Featured, News

အင်တာနက်ကို ဖြတ်တောက်နိုင်တဲ့ နည်း ဆယ်နည်း

အင်တာနက်ကို ဖြတ်တောက်နိုင်တဲ့ နည်း ဆယ်နည်း

အင်တာနက်ကို ဖြတ်တောက်နိုင်တဲ့ နည်းများစွာ ရှိပါတယ်။ နာမည်ကြီး မော်ဒယ်၊ သရုပ်ဆောင် Kim Kardashianရဲ့ ဓါတ်ပုံတွေကိုတော့ အသုံးပြုလို့မရပါဘူး။

အင်္ဂါနေ့မှာ မြောက်ကိုရီးယားနိုင်ငံမှာ အင်တာနက် ဆယ်နာရီ ပြတ်တောက်သွားခဲ့ပါတယ်။ အမေရိကန်က Sony Picturesကို ဟက်ခဲ့လို့ တန်ပြန်တိုက်ခိုက်လိုက်ပုံပေါ်ပါတယ်။

ခွဲခြမ်းစိတ်ဖြာသူတွေက အင်တာနက်ပြတ်တောက်မှုကို စုံစမ်းနေတုန်းပါပဲ။

အင်တာနက် လုံခြုံရေး ကုမ္ပဏီCloudflareမှ Matthew Princeက နိုင်ငံတစ်နိုင်ငံဟာ အင်တာနက် ချိတ်ဆက်မှုများလေလေ ဖြတ်တောက်ဖို့ခက်လေလေလို့ ပြောပါတယ်။

အင်တာနက်ချိတ်ဆက်မှုများတဲ့ ဩစတြေးလျလိုနိုင်ငံမှာဆိုရင်တော့ ချိတ်ဆက်ထားမှုကို လုံး၀ဖြတ်တောက်လိုက်ဖို့ မဖြစ်နိုင်ပါဘူး။

ဒါပေမယ့် မကြာခဏဆိုသလို ပမာဏများစွာ အင်တာနက် ပြတ်တောက်မှုတွေ ရှိနေပါတယ်။ အကြောင်းအရင်းတွေကလည်း များပါတယ်။

နိုင်ငံတစ်နိုင်ငံရဲ့ အင်တာနက်ကို ဘယ်လိုဖြတ်တောက်နိုင်သလဲဆိုတာ ဖော်ပြလိုက်ပါတယ်။

၁။ တိုက်ခိုက်ပါ။

နိုင်ငံတစ်နိုင်ငံရဲ့ အင်တာနက်ကို ဖြတ်တောက်ဖို့ တစ်နည်းက Denial-of-Service Attackပါ။ အဲလိုနည်းက နိုင်ငံရဲ့ ဆက်သွယ်မှု အခြေခံအဆောက်အဦးရဲ့ အဓိက Router တွေကို ကိုယ်တွယ်နိုင်တာထက် ပိုမိုတဲ့ ၀န်ကို ပေးလိုက်တာပါ။ ဒီလိုလုပ်ဖို့ တိုက်ခိုက်သူဟာ ပစ်မှတ်ထက် ကွန်ရက် ပမာဏ ပိုမိုကြီးမာဖို့လိုပါတယ်။

Malicious Softwareကူးစက်နေတဲ့ Botnetsတွေဟာ ဟက်ကာတွေရဲ့ ပမာဏကို တိုးတက်ဖို့ Denial-of-Service Attackမှာ အသုံးပြုလေ့ရှိပါတယ်။

ပြီးခဲ့တဲ့နှစ်မှာ ဒီတိုက်ခိုက်မှုအမျိုးအစားတစ်ခုဟာ တရုတ်ဒိုမိန်း “.cn” (.com.auရဲ့ တရုတ်ဗားရှင်း) နဲ့ မှတ်ပုံတင်ထားတဲ့ ၀က်ဆိုက်အားလုံးကို ဖြတ်တောက်ပစ်ခဲ့ပါတယ်။ ၂၀၁၄မှာ ဩစတြေးလျ လောင်းကစား အေဂျင်စီကို တိုက်ခိုက်မှုက ဆစ်ဒနီရှိ Telstra, Adelaideရဲ့ တစ်စိတ်တစ်ပိုင်းနဲ့ Telstra’s Alice Springs Networkအားလုံးကို ဖြတ်တောက်နိုင်ခဲ့ပါတယ်။
1
၂။ ပိတ်ပစ်ပါ။ သို့မဟုတ် ပိတ်ဖို့ အမိန့်ပေးပါ။

ကွန်နက်ရှင်တွေဟာ နည်းပါး အလှမ်းဝေးနေပြီး အစိုးရတွေမှာလည်း ပါဝါမြင့်မားစွာ ရှိနေရင်တော့ နိုင်ငံရဲ့ အင်တာနက်ကို ပိတ်နိုင်ပါတယ်။

အာရပ်ဆောင်းရာသီကာလမှာ ဖြစ်ပွားခဲ့တာပါ။ ၂၀၁၁မှာ အီဂျစ် သမ္မတ Hosni Mubarakက အွန်လိုင်းကနေ အချင်းချင်း ဆက်သွယ်နေတဲ့ ဆန္ဒပြသူတွေကို အလုပ်မဖြစ်အောင် ကြိုးပမ်းမှုအနေနဲ့ သူ့နိုင်ငံရဲ့ အင်တာနက်နဲ့ 3G Mobile Serviceတွေကို ဖြတ်တောက်ခဲ့ပါတယ်။

နောက်တစ်လအကြာမှာ လစ်ဗျားကလည်း ဆန္ဒပြသူတွေကို ဒီလိုမျိုးတုန့်ပြန်ခဲ့ပါတယ်။

Cloudflareရဲ့ Mr Princeက မြောက်ကိုရီးယားရဲ့ ပြတ်တောက်မှုဟာ သူ့နိုင်ငံက လုပ်တာမဟုတ်ပါဘူးလို့ ပြောပါတယ်။

နိုင်ငံတစ်နိုင်ငံဟာ တစ်ကမ္ဘာလုံးနဲ့ အင်တာနက် ဆက်သွယ်ဖို့ အိမ်နီးချင်းနိုင်ငံတစ်ခုကို မှီခိုနေရတယ်ဆိုရင် အိမ်နီးချင်းနိုင်ငံရဲ့ လက်ချက်ကြောင့်ဖြစ်မှာပါ။ အဲဒီအတွက် အိမ်နီးချင်းနိုင်ငံကို မှီခိုပြီးအင်တာနက် သုံးနေရတဲ့ နိုင်ငံများမှာ ပြဿနာတွေရှိပါတယ်။

မြောက်ကိုရီးယားက တရုတ်ရဲ့ Unicomကို အသုံးပြုပြီး အင်တာနက်ကို သုံးနေတာပါ။
2
၃။ ရူးရူးမိုက်မိုက် ပြုလုပ်ပါ။

အင်တာနက် စီးဆင်းတဲ့ ကြိုးတွေကို မတော်တဆဖြတ်တောက်မိတဲ့ Accidentမျိုးကိုတော့ သိပ်ကြားဖူးကြမှာ မဟုတ်ပါဘူး။ မနှစ်ကတော့ ဆစ်ဒနီ မြို့သားတွေဟာ ရက်အနည်းငယ် အင်တာနက်ပြတ်တောက်သွားကြပါတယ်။ မြို့ပြဆောက်လုပ်ရေးရဲ့ ညံ့ဖျင်းတဲ့ စီမံမှုတွေကြောင့်လို့ ယူဆရပါတယ်။ NBNကန်ထရိုက်တွေကို အင်တာနက်ပြတ်တောက်မှုအတွက် အလုပ်ဖြုတ်ခဲ့ပါတယ်။

၂၀၀၉မှာလည်း EnergyAustraliaကန်ထရိုက်က ဆစ်ဒနီရှိ Telstra Cablesအနည်းဆုံး ဆယ်ကြိုးကို ဖြတ်တောက်မိတဲ့အတွက် အင်တာနက်နဲ့ CBD Phonesတွေ ပြတ်တောက်ကုန်ပါတယ်။

ကောင်စီနဲ့ အဆောက်အဦးဆောက်လုပ်သူတွေဟာ မြေကြီးဘယ်နေရာမှာ တူးဖော်ရမလဲဆိုတဲ့ အကြံတွေကို 1100.com.auမှာ ရယူနိုင်ပါတယ်။

၄။ ရည်ရွယ်ချက်မရှိဘဲ ဖြတ်မိခြင်း။

၂၀၁၁မှာ အဖွားအိုတစ်ယောက်ဟာ ကော့ပါးအပိုင်းအစတစ်ခုကို တူးဖော်ရင်းနဲ့ ဂျော်ဂျီယာနဲ့ အိမ်နီးချင်း အာမေးနီးယားရှိ လူထောင်ပေါင်းများစွာရဲ့ အင်တာနက်ကို ဖြတ်တောက်မိခဲ့ပါတယ်။ ငါးနာရီလောက် ပြတ်တောက်သွားတာပါ။

သူမဟာ အသက် ၇၅နှစ်အရွယ် ပင်စင်စားဖြစ်ပြီး အင်တာနက်ဆိုတာ ဘာလဲတောင် သူမ မသိပါဘူးလို့ ပြောပါတယ်။ ဂျောဂျီယာမှာ ဒါမျိုးဖြစ်တာ အဲဒီတစ်ကြိမ်က ပထမဆုံး မဟုတ်သေးပါဘူး။
3
၅။ ရေနှစ်ပါ။

ဒေတာစင်တာတွေဟာ ရေကြီးရင် ဒါမှမဟုတ် ပါဝါပြတ်တောက်ရင် Offlineဖြစ်သွားတာပါ။ ၂၀၁၂မှာ ဆန်ဒီ ဟာရီကိန်းက အမေရိကန်မှ ဒေတာစင်တာတွေကို ရေဖုံးလွှမ်းစေခဲ့တဲ့အတွက် နာမည်ကြီး အမေရိကန် ၀က်ဆိုက်တွေဟာ Offline ဖြစ်ကုန်ပါတယ်။ ၂၀၁၁မှာ Queenslandမှာ ရေကြီးမှုကလည်း လူထောင်ပေါင်းများစွာကို အင်တာနက် ပြတ်တောက်စေခဲ့ ပါတယ်။
4
၆။ မီးရှို့ပါ။

Warnambool Telophone Exchangeမှာ မီးလောင်ပြီးနောက် ၂၀၁၂မှာ ဗစ်တိုးရီးယားရှိ အင်တာနက်နဲ့ ဖုန်းလိုင်း သောင်းဂဏန်းလောက် ပျက်ဆီးသွားပါတယ်။ ဩစတြေးလျမှာတော့ ဒီလို ပျက်ဆီးမှုအမျိုးအစားထဲမှာ ဒါဟာ အကြီးဆုံးလို့ ပြောကြပါတယ်။
5
၇။ ရည်ရွယ်ချက်ဖြင့် ဖျက်ဆီးခြင်း

မေလမှာ iiNetက ဗစ်တိုရီးယားရှိ Traralgonမှ ဖိုက်ဘာကြိုးကို ဖျက်ဆီးမိလိုက်တယ်လို့ ပြောပါတယ်။ အဲဒါကြောင့် Tasmaniaရှိ Broadbandအသုံးပြုသူအချို့မှာ လိုင်းနှေးကွေးမှုတွေဖြစ်ပေါ်ခဲ့တယ်လို့ iiNetက ပြောပါတယ်။

၂၀၁၂မှာ လူတစ်ယောက်ဟာ ဆစ်ဒနီရှိ Telstraကြိုးတော်တော်များများကို ဖြတ်တောက်မိလိုက်တဲ့အတွက် ဒေါ်လာ သန်းနဲ့ချီပြီး ဆုံးရှုံးခဲ့သလို မြို့တွင်းရှိ ရဲ့စခန်း အပါအ၀င် နေအိမ်တော်တော်များများနဲ့ ဆင်ခြေဖုံးကအိမ်တွေမှာပါ အင်တာနက် ပြတ်တောက်ခဲ့ပါတယ်။

၈။ ငါးမန်းတွေကိုက်ခြင်း။

ရေအောက်ကြိုးတွေဟာ သင်္ဘောကျောက်ဆူးတွေ၊ ငါးတွေနဲ့ သဘာ၀ဘေးအန္တရာယ်တွေကြောင့် မတော်တဆ ပြတ်တောက်မှုတွေ ဖြစ်တတ်ပါတယ်။ ငါးမန်းတွေကလည်း အကြောင်းတစ်ခုပါ။ အင်တာနက် ကုမ္ပဏီကြီး Googleက ဒီလိုပျက်ဆီးမှုမျိုးကို မခံရအောင် သူ့ရဲ့ ကြိုးတွေကို တန်ဆာပလာတွေနဲ ထုပ်ပိုးခဲ့ရတာကို မကြာမီက ပြသခဲ့ပါတယ်။

ဩစတြေးလျမှာ တစ်ကမ္ဘာလုံးနဲ့ ဆက်သွယ်နိုင်တဲ့ ဖိုက်ဘာရေအောက်ကြိုးတွေများစွာ ရှိပါတယ်။ အဲဒီအတွက် တစ်လိုင်းပြတ်တောက်ရင် နောက်လိုင်းကို ပြောင်းသုံးနိုင်ပါတယ်။

အခြားနိုင်ငံတွေအတွက်တော့ ဖိုက်ဘာလိုင်းပြတ်ရင် လိုင်းအောက်ပါပြီ။

၂၀၀၅မှာ ပါကစ်စတန်မှာ ရေအောက်ကြိုးပြတ်သွားလို့ နှေးကွေးတဲ့ အရန် ဂြိုလ်တုလိုင်းကို မှီခိုခဲ့ရပါတယ်။
6
၉။ Hardwareပျက်ဆီးမှု

South Parkရုပ်သံစီးရီးရဲ့ Season 12, Episode 6ဖြစ်တဲ့ “The Day the Internet Stood Still” မှာလို Routerပြဿနာကြောင့် အင်တာနက်ပြတ်တောက်မှု ဖြစ်နိုင်ပါတယ်။

South Parkမှာလို မဟုတ်ဘဲ Routerကို ပိတ်ပြီး ပြန်ဖွင့်ရုံနဲ့ အလုပ်မဖြစ်တာတွေရှိပါတယ်။

၂၀၁၂မှာ Telstraဟာ သူ့ရဲ့ နိုင်ငံတကာ ဒေတာကွန်ရက်ကနေ ပြတ်တောက်သွားပါတယ်။ သူ့ရဲ့ ဖောက်သည်တွေထဲက တစ်ယောက်ဖြစ်တဲ့ Dodoမှာ Hardwareပြဿနာဖြစ်ခဲ့လို့ ၄၅ မိနစ်လောက် သူ့ရဲ့ အင်တာနက် ဖောက်သည် သန်းနဲ့ချီပြီး လိုင်းပြတ်တောက်ခဲ့ပါတယ်။ iiNet Servicesတွေလည်း ပြတ်တောက်သွားပါတယ်။

ဒီနှစ်အစောပိုင်းမှာ Vodafoneကလည်း ဒေတာနဲ့ ဖုန်းပြဿနာတွေ ဖြစ်ခဲ့ပါတယ်။ မူလ ဖိုက်ဘာကြိုးနဲ့ အရန်ကြိုးပြဿနာကြောင့် Repeaterမှားယွင်းမှုဖြစ်ခဲ့တာပါ။

မကြာခဏဆိုသလိုပဲ Hardwareတွေဟာ ပျက်ဆီးတတ်ပါတယ်လို့ အဲဒီအချိန်က ကြိုးနဲ့ ပတ်သက်ပြီး ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

၁၀။ Softwareပြဿနာ

၂၀၁၁မှာ Time Warner Cableအပါအ၀င် အမေရိကန်နဲ့ ဗြိတိန် အင်တာနက် ၀န်ဆောင်မှုတွေဟာ Router Firmware Updateမှာ ပါတဲ့ Bugကြောင့် ပမာဏများစွာ အင်တာနက် ပြတ်တောက်ခဲ့ကြတယ်လို့ သိရပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *