News, Travel

ဇွဲကပင်တောင်တက် ကောင်းကင် ရထား တည်ဆောက်မည်

zwalkapin

ကရင်ပြည်နယ်၏ ကျက်သရေဆောင် ဇွဲကပင်တောင်တွင် မြန်မာနိုင်ငံ၏ ပထမဆုံး ကောင်းကင်ရထား (Cable Car) သွားလာနိုင်ရေး တည်ဆောက်သွားရန် မလေးရှားနိုင််ငံ အခြေစိုက်တရုတ်ကုမ္ပဏီတစ်ခုနှင့် ညှိနှိုင်းပြီး ဖြစ်ကြောင်း၊ ကရင်ပြည်နယ် ဇွဲကပင် ဆရာတော် ဓမ္မကထိက ဗဟုဇနဟိတဓရ အရှင်ကဝိဓဇက The Voiceသို့ မိန့်ကြားသည်ဟု သိရသည်။

ဇွဲကပင်တောင်တော်သည် ဘုရားဖူးများ တက်ရောက်ရန် အလွန်ခက်ခဲသောကြောင့် ဇွဲကပင် တောင်ခြေရှိ လုမ္ဗိနီဥယျာဉ်မှ ပေ ၂၇၀၀ကျော် မြင့်မားသော တောင်ထိပ်သို့ အလွယ်တကူ တက်ရောက်နိုင်ရန် ကောင်းကင်ရထားနှစ်စင်း၊ တပ်ဆင်နိုင်ရေးအတွက် ယခုနှစ် သြဂုတ်လဆန်းတွင် စမ်းသပ်သွားမည် ဖြစ်ကြောင်း၊ ယင်းကောင်းကင်းရထား တပ်ဆင်နိုင်ရန် အမေရိကန်ဒေါ်လာ ၂၁သန်းခန့် ကုန်ကျနိုင်ကြောင်း၊ ခန့်မှန်းထားပြီး ကုန်ကျစရိတ်များကို အလှုခံသွားမည်ဖြစ်ကာ ဇွဲကပင် ကောင်းကင်ရထား စီမံကိန်းကို ပီနန်ဆရာတော်ဘုရားကြီး အဂ္ဂမဟာပဏ္ဏိတ အရှင်ပညာဝံသ၊ ဇွဲကပင် ဆရာတော် ဓမ္မကထိက ဗဟုဇနဟိတဓရ အရှင်ကဝိဓဇနှင့် သုံးထပ်ကျောင်းဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ အရှင်ပညိန္ဒတို့က တပ်ဆင်နိုင်ရန် ဦးဆောင်သွားမည် ဖြစ်ကြောင်း ဆရာတော်အရှင် ကဝိဓဇက ဆက်လက် မိန့်ကြားသည်။

ဇွဲကပင်တောင်သည် ကရင်ပြည်နယ်၏ အထိမ်းအမှတ် တစ်ခုဖြစ်ကာ ဗုဒ္ဓမြတ်စွာဘုရား၏ ဆံတော်ရှိသည်ဟု ယုံကြည်ကြသောကြောင့် ဗုဒ္ဓဘာသာဝင်များ ကရင်လူမျိုးများက ယခု စီမံကိန်းတွင် အလှုငွေ ထည့်ဝင်သွားမည်ဟု ထင်မြင်ကြောင်း၊ ဘားအံမြို့တွင် နေထိုင်သော ကရင် အမျိုးသား တစ်ဦးက ပြောကြားသည်ဟု ဆိုသည်။  “အထူးသဖြင့် ကရင်လူမျိုး အများစုက လှုဒါန်းကြလိမ့်မယ်”ဟု ၎င်းက ပြောကြားသည်။

ယခု ဇွဲကပင် ကောင်းကင်ရထား စီမံကိန်းအတွက် ဇူလိုင်လ ၂၅ရက် (ယနေ့)တွင် အထက်ပါ ကုမ္ပဏီနှင့် တာမွေမြို့နယ်ရှိ မဟာသန္တိသုခကျောင်းတွင် သဘောတူညီမှု လက်မှတ် ရေးထိုးသွားမည်ဖြစ်ပြီး၊ ကုန်ကျငွေကို ကုမ္ပဏီသို့ အရစ်ကျ ပေးချေသွားရမည် ဖြစ်ကြောင်း၊ ကရင်ပြည်နယ် ဇွဲကပင်ဆရာတော် အရှင်ကဝိဓဇက မိန့်ဆိုသည်ဟု သိရပါသည်။

Ref : Myanmar News Update

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *