Education, Lifestyle, News

Nanyang Institute of Management (Singapore) တွင် သွားရောက်ပညာသင်လိုသူများအတွက် KMD မှ အခမဲ့ ဝန်ဆောင်မှုများပေးမည်။

Nanyang Institute of Management (Singapore) တွင် သွားရောက်ပညာသင်လိုသူများအတွက် KMD မှ အခမဲ့ ဝန်ဆောင်မှုများပေးမည်။

KMD Yangonမှ ပေးပို့လာသောသတင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Nanyang Institute of Management (Singapore) သည် Singapore Government အသိအမှတ်ပြု Singapore Quality Class (SQC-PEI)၊ Edu Trust Provisional Certificate, ISO 9001:2008 Certificate နှင့် Singapore SME 1000 Award တို့ကိုရရှိထားသော ကျောင်းတစ်ခုဖြစ်ပါသည်။

Nanyang Institute of Management တွင် Business, Tourism and Hospitality, Early Childhood Education, Language, Engineeringစသည့်ဘာသာရပ်များမှ မိမိစိတ်ဝင်စားသောဘာသာရပ်များကိုCertificate level မှစ၍ တက်ရောက်နိုင်ပါသည်။ ထို့အပြင် Nanyang Institute of Management ၏ “NIM City Campus” သည် Singapore နိုင်ငံ၏ စီးပွားရေးလုပ်ငန်းအများစု တည်ရှိရာနေရာတွင် ရှိသောကြောင့် ကျောင်းသား/သူများ ကျောင်းပြီးပါက အလုပ်အကိုင်ရှာဖွေရာတွင် ပိုမိုလွယ်ကူစေမည် ဖြစ်ပါသည်။ ထို့အပြင် UK, Australia နိုင်ငံရှိ တက္ကသိုလ်ကြီးများနှင့် ချိတ်ဆက်ကာ ၎င်းတို့၏ သင်ကြားမှုပုံစံအတိုင်း သင်ကြားပေးမည်ဖြစ်သောကြောင့် ကုန်ကျစရိတ်သက်သာစွာဖြင့် နိုင်ငံတကာအဆင့်မှီ ပညာရပ်များကို သင်ယူလေ့လာနိုင်မည်ဖြစ်ပါသည်။
Nanyang Institute of Management သို့ တက်ရောက်ရန်အတွက် IELTS ရမှတ် (သို့မဟုတ်) ၎င်းအမှတ်နှင့် ညီမျှသည့် English Test Result ရှိထားရန် လိုအပ်ပါသည်။ အကယ်၍ သတ်မှတ်ထားသော English Requirement မပြည့်မှီပါကNanyang Institute of Management မှ ဖွင့်လှစ်သော General English Course များမှတဆင့် သက်ဆိုင်ရာ Program များသို့ တိုက်ရိုက်တက်ရောက်နိုင်ပါသည်။
Nanyang Institute of Management (Singapore) နှင့်ပတ်သက်၍ အသေးစိတ်သိလိုသူများသည် www.nanyang.edu.sg တွင် ဝင်ရောက်လေ့လာနိုင်သကဲ့သို့၊ စုံစမ်းမေးမြန်းလိုသူများနှင့် ကျောင်းလျှောက်ထားလိုသူများသည် KMD Computer Centre (Overseas Studies Counseling Service) အမှတ် ၁၇၄-၁၈၂၊ ပန်းဆိုးတန်းလမ်း(အလယ်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း- ၃၈၁-၀၃၅၊ ၃၈၁-၇၇၆၊ ၃၈၁-၁၂၉ သို့ ဆက်သွယ်မေးမြန်း နိုင်ပါသည်။

 

 

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *