News

ရက်လွန် ၁၅၀၀ တန် SIM Card များ သက်တမ်းတိုး လျှောက်ထားနိုင်

1500 sim card

၂၀၁၃ခုနှစ်၊ ဧပြီလမှ စတင်ချထားပေးမည့် တန်ဖိုးနည်း ကျပ်၁၅၀၀တန် SIM Cardများ လက်၀ယ်ရှိသူများ အနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် ပြောဆို သုံးစွဲမှုမပြုနိုင်သေးပဲ ရက်လွန်နေပါက သက်တမ်းတိုး လျှောက်ထားနိုင်ကြောင်း သိရပါသည်။ ထိုသို့ သက်တမ်းတိုး လျှောက်ထားပါက စာချုပ်မူရင်းနှင့် မိတ္တူ တစ်စောင်၊ (အကယ်၍ သက်ဆိုင်ရာမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဋ္ဌာနမှ စာချုပ်ထုတ်ပေးထားခြင်း မရှိပါက စာချုပ် ထုတ်မပေးရသေးကြောင်း ယင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဋ္ဌာနမှ ထောက်ခံချက်ပါရှိရပါမည်) သက်တမ်းလွန်ခြင်းအတွက် ထောက်ခံချက် (ကတ်ထုတ်ပေးသည့် သက်ဆိုင်ရာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဋ္ဌာန၏ ထောက်ခံချက်)၊ ပိုင်ရှင်၏ နိုင်ငံသား စိစစ်ရေးကတ်မိတ္တူ တစ်စောင် စသည့် စာရွက်စာတမ်းများနှင့် တိုင်းဒေသကြီး မန်နေဂျာများထံ လိပ်မူ၍ လျှောက်ထားနိုင်ကြောင်း သိရပါသည်။

Ref : မြန်မာ့အလင်း

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *