Gaming, Review

Guild Wars

NCsoft companyက ခြောက်နှစ်ကြာသွားခဲ့တဲ့ ဂိမ်း series တစ်ခု ပြန်ထုတ်တော့မယ်လို့ ကြေညာထားပြီးပါပြီ။ ၂၀၀၆ ခုနှစ်လောက်က ထွက်ခဲ့တဲ့ Guild Warsကို သိတဲ့လူတော့ နည်းမယ် ထင်တယ်။ ၂၀၀၆ ခုနှစ်လောက်ကတော့ Guild Warsကို edition ပေါင်းများစွာ ထုတ်လုပ်ခဲ့ပါတယ်။ Editionပေါင်း ၆ခုကျော်လောက် ထုတ်ခဲ့ပြီးမှ အခု Guild Wars2အဖြစ် 2012မှာ ပြန်ထုတ်တာ ဖြစ်ပါတယ်။ 2010နဲ့ 2011 ကြားထဲမှာ ထွက်ဖြစ်မယ်လို့ ကြေညာပြီးခါမှ 2012ထဲ ကူးလာခဲ့တဲ့ ဂိမ်းပါ။ ၆နှစ်ကျော်လောက် ကွာဟသွားတဲ့ ဂိမ်းတစ်ခုဟာ အခု ပြန်ထွက်လာပြီဆိုတော့ ဘာတွေ ပြောင်းလဲမလဲပေါ့။ ဒီဂိမ်းကို developerအဖြစ် တာ၀န်ယူထားတာက ArenaNetကပါ။

သူတို့တွေ ဘယ်လို ပြင်ဆင်ထားလဲဆိုတာ Augustလထဲမှာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ အတိအကျကတော့ US dateနဲ့ဆို August 28, 2012 ရက်နေ့မှာ NCsoftက ဖြန့်ချိမှာ ဖြစ်ပါတယ်။ အရင်ထွက်ခဲ့တဲ့ seriesတွေနဲ့တော့ ကွဲပြားလာမှာ သေချာပါတယ်။ ဒီဂိမ်းကို PC versionနဲ့ ဆော့မယ်ဆိုရင် MMO(massively multiplayer online)အနေနဲ့ပါ ဆော့ကစားနိုင်မှာပါ။ Open-World ပုံစံမျိုး ကစားရမဲ့ RPG ဂိမ်းအမျိုးအစား ဖြစ်ပါတယ်။

လွန်ခဲ့သောနှစ် ၂၅၀လောက်က ပုံပြင်ဆန်တဲ့ ဒဏ္႑ာရီပုံစံမျိုးနဲ့ ဂိမ်းကို အစပြုထားပါတယ်။ ဒဏ္႑ာရီထဲက သူရဲကောင်းတွေ ဒဏ္႑ာရီထဲက နတ်ဆိုးတွေ တိုက်ခိုက်ကြတဲ့ ဂိမ်းပုံစံမျိုး ကစားရမှာ ဖြစ်ပါတယ်။ ဒီဂိမ်းထဲမှာ အဓိက ဇာတ်ကောင် ၈ယောက် ပါ၀င်ပါတယ်။ သူတို့တွေက သူရဲကောင်းတွေပါ။ Mesmer, Engineer, Thief, Guardian, Necromancer, Ranger, warrior, Elementalistစတဲ့ သူရဲကောင်း ၈ယောက်ကို စိတ်ကြိုက်ရွေးချယ် ကစားလို့ရမှာပါ။ သူတို့တွေထဲက တစ်ယောက်ကို ရွေးချယ်ကစားရမှာ ဖြစ်ပါတယ်။ ၇ ယောက်လုံးကလဲ သင့်နောက်က လိုက်ပါပြီး နတ်ဆိုးတွေကို တိုက်ခိုက်ပေးမှာ ဖြစ်ပါတယ်။ ဂိမ်းကစားနေစဉ် တလျှောက်လုံးကတော့ အန္တရာယ်တွေချည်း ရင်ဆိုင်နေရမှာ ဖြစ်ပါတယ်။ သူရဲကောင်း တစ်ယောက်ချင်းစီကိုလဲ သင့်စိတ်ကြိုက် edit လုပ်ပြီး ကစားနိုင်ပါသေးတယ်။ Mesmerရဲ့ လက်နက်က ဓားရှည်၊ Pistolရယ် မီးဒုတ်တွေနဲ့ တိုက်ခိုက်နိုင်မှာပါ။ Engineer လက်နက်က Pistol အဓိက ကိုင်ရမှာဖြစ်ပြီး ဒိုင်းတစ်လက်လဲ ပေးထားပါသေးတယ်။ Thiefက ဓားမြှောင်၊ Pistol ၊ ဓားရှည် စတဲ့ လက်နက်တွေနဲ့ တိုက်ခိုက်ရမှာ ဖြစ်ပါတယ်။

Heroတွေ အားလုံးကို သူတို့တွေနဲ့ လိုက်မဲ့ လက်နက်တွေ ပေးထားပါတယ်။ ၈ ယောက်လုံးက မတူညီတဲ့ charaterတွေနဲ့ မတူညီတဲ့ စွမ်းရည်တွေနဲ့ game designerက ဖန်တီးထားပါတယ်။ ဒီဂိမ်းက preview ပြောပြတာတောင ်နည်းနည်းရှုပ်မဲ့ ဂိမ်းပါ။ ကိုယ်ကိုယ်တိုင် ဆော့ကြည့်မှ ဘယ်လောက် မိုက်လဲဆိုတာ သေချာသိသွားမှာပါ။ ဂိမ်းရဲ့ သဘောက ကိုယ်ရွေးလိုက်တဲ့ hero တစ်ကောင်ဟာ လူပုံစံ လှုပ်ရှား တိုက်ခိုက်တာတွေ ရှိသလို ဒဏ္႑ာရီ သူရဲကောင်း ပုံစံမျိုးတွေနဲ့ပါ ကစားရမှာဖြစ်ပါတယ်။ Xbox 360, PS3, PC စတဲ့ Platformတွေမှာရှိတဲ့ gamerတွေ ကစားနိုင်အောင်လဲ ထုတ်ပေးထားပါတယ်။ ဒါကြောင့် Guild Wars 2ကို ဆော့ရင်းနဲ့ ဘာတွေ ကောင်းလဲဆိုတာ သိနိုင်အောင် game previewလေး ညွှန်းလိုက်ပါတယ်။

author-avatar

About Yahtar

အမည်ရင်းမှာ အောင်သက်ပိုင်ဖြစ်ပြီး Myanmar ICTတွင် Game Review, How To များကို ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *