Cameras, Review

အလင်းထိုးဖောက်နိုင်တဲ့ နည်းပညာပါ၀င်သော Sony SLT-A57K ကင်မရာအသစ်

Sony ကင်မရာများကို နှစ်သက် စွဲလမ်းစွာ အသုံးပြုနေကြတဲ့ ဓာတ်ပုံဆရာများအတွက် မိတ်ဆက်ပေးချင်တဲ့ ကင်မရာအသစ်ကတော့ Sony SLT-A57Kပဲ ဖြစ်ပါ တယ်။ ပြည်တွင်းဈေးကွက်ထဲကို ပြီးခဲ့သည့် ရက်သတ္တပတ် အတောအတွင်းကမှ ၀င်ရောက်လာတဲ့ Sony ကင်မရာသစ်လေးပဲ ဖြစ်ပါတယ်။ ဒီကင်မရာလေးက Sonyရဲ့ Alpha DSLR Seriesထဲက နောက်ဆုံးထွက် Seriesလေးပဲ ဖြစ်ပါတယ်။ Sony SLT-A57Kမှာ နည်းပညာများစွာကို ဆန်းသစ် တီထွင်ထားပါတယ်။ အဲဒါတွေကတော့ Translucent mirror technologyလို့ခေါ်တဲ့ အလင်းရောင် ထိုးဖောက်နိုင်တဲ့ နည်းပညာ ပါ၀င်ခြင်း၊ 16.1 Megapixels နှင့် BIONZ processorတို့ပဲ ဖြစ်ပါတယ်။

Key Feature

Sony SLT-A57Kက 16.1 MP ရှိတဲ့ Exmor APS HD CMOS Sensor ပါ၀င်ပြီး 18-55 mm ရှိတဲ့ Lens ပါ၀င်ပါတယ်။ Translucent mirror technology လှပတဲ့ ပုံရိပ်တွေကို ဖမ်းယူပေးနိုင်ပြီး 3D Sweep Panorama နည်းပညာက ရင်သပ်ရှုမောဖွယ် 3D ရှုခင်းအလှအပများကို ရိုက်ကူးပုံဖော်ရာမှာတော့ အဓိက ကျပါတယ်။ 3D TVနှင့်လည်း အဆင်ပြေစွာ ကြည့်ရှုနိုင်ပါတယ်။

အမြင့်မားဆုံး ရိုက်ကူးနိုင်တဲ့ စွမ်းရည်ရှိ

12 fps tele-zoom high speed shooting ဖြစ်တဲ့အတွက် အရှိန်နဲ့ ရွေ့လျားနေတဲ့ ပုံရိပ်တွေကို အနီးကပ်ဖမ်းယူနိုင်ပြီး တစ်မိနစ်ကို 12 Framesနှင့်အထက် ရိုက်ကူးနိုင် ပါလိမ့်မယ်။ သူ့မှာ ပါ၀င်တဲ့ Tele-zoom Continuous Advance Priority AE စနစ်က အေ၀းက လှုပ်ရှားနေတဲ့ ပုံရိပ်ကို ကြည်ကြည်လင်လင် ဖမ်းယူနိုင်ဖို့အတွက် အထောက်အပံ့ပေးပါတယ်။

3 Cross Sensorကို သုံးထား

ပုံရိပ်တွေကို အနုစိတ် ပုံဖော်တဲ့နေရာမှာ နာမည်ကြီးတဲ့ Sonyရဲ့ 15-points AF systemက ပုံတွေကို Auto Focus လုပ်တဲ့နေရာမှာ သေချာတိကျပါတယ်။ 3 Cross Sensorကို အသုံးပြုထားတဲ့အတွက် အလင်းရောင် အားနည်းတဲ့ နေရာမှာ လှုပ်ရှားနေတဲ့ ပုံရိပ်တွေကို ရိုက်ကူးရင်တောင်မှ တိကျတဲ့ပုံကို ဖမ်းယူပေးနိုင်ပါ တယ်။ နောက်ပြီး Wide, Zone, Spot or Local စတဲ့ AF စနစ်တွေကို လိုအပ်ရင် လိုအပ်သလို ချိန်ညှိ အသုံးပြုနိုင်ပါသေးတယ်။

ISO Range

ISO Rangeက 100-16000 ရှိတဲ့အတွက် High Sensitivity ဖြစ်တဲ့ ကင်မရာတစ်လုံး ဖြစ်ပါတယ်။ အသုံးပြုထားတဲ့ ကြီးမားတဲ့ Exmor APS HD CMOS sensorက အလွန်မြင့်မားတဲ့ Sensitivity rangeကို ပေးစွမ်းနိုင်ပါတယ်။ အလင်းရောင်အောက်မှာတော့ ISO Rang 100-3200အထိ အသုံးပြုနိုင်ပြီး အလင်းရောင် အားနည်းတဲ့နေရာမှာတော့ ISO Range 16000နှင့်အထက် အသုံးပြုနိုင်မှာပါ။ Noise Levels အနည်းဆုံးနှင့် အလင်းအမှောင်နှင့် အရောင်အတက်အကျကို သဘာ၀ အတိုင်း ဖော်ဆောင်ပေးနိုင်ပါတယ်။ အဲဒီအချက်ကြောင့် Sony SLT-A57K က Indoor ရိုက်ကူးတဲ့အခါ အကောင်းဆုံး ရလဒ်ကို ပေးစွမ်းနိုင်ပါတယ်။

Full HD Movie ရိုက်ကူးနိုင်

Full HD Movieတွေ ရိုက်ကူးတဲ့နေရာမှာလဲ phase-detection auto focusing လုပ်တဲ့နေရာမှာ full-time continuous အလုပ် လုပ်ပေးနိုင်ပါတယ်။ Lensတွေ ပြောင်းလဲ တပ်ဆင်လို့ရတဲ့ ကင်မရာအများစုက Lens ပြောင်းလိုက်ပြီဆိုတာနဲ့ Full HD ရိုက်ကူးနိုင်ဖို့အတွက် contrast-detection AF စနစ်မှာ သွားရောက် ပြောင်းလဲရပါတယ်။ အခု A57Kမှာတော့ ပြောင်းလဲစရာ မလိုဘဲ ရွေ့လျားနေတဲ့အရာတွေကို ရှင်းလင်းမြန်ဆန်စွာ ရိုက်ကူးနိုင်ပါလိမ့်မယ်။

၀ယ်ယူနိုင်မည့်နေရာ

Sony SLT-A57K ကင်မရာအသစ်ကို စိတ်၀င်စားပြီး ၀ယ်ယူချင်တယ်ဆိုရင်တော့ ဈေးနှုန်း ကျပ် ၈၁၅,၀၀၀ ၀န်းကျင်ဖြင့် Sony Show Room (Bo Aung Kyaw) ဖုန်း 01-398-566သို့ ဆက်သွယ်၀ယ်ယူနိုင်ကြောင်း သိရှိရပါတယ်။

Full Specifications

» Full-time Continuous AF enabled by Translucent Mirror Technology
» 16.1 MP Exmor APS HD CMOS sensor
» BIONZ image processor
» High-speed 12 fps continuous shooting
» 3D Sweep Panorama
» 15-point AF system with 3 cross sensors
» Full HD Movie at 60p (50p)
» 18-55mm zoom lens Lens
» Weight : 210g
» Aperture (Max) : f/3.5 – 5.6
» Aperture (Min) : f/22 – 36
» 3.0” TFT Xtra Fine LCD (921,600 pixels) w/TruBlac technology
» Up to 12 fps Tele-Zoom High Speed Shooting

Leave a Reply

Your email address will not be published. Required fields are marked *