News

ရောင်းချပြီး မိုဘိုင်းဖုန်း ၅ဒသမ ၂သန်းကျော်တွင် GSMက နှစ်သန်း ခုနှစ်သိန်းကျော်ဖြင့် အများဆုံးဖြစ်

မြန်မာနိုင်ငံတွင် လက်ရှိအချိန်အထိ မိုဘိုင်းဖုန်း စုစုပေါင်း ၅ဒသမ ၂သန်း ရောင်းချပေးခဲ့ပြီးဖြစ်ရာ GSM ဖုန်းလိုင်း နှစ်သန်း ခုနှစ်သိန်းကျော်ဖြင့် အများဆုံးဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရှိရသည်ဟု ဆိုသည်။

မိုဘိုင်းဖုန်းလိုင်း ၅ဒသမ ၂သန်းကျော်တွင် CDMA 450MHzမှာ ၆၂၀,၀၀၀ကျော်၊ CDMA 800MHz မှာ ၁,၅၆၀,၀၀၀၊ GSMမှာ ၂,၇၀၀,၀၀၀ကျော်၊ WCDMA (UMTS) ဖုန်းလိုင်းမှာ ၂၆၀,၀၀၀ကျော်ရှိကြောင်း သိရသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် ၂၀၁၃-၂၀၁၄တွင် ဆောင်ရွက်မည့် လုပ်ငန်းစဉ် ခုနှစ်ခုရှိပြီး GSM/WCDMA (UMTS) လိုင်းတစ်သန်း အသစ်တပ်ဆင် တိုးချဲ့ခြင်း၊ လိုင်းသုံးသန်းကို အစားထိုး ပြောင်းရွှေ့တိုးချဲ့ခြင်းတို့ ပေါင်းစပ်ပြုလုပ်မည့် လိုင်းလေးသန်း တိုးချဲ့တပ်ဆင်ခြင်း လုပ်ငန်း၊ မိုဘိုင်းရေဒီယို စခန်းများ ပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းကို ပြည်တွင်း LSP (Local Service Providers) ကုမ္ပဏီများသို့ လုပ်ငန်း အပ်နှံဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်နေခြင်း၊ GSM မိုဘိုင်းရေဒီယိုများ Frequency Redesign ပြုလုပ်ခြင်း၊ GSM/WCDMA မိုဘိုင်းဖုန်းများအတွက် Online Charging System (OCS) တိုးချဲ့ခြင်းလုပ်ငန်း၊ International Roaming အသုံးပြုနိုင်ရန် စီစဉ်ဆောင်ရွက်ခြင်း၊ ငွေကျပ် ၁၅၀၀တန် မိုဘိုင်းဖုန်းများ လစဉ်ရောင်းချပေးနိုင်ရန် ဆောင်ရွက်ခြင်းနှင့် (၂၇)ကြိမ်မြောက် ဆီးဂိမ်းစ်အမှီ LTE (4G) စနစ်တပ်ဆင်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်ခြင်း လုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါသည်။

 

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Related Posts

One thought on “ရောင်းချပြီး မိုဘိုင်းဖုန်း ၅ဒသမ ၂သန်းကျော်တွင် GSMက နှစ်သန်း ခုနှစ်သိန်းကျော်ဖြင့် အများဆုံးဖြစ်

  1. Min Zaw says:

    လူဆယ်ယောက် မှာတစ်ယောက် ကတော့ ဟဲလို ကြားလား လို့  အောနေ နိုင် ဘီပေါ့

Leave a Reply

Your email address will not be published. Required fields are marked *