News

ကိုယ်ရေးလက်ထောက် Google Now ကို Desktop Chrome Browser မှာ သုံးနိုင်ပြီ

Google က စမတ်ဖုန်း ၊ တက်ဘလက် တွေမှာ ထည့်သွင်းပေးထားတဲ့ ကိုယ်ရေးလက်ထောက် Google Now ကို Desktop Browser မှာ အသုံးပြုနိုင်အောင် ထည့်သွင်းပေးလိုက်ပါပြီ။ Google က Desktop Browser အတွက် Google Now ကို အချိန်ကြာမြင့်စွာ ကတည်းက တီထွင်နေတာဖြစ်ပါတယ်။ Chrome ရဲ့ နောက်ဆုံး ဗားရှင်းမှာ စမတ်ဖုန်း မှာမြင်တွေ့ရတဲ့ Google Now Cards တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ရာသီဥတု အခြေအနေ၊ အားကစားပွဲရလဒ်၊ Reminders စတာတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ သတင်းအချက်အလက် အချို့ဟာ စမတ်ဖုန်း ရဲ့ တည်နေရာ ကို အခြေခံဖော်ပြတာဖြစ်တယ်လို့ Google က ပြောတဲ့အတွက် ကွန်ပြူတာ နဲ့ စမတ်ဖုန်း ဟာ တည်နေရာ မတူညီရင် သိပ်ပြီး အသုံး၀င်မှာ မဟုတ်ဘူးလို့ ကျွမ်းကျင်သူက သုံးသပ်ပါတယ်။ Google က Google Now ကို ပြီးခဲ့တဲ့လ က ထုတ်လုပ်ပေးလိုက်တဲ့ Chrome Beta Version မှာ အရင်ဆုံး ထည့်သွင်းပေးလိုက်တာဖြစ်ပါတယ်။

Google Now Card တွေဟာ Chrome Notification Center မှာ ပေါ်မှာဖြစ်ပါတယ်။ Windows သို့မဟုတ် OS X ပေါ်မူတည်ပြီး အောက် နဲ့ အပေါ်နေရာများမှာ ဖော်ပြမှာ ဖြစ်ပါတယ်။ Notification Center မှာ Gmail, Google Drive နဲ့ Hangouts တို့က အချက်ပေးမှုတွေကို ပြသဖို့ Configure ပြုလုပ်နိုင်ပါတယ်။ Google က Google Now ကို Desktop မှာ ထည့်သွင်းပေးလိုက်ပြီဖြစ်ပြီး လာမယ့် ရက်သတ္တပတ်များ မှာ ပြီးမြောက်အောင် ပြုလုပ်ပေးမယ်လို့ ပြောပါတယ်။ မစောင့်ဆိုင်းချင်သူများ က Chrome://flags ကို သွားပြီး Google Now ကို Enable ပြုလုပ်နိုင်ပါတယ်။

Ashampoo_Snap_002_

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *