News

Samsung ရဲ့ Galaxy Note Pro 12.2 ကို အမေရိကန်တွင် ရောင်းချ

Samsung ရဲ့ Tablet အသစ်ဖြစ်တဲ့ Galaxy Note Pro 12.2 ကို အမေရိကန်နိုင်ငံတွင် ဒီလထဲတွင် ရောင်းချမှာဖြစ်ပြီး စျေးနှုန်းကတော့ မြင့်မှာ ဖြစ်ပါတယ်။ 64GB ရှိတဲ့ အနက်ရောင် Tablet ကိုကြိုတင်မှာယူနိုင်ပြီး ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ဒေါ်လာ 849.99 ဖြင့်ရောင်းချမှာ ဖြစ်ပါတယ်။

Galaxy Note Pro 12.2 မှာ Samsung ရဲ့ နောက်ဆုံးထုတ် Tablet များထဲမှာ တစ်ခုအပါအ၀င် ဖြစ်ပါတယ်။ 12.2 လက်မ Touch Screen Display တပ်ဆင်ထားပြီး 2,560×1,600 Resolution ပါရှိပါတယ်။ Android 4.4 KitKat ဖြင့် မောင်းနှင်လည်ပတ်မှာ ဖြစ်ပြီး Quad-Core Processor တပ်ဆင်ထားပါတယ်။ အရှေ့ကင်မရာ 2-megapixel နှင့် အနောက်ကင်မရာ 8-megapixel တပ်ဆင်ထားပါတယ်။ Bluetooth, Built-in speakers, S-Pen Stylus တို့ ပါရှိပါတယ်။

Galaxy Note Pro 12.2 မှာ စွမ်းဆောင်ရည်မြင့်ပြီး ရုပ်ထွက်ကောင်းမွန်သော မျက်နှာပြင်တပ်ဆင်ထားပါတယ်။ စျေးနှုန်းမြင့်မားတဲ့ Tablet ဖြစ်သောကြောင့် ၀ယ်ယူသူများအနေဖြင့် စဉ်းစားစရာ.ဖြစ်စေပါတယ်။

Samsung က Galaxy Tab Pro အမျိုးအစား တက်ဘလက်များကိုလည်း မကြာမီက ထုတ်ဖော်ပြသခဲ့ပြီး အဆိုပါ Tablet များမှာ 12.2 လက်မ၊ 10.1 လက်မ နှင့် 8.4 လက်မ တို့ ဖြစ်ပါတယ်။ အဆိုပါ Tablet များရဲ့ရောင်းချမယ့်ရက်နဲ့ စျေးနှုန်းကိုတော့ ကြေငြာထားခြင်းမရှိသေးပါ။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *