Storage 16GB ပါဝင်တဲ့အပြင် Storage ထပ်မံတိုးချဲ့ဖို့ အတွက် micro SD Card Slot ပါဝင်ပါတယ်။ Camera ပိုင်းကိုကြည့်မယ်ဆိုရင်လည်း Primary Camera မှာ 13 MP အရည်အသွေးရှိပြီး Front Camera 5 MP နှင့်အတူ အရည်အသွေးပြည့်ဝတဲ့ Selfie များကိုရိုက်ယူနိုင်မှာ ဖြစ်ပါတယ်။

အခြား Feature များအနေနဲ့ ဖုန်းပျောက်သွားပါက အလွယ်တကူ ပြန်လည်ရှာဖွေနိုင်တဲ့ Security App၊ ဖုန်းဝင်လာချိန်တွင်နားအနားသို့ ကပ်လိုက်ရုံဖြင့် အလိုအလျောက် ဖုန်းပြန်လည်ဖြေဆိုပေးနိုင့်တဲ့ Smart Answer နည်းပညာ၊ Data များကို Lenovo Cloud Storage တွင် သိမ်းဆည်းထားနိုင်မည့် Syncit system၊ ဖုန်းမျက်နှာပြင်ကို ကြည့်ရှုနေပါက screen log off မကျသွားတဲ့ Smart Stand by နည်းပညာ၊ Data ကူးယူပေးပို့နှုန်းမြန်ဆန်တဲ့ built-in Share it App နှင့် ကားမောင်းနေစဉ်အတွင်း ဖုန်းလက်ခံခေါ်ဆိုခြင်း၊ message ပေးပို့ခြင်းနှင့် လမ်းညွှန်ရှာဖွေခြင်းများကို အသံမြင်ခိုင်းစေနိုင်တဲ့ Driving Application များပါဝင်ပါတယ်။ အရည်အသွေး ပြည့်ဝကောင်းမွန်ပြီး အာမခံ (၁) နှစ်ပါဝင်တဲ့ Lenovo S850 Smartphone ကို အမြို့မြို့အနယ်နယ်ရှိ KMD Sales Centre များတွင် ဈေးနှုန်းကျပ် ၁၈၃,ဝ၀ဝ ဖြင့်ဝယ်ယူနိုင်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဖုန်း ဝ၁- ၃၈၁-၁၂၉, ၃၈၁-၀၃၅, ၃၈၁-၇၇၆ Ext : ၁၂၄, ၁၄၆ သို့ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ် ။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *