Windows 8 Login Screen မှာ Password Reveal Button ဆိုတဲ့ Button တစ်ခု အသစ်ပါရှိလာပါတယ်။ အပေါ်ကပုံမှာတွေ ့ရတဲ့ မျက်လုံးပုံလေးပါ။ ကိုယ်ရိုက်ထားတဲ့ password မှန် ၊ မမှန် စစ်ဆေးချင်တဲ့အခါမှာ အဲဒီ button ကို press လုပ်ထားရင် အောက်ကပုံမှာလို password တွေကို တွေ ့မြင်ရမှာပါ။
တစ်ခြားတစ်ဖက်ကကြည့်ရင် သင်ရိုက်ထားတ့ဲ password တွေကို တစ်ခြားလူတွေက အဲဒီ button ကိုနှိပ်ပြီးသိသွားနိုင်ပါတယ်။အဲဒီအတွက် Password Reveal Button ကို ဖျောက်ချင်ရင် အောက်ကနည်းအတိုင်းဖျောက်နိုင်ပါတယ်။
(၁) Win + R ကိုနှိပ်ပြီး ‘gpedit.msc‘ လို ့ရိုက်ပြီး Group Policy Editor ကိုဖွင့်ပါ။
(၂) Computer Configuration > Administrative Templates> Windows Components > Credential User Interface ကိုသွားပါ။
(၃) ‘Do not display the password reveal button’ ကို double click နှိပ်ပါ။ Enabled radio button ကို အမှန်ခြစ်ပေးပြီး Apply , OK နှိပ်ပါ။
ဒါဆိုရင်နောက်တစ်ခါ ဝင်းဒိုးပြန်တက်ရင် Password Reveal Button ကိုမတွေ ့မြင်ရတော့ပါဘူး။
Password Reveal Button ကို ပြန်အသုံးပြုချင်ရင် အပေါ်ကနည်းအတိုင်း Group Policy Editor ကနေပြုလုပ်နိုင်ပြီး ‘Do not display the password reveal button’ ကို double click နှိပ်ပြီး Not Configured ဆိုတဲ့ radio button မှာ အမှန်ခြစ်ပေးပြီး Apply , OK နှိပ်ပါ။
Ref : http://www.nextofwindows.com/