How-to

Windows 8 မှာ ပိတ်ထားတဲ့ Administrator Account ပြန်ဖွင့်ချင်ရင်

windows8-logo

Windows 8 မှာဆိုရင် Default အနေနဲ့ Administrator Account ကို Desable လုပ်ထားပါတယ်။ အဲဒီ Administrator Account Disable လုပ်ထားတဲ့အတွက် အချို့ Program တွေ Software တွေကို Install လုပ်တာတို့ ပြန်ဖြုတ်တာတို့ ပြုလုပ်မယ်ဆိုရင် Error တက်တတ်ပါတယ်။ Administrator Account နဲ့ Log on ဝင်ပြီးမှ Install လုပ်တာတို့ ပြန်ဖြုတ်တာတို့ကို ပြုလုပ်လို့ ရပါတယ်။ အဲဒါကြောင့် Administrator Account ကို Disable ဖြစ်နေလို့ Enable လုပ်ချင်တယ်ဆိုရင် အလွယ်ဆုံး နည်းလမ်းသုံးမျိုး ရှိပါတယ်။ အဲဒီနည်းသုံးမျိုးနဲ့အတူ အလွယ်တစ်ကူ ပြုလုပ်နိူင်ပါတယ်။

(1)ပထမတစ်နည်းကတော့ Local Users and Groups ကနေ လုပ်ရမှာ ဖြစ်ပါတယ်။

 

windows8-setp-1

windows8-setp-1

ပထမဆုံး Local User and Groups ထဲကို သွားဖို့အတွက် My Computer ကို Right Click နှိပ်ပြီး Manages ထဲကိုသွားပါ။ Computer Manages Box ကျလာရင် Local User and Group >> User >> Administrator Account ပေါ်မှာ Right Click နှိပ်ပြီး Properties ထဲကိုသွားပါ။ ပြီးရင် Account is Disable ဆိုတဲ့ Check box က အမှန်ခြစ်လေးကို ဖြုတ်ပေးလိုက်ပါ။ ပြီးပြီဆိုရင် Computer ကို Log off လုပ်လိုက်ပါ။ Administrator Account ပါ တွေ့ရပါလိမ့်မယ်။

(2) နောက်ထပ်တစ်နည်းကတော့ Command Prompt ကနေ ပြုလုပ်ရမှာပါ။

windows8-setp-2

windows8-setp-2

 

Administrator Account ကို Command Prompt ကနေ Enable လုပ်ချင်တယ်ဆိုရင် အရင်ဆုံး Windows 8 ရဲ့ Start Screen ပေါ်မှာ Right Click နှိပ်ပြီး All Apps ကိုသွားပါ။ Windows System အောက်က Command Prompt ကို Select ပေးပြီး အောက်ဘား မှာရှိတဲ့ Run as Administrator ကိုနှိပ်ပါ။ Administrator Command Prompt ပေါ်လာရင် Net User Administrator /active:yes ကိုရိုက်ပြီး Enter နှိပ်လိုက်ပါ။

အဲဒါဆိုရင် Administrator Account ကို Enable လုပ်လို့ရပါပြီ Disable ပြန်လုပ်ချင်တယ်ဆိုရင် Net User Administrator /active:no လို့ရိုက်ပြီး Enter နှိပ်လိုက်ရင် ရပါပြီ။

(3 ) နောက်ဆုံးနည်းကတော့ Local Security Policy ထဲက လုပ်ရမှာ ဖြစ်ပါတယ်။

windows8-setp-3

windows8-setp-3

Local Security Policy ကနေ Administrator Account ကို Enable လုပ်ချင်တယ်ဆိုရင် အရင်ဆုံး Control Panel ထဲကိုသွားပါ။ Control Panel ထဲကိုရောက်ရင် Administrative Tools ထဲက Local Security Policy ထဲကိုဝင်ပါ။ Local Security Policy Windows ကျလာရင် Local Policies အောက်က Security Options ကို ဖွင့်ပါ။ ပထမဆုံးတွေ့ရတဲ့ Accounts: Administrator Account Status ကို Double Click နှိပ်ပြီး Enable လုပ်ပေးလိုက်ရင် ရပါပြီ။

author-avatar

About Min Khant

အမည်ရင်းမှာ ခန့်ကျော်ဆွေဖြစ်ပြီး Myanmar ICT ဂျာနယ်တွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *