Gaming, Review

Borderlands 2

စက်တင်ဘာလထဲမှာ ထွက်မဲ့ ဂိမ်းတွေထဲက Action/Rpg ဂိမ်းအမျိုးအစားဖြစ်တဲ့ Borderlands 2ကို 2k Gamesက ထုတ်တော့မှာဆိုတော့ ဘယ်လို ပုံစံမျိုးဖြစ်မလဲ ဆိုတာ preview အနေနဲ့ လေ့လာကြည့်ကြရအောင်ဗျာ။ 2ဆိုမှတော့ 1ထွက်ထားပြီးပြီပေါ့ဗျာ။ 1နဲ့ 2က နှစ်အနည်းငယ် ကွာတယ်ဗျ။ အခု Borderlands 2ကတော့ ထွက်ခဲ့ပြီးသား ပုံစံမျိုးဆိုပေမဲ့ ပြောင်းလဲမှုတွေတော့ ရှိပါတယ်။ အရင် series တွေတုန်းက ဘယ်လို ပုံစံတွေဘဲ ဖြစ်ဖြစ် နောက်ထွက်မဲ့ seriesတွေမှာ မတူအောင် ပုံစံပြောင်းလဲပေးထားတာက series အလိုက်ထွက်တဲ့ ဂိမ်းတွေရဲ့ ထုံးစံပါဘဲ။ အရင်ပုံစံတွေနဲ့ မတူမှလဲ ဆော့ရတာ ပိုမိုက်မှာပေါ့။ 2k Games က Borderlands ကို အခုမှ 2အနေနဲ့ ထုတ်တာဆိုတော့ 1 ရဲ့ လိုအပ်ချက်တွေကို ပြင်ဆင်ထားတယ်ဆိုတာ သေချာပါတယ်။ ဂိမ်းတစ်ခုလုံးက 2D ပုံစံဖြစ်နေတာကြောင့် graphic မလန်းတာကလွဲရင် ပြောစရာမရှိလောက်တဲ့ ဂိမ်းတခုပါ။ ဒီဂိမ်းရဲ့ developerတွေဖြစ်ကြတဲ့ (Gearbox software) developer ကြီးတွေကလည်း ဇာတ်ကောင်တွေ ဂိမ်းရဲ့ အသွင်အပြင်တွေကို ပြုပြင်မွမ်းမံ ပေးထားကြတယ်ဆိုတော့ Borderlandsက ပိုလန်းသွားတာပေါ့။ Borderlands ရဲ့ Release Date က September 18, 2012 ရက်နေ့ ဖြစ်ပါတယ်။

ဂြိုလ်ကမ်ဘာတစ်ခုမှာ ဂြိုလ်သားတွေနဲ့ စက်ရုပ်တွေကို နှိမ်နှင်းရတဲ့ ဇာတ်လမ်းမျိုး ဖြစ်ပါတယ်။ ဂြိုလ်သားတွေ စက်ရုပ်တွေကို နှိမ်နှင်းနေတဲ့ ဇာတ်ကောင် ၄ ယောက်ထဲမှာ ပါ၀င် ဆော့ကစားရမှာ ဖြစ်ပါတယ်။ နယ်မြေတွေ လုရင်းနဲ့ စစ်တွေဖြစ်ကြတဲ့ ဂိမ်းပုံစံမျိုးပေါ့။ Salvador, Maya, Axtonနဲ့ Zeroဆိုတဲ့ fighter ကြီး လေးယောက်က အဲ့ဒီဂြိုလ်ပေါ်မှာ ရှိနေတဲ့ ဂြိုလ်သားတွေနဲ့ စက်ရုပ်တွေကို နှိမ်နင်းဖို့အတွက် လွှတ်ထားတဲ့ အထူး commandoတွေပေါ့။  သူတို့တွေက တစ်ယောက်တစ်မျိုးစီ စွမ်းကြတဲ့အတွက် လက်နက်တွေကိုလဲ သူတို့နဲ့ လိုက်ဖက်တဲ့ လက်နက်တွေ ဆင်ပေးထားပါတယ်။ Salvadorက အကောင်ကြီးကြီး ခပ်တောင့်တောင့် လူကြမ်းပုံစံကြီးပါ။ သူရဲ့ လက်နက်က စက်သေနတ်ပါ။ တစ်ချို့အခန်းတွေမှာဆို သေနတ် ၂လက်ကို တပြိုင်တည်း ကိုင်ပြီး ဖိုက်ပါသေးတယ်။ Mayaက မိန်းကလေးဆိုတော့ သူရဲ့ လက်နက်က ရန်သူကို ညှို့ ပြီးတိုက်ခိုက်တာပါ။ ရန်သူတွေကို ချုပ်ပြီး တစ်ခြား commandoတွေကို supportလုပ်ပေးထားတဲ့ ပုံစံမျိုးပေါ့။ ဒါပေမဲ့ Mayaက သေနတ်ကိုင်ပြီး တိုက်ခိုက်နိုင်ပါသေး တယ်။ Axtonကတော့ သေနတ်နဲ့ဘဲ တစ်ချိန်လုံး ပစ်နေတဲ့ စစ်သားပုံစံမျိုးပေါ့။ Zeroကတော့ ဓားသမားပုံစံ မျက်နှာဖုံးနဲ့ပါ။ အဲ့ဒီမှာ ပါ၀င်ကစားရမှာဖြစ်ပြီး ကျန်တဲ့ သုံးယောက်က သင်နဲ့အတူ ကစားနေစဉ်တစ်လျှောက်လုံး လိုက်ပါ တိုက်ခိုက်နေမှာ ဖြစ်ပါတယ်။ ရန်သူတွေက ဂြိုလ်သားတွေ စက်ရုပ်တွေအပြင် ငှက်ပုံစံ ပျံသန်းနိုင်တဲ့ ကောင်တွေကိုလည်း တိုက်ခိုက်ရဦးမှာဆိုတော့ အနည်းငယ်တော့ ခက်ပါတယ်။

တစ်ခန်းနဲ့ တစ်ခန်းကတော့ ဆော့ရင်း ပိုပိုကြမ်းလာမှာပါ။ ဂြိုလ်သတ္တဝါတွေကို အမုန်းစွဲရမဲ့ Borderlands 2မှာ ဇာတ်ကောင်တွေက ပိုမိုမြန်ဆန်ပြီး အန္တရာယ်တွေ ပိုများလာတာကိုပါ တွေ့ရမှာပါ။ သေနတ်ပစ်တာတွေ ကျည်ကုန်ရင် ကျည်ပြန်ဖြည့်တာတွေကအစ လျှင်မြန်အောင် လုပ်ပေးထားတော့ ရန်သူတွေကို ကြိုက်သလို နှိမ်နင်းသွာနိုင်မှာ ဖြစ်ပါတယ်။ Xbox 360, PlayStation 3, PCတို့မှာပါ ကစားလို့ရအောင် platformတွေအစုံ ထုတ်ထားတယ်ဆိုတော့ platformအစုံက gamerတွေအတွက် ပိုမိုက်တာပေါ့။ ဒါကြောင့် ဂြိုလ်သားတွေနဲ့ အမုန်းစွဲ ဗုံးကြဲချင်ကြတဲ့ gamer တွေအတွက်ကတော့ စက်တင်ဘာလထဲမှာထွက်မဲ့ Borderlands 2ကို စောင့်နေရုံပါဘဲ။

author-avatar

About Yahtar

အမည်ရင်းမှာ အောင်သက်ပိုင်ဖြစ်ပြီး Myanmar ICTတွင် Game Review, How To များကို ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *