How-to

Sim Card အသစ်တွေ ထွက်တော့မယ်ဆိုတော့ ဘယ်လို Handsetတွေ ဝယ်ရင်ကောင်းမလဲ

sim-card

Sim Card အသစ်တွေ ထွက်တော့မယ်ဆိုတော့ ဘယ်လို Handsetတွေ ၀ယ်ရင်ကောင်းမလဲ စဉ်းစားနေတဲ့သူတွေ အတွက်ရော၊ Handset အသစ် ၀ယ်ချင်နေကြတဲ့ သူတွေအတွက်ရောပါ Handsetလမ်းညွှန်လေး ပြောပြချင်ပါတယ်။ အဓိက ပြောပြချင်တာက ကျွန်တော့်တို့ဆီမှာ Mobile အသုံးပြုသူတွေက Mobile ဗဟုသုတ သိပ်မရှိသေးပါဘူး။ နည်းပညာ ပြောင်းလဲမှုနဲ့ ဖုန်းဈေးကွက် ပြောင်းလဲခြင်းကြောင့်လဲ ဖြစ်နိုင်ပါတယ်။ အခုဆို ဘယ်လိုဖုန်းမျိူး၀ယ်ရင် ကောင်းမလဲ စဉ်းစားနေတဲ့သူတွေ များလာပါပြီ။ Handset ၀ယ်ချင်လို့ ဖုန်းဆိုင်ထဲ ၀င်လိုက်ရင်လည်း ဘာ၀ယ်ရမှန်းမသိအောင် Handsetတွေ များနေတဲ့အပြင်ကို Cloneလို့ခေါ်တဲ့ Handsetအတုတွေက ဖုန်း၀ယ်တဲ့လူကို အာရုံ တော်တော် နောက်စေပါတယ်။ ရောင်းတဲ့ဆိုင်ကလဲ သူတို့ရောင်းရရင်ပြီးရော ၀ယ်သူ စိတ်ကျေနပ်လောက်အောင် ရှင်းပြတဲ့ဆိုင်က ခပ်ရှားရှားပါ။ ရောင်းတဲ့သူကိုယ်တိုင်က သူရောင်းတဲ့ Handsetကို အတွင်းကျကျ မသိတာလဲ ပါပါတယ်။

အခုအချိန်လို ကျွန်တော်တို့ဆီမှာ လူတိုင်း ဖုန်းတစ်လုံး ကိုင်နိုင်နေပြီဆိုတော့ Handsetတစ်လုံး ၀ယ်မလို့ စဉ်းစားနေတဲ့ သူတွေအတွက် အကြံပေးချင်တာတစ်ခုက ကိုယ့်အတွက် တန်ဖိုးကြီးတဲ့ Handsetတစ်လုံး မဟုတ်ရင်တောင် ၀ယ်လိုက်တဲ့ Handsetက ကိုယ့်အတွက် အသုံး၀င်ဖို့ အရေးကြီးပါတယ်။ ဖုန်းပြောလို့ရတဲ့ Handsetတွေ အများကြီးရှိပေမဲ့ ဖုန်းလိုင်းဆွဲအားတို့ ကိုယ်ကြားရပေမဲ့ တစ်ခြားလူဘက်က ကြားရတာ မကြည်မလင် ဖြစ်နေတာတို့ဆိုရင် Handsetက မကောင်းဘူးဆိုတာ တ၀က်သေချာနေပါပြီ။ ထားလိုက်ပါတော့ အခု Handset တံဆိပ်အစုံတွေထဲမှာ နာမည်ကြီးနေတာကတော့ HUAWEI ပါဘဲ။ ဒီတံဆိပ်က ပိုက်ဆံအသင့်အတင့်နဲ့ ကိုယ့်စိတ်ကူးထဲက Handsetတွေအတိုင်း အသုံးပြုလို့ရတဲ့ Brand တစ်ခုပါ။

ဒါပေမဲ့ အခုဖုန်းဈေးကွက်ထဲကို HUAWEIတံဆိပ်နဲ့ Model မျိူးစုံ၀င်လာတယ်ဆိုတာ သိကြမှာပါ။ HUAWEIဖုန်းတိုင်းက ကောင်းပါတယ်။ ခက်တာက ကျွန်တော်တို့ဆီမှာ ဖုန်း Networkက ၄ခု၊ Operatorက ၂ခုရှိပါတယ်။

အကုန်လုံးသိတဲ့အတိုင်း GSM, WCDMA,CDMA 800, 450 စသဖြင့်ပေါ့။ HUAWEI Handsetတွေက CDMA 450က လွဲရင်ကျန်တဲ့ Networkတွေအတွက် အသုံးပြုလို့ရပါတယ်။ ဟိုတလောက ကြားလိုက်ရတယ် HUAWEI Modelအသစ်ဖြစ်တဲ့ Yနဲ့စပြီး Tနဲ့ဆုံးတဲ့ Handsetတွေက မြန်မာနိုင်ငံ ဖုန်းလိုင်းတွေနဲ့ အဆင်မပြေဘူးဆိုတာ ဟုတ်ပါတယ်။ Sim Card ထည့်ပြီးဖုန်းပြောလို့ ရပေမယ့် အသုံးပြုတဲ့ Networkနဲ့ ကိုက်ညီမှုမရှိတဲ့အတွက် 3G အပြည့်အ၀ မရတွေနဲ့ ဖုန်းပြောတဲ့အခါ ဖုန်းလိုင်း ခေတ္တ ပြတ်တောက်သွားတာတွေပါ ဖြစ်တတ်ပါတယ်။ HUAWEI Handsetတွေ ၀ယ်ချင်တဲ့ သူတွေ သိစေဖို့ HUAWEI Modelတွေမှာပါတဲ့ U,C,Y ဆိုတာလေးတွေကို ပြောပြပါမယ်။ Uနဲ့စတဲ့ Modelတွေက GSM, WCDMAအတွက် ထုတ်ပေးထားတာ ဖြစ်ပါတယ်။ Cနဲ့စတဲ့ Modelတွေက CDMA 800Mhzတွေအတွက် ထုတ်ထားတာ ဖြစ်ပါတယ်။ နောက်၀င်လာတဲ့ Model အသစ်တစ်မျိူးက Yနဲ့စပြီး Tနဲ့ဆုံးတဲ့ Modelတွေပါ။ အဲ့ဒီ Modelတွေက TDMA Networkနဲ့မှ အဆင်ပြေမှာဖြစ်ပါတယ်။ ဒီမှာတော့ လောလောဆယ်ဆယ် အဆင်မပြေနိုင်သေးပါဘူး။ ဒါကြောင့် HUAWEI Handset၀ယ်ချင်တဲ့ သူတွေအတွက် အဆင်ပြေတဲ့ Handsetရွေး၀ယ် လို့ရအောင် Mobile ဗဟုသုတ အဖြစ် တင်ပြပေးလိုက်ပါတယ်။

author-avatar

About Yahtar

အမည်ရင်းမှာ အောင်သက်ပိုင်ဖြစ်ပြီး Myanmar ICTတွင် Game Review, How To များကို ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *