News

KMD (ပန်းဆိုးတန်း/မြေနီကုန်း) စင်တာမှ တရုတ်နှစ်သစ်ကူး အကြို အထူးဈေးရောင်းပွဲ ကျင်းပမည်

kmd-chinese-new-year

KMD Sales Centre (ပန်းဆိုးတန်း/မြေနီကုန်း)တွင် ၂၀၁၃ခုနှစ် ဖေဖော်ဝါရီ (၃)ရက် မှ (၁၄)ရက်နေ့အထိ တရုတ်နှစ်သစ်ကူး အကြို အထူးဈေးရောင်းပွဲ ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်းသိရသည်။အဆိုပါ ဈေးရောင်းပွဲတွင်ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်းများကိုအထူးလျှော့ဈေးများဖြင့် ရောင်းချပေးသွားမည့်အပြင် ဗလာမပါ ငွေသား ကံစမ်းမဲများကိုလည်း ကံစမ်းနိုင်မည် ဖြစ်ကြောင်းသိရသည်။ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်းများအတွက် အများဆုံး(၅%)မှ(၂၀%)အထိလျှော့ချရောင်းပေးသွားမည် ဖြစ်ပြီး၊ Notebook,Desktop All in One PC, Apple(iMac,Macbook,New iPad,iphone5)၀ယ်ယူသူများအတွက် လက်ငင်းကံစမ်းနိုင်မယ့် ဗလာမပါငွေသားကံစမ်းမဲများကို တရုတ်နှစ်ကူးဈေးရောင်းပွဲအတွင်း နေ့စဉ် ကံစမ်းနိုင်မည် ဖြစ်ကြောင်းသိရသည်။

လျှော့ဈေးများ အနေဖြင့် Toshiba-C800 (B960) Notebook ကို (၃၄၅,၀၀၀)ကျပ်ဖြင့် လည်းကောင်း၊ External HDD (FreeCom)ကို (၅၃,၀၀၀)ကျပ်၊Microlab M-111 Speaker ကို (၁၅,၀၀၀)ကျပ်၊650VA Prolink UPSကို (၂၉,၀၀၀)ကျပ် အစရှိသောပစ္စည်းများကို ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။ Lenovo Notebook G480 ကို USD 509 ဈေးနှုန်းဖြင့် တရုတ်နှစ်ကူး အတွင်းသာ ၀ယ်ယူ ရရှိနို်င်မည် ဖြစ်ပြီး G480 ၀ယ်ယူသူများအတွက် Antivirus Software ကို Free ပေးသွားမည် ဖြစ်သည်။ ဒါ့အပြင် KMD Apple၏ အထူး အစီအစဉ်တွင် ipod Touch, iPod Nano, Shuffle, ipad4 များပေါ်တွင် မိမိစိတ်ကြိုက် စာသားလေးများ ရေးထိုးထားနိုင်ပြီး၊ စာသား ရေးထိုးချင်သူများမှာ ဖေဖော်ဝါရီ (၇)ရက်နေ့ နောက်ဆုံးထားပြီး Orderမှာယူနိုင်ကြောင်း သိရသည်။

ချစ်သူများနေ့တွင် ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်းများ ၀ယ်ယူသောချစ်သူစုံတွဲများအတွက် Valentine Day လက်ဆောင်များကိုလည်း ပေးသွားမည်ဖြစ်ကြောင်းသိရသည်။KMD Mobile တွင်လည်း Phone Brand မျိုးစုံနှင့် ဆက်စပ်ပစ္စည်းများကို အထူးနှုန်းထားဖြင့် ရောင်းချပေးသွားမည့်အပြင်၊ခု၀ယ် ခုပေါက် ဗလာမပါကံစမ်းမဲများကိုလည်း ရရှိမည် ဖြစ်သည်။KMD Sales Centre၏ အထူးလျှော့ဈေး အစီအစဉ်များကို အစိုးရ ရုံးပိတ်ရက်များအတွင်း အမြဲတမ်း ပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။အသေးစိတ် သိလိုပါက ဖုန်း- ၂၄၅-၁၈၀၊ ၃၈၅-၁၇၇၊ ၃၇၃-၀၂၆၊ ၅၀၃-၅၁၁၊ ၅၀၃-၅၂၂ သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *