How-to

Chrome ရဲ့ Desktop Apps များ

Google က Chrome Web Store မှာ Package Apps တွေကို မကြာမီက စတင်မိတ်ဆက်ခဲ့ပါတယ်။ Web Apps တွေကို Desktop Apps အနေနဲ့သုံးလို့ရလာတာဖြစ်ပါတယ်။ဒီဆောင်းပါးမှာ Chrome Packaged Apps တွေထဲက ကောင်းတဲ့ Apps တစ်ချို့ကို ဖော်ပြလိုက်ပါတယ်။

What Are Chrome Packages Apps?

Chrome Packaged Apps ဆိုတာကတော့ Web Apps တွေကို Desktop Apps အနေနဲ့သုံးလို့ရလာတာဖြစ်ပါတယ်။တစ်ခြား Web Apps တွေ နဲ့ မတူတဲ့အချက်က Offline အသုံးပြုလို့ရတာဖြစ်ပြီး Web Apps တွေကို သင့်ကွန်ပြူတာမှာအင်စတောလုပ်ပေးထားတာပါ။တစ်ချို့Apps တွေအသုံးပြုဖို့တော့ Internet ရှိမှ Function ပြည့်ပြည့်၀၀သုံးနိုင်မှာပါ။

2

Google Hangouts
Google Talk လို မျိုး Desktop မှာသုံးလို့ရမယ့် Google Hangouts ဖြစ်ပါတယ်။Browser ကိုအသုံးပြုနေရင်လည်း Hangouts ကို Browser အပေါ်ကနေ သုံးလို့ရပါတယ်။အဲဒီအတွက်ဘယ်၀က်ဆိုက်ကိုကြည့်နေနေ Hangouts ကိုသုံးလို့ရမှာပါ။Mobile Phone တွေက Hangouts နဲ့လည်း Message တွေ Sync လုပ်ပေးမှာဖြစ်ပါတယ်။

Any.DO
Any.DO ကတော့ to do list app ဖြစ်ပြီး Mobile Device တွေ အတွက်လည်း Apps တွေ ရှိပါတယ်။ အလုပ်တွေလုပ်ဖို့မှတ်သားထားနိုင်ပြီး Device အားလုံးမှာ Sync လုပ်နိုင်ပါတယ်။

Wunderlist
Wunderlist က အင်တာနက်ကဆောင်းပါးတွေကို နောက်မှဖတ်ဖို့သိမ်းပေးထားနိုင်တဲ့ Read Later app တစ်ခုဖြစ်ပါတယ်။

Google Keep
Google ရဲ့ Note မှတ်တဲ့ App ဖြစ်ပြီး Mobile Device တွေအတွက်လည်း App တွေ ရှိပါတယ်။ Note တွေမှတ်သားနိုင်ပြီး Device တွေ မှာ Sync လုပ်နိုင်ပါတယ်။

Pocket
Pocket ကလည်း Wunderlist လို ပဲ အင်တာနက်ကဆောင်းပါး၊ပုံတွေ၊ ဗီဒီယိုတွေကိုနောက်မှဖတ်ဖို့သိမ်းပေးထားနိုင်ပါတယ်။ Pocket အသုံးပြုနည်းကို ရေးပေးထားပြီး ဒီဆောင်းပါး မှာဖတ်ပါ။

Remo
Remo က Music Player ဖြစ်ပြီး သင့်ကွန်ပြူတာက သီချင်းတွေကိုနားထောင်လို့ ရပါတယ်။ Remo ကို သင့် Smart Phone နဲ့လည်း Control လုပ်နိုင်ပါတယ်။

အခုဖော်ပြလိုက်တဲ့ Chrome Packaged Apps တွေဟာအနည်းငယ်ပဲရှိတာဖြစ်ပြီး Chrome Web Store က For Your Desktop section မှာ အများကြီးရှိပါသေးတယ်။
Checkout Chrome Packaged Apps

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *