News

SIM Card အကြောင်း သိကောင်းစရာ

SIM ဆိုတာ မိုဘိုင်းဖုန်းတွေနဲ့ ကွန်ပျူတာတွေလိုမျိုး စက်ပစ္စည်းတွေမှာ Subscriber တွေအသုံးပြုနိုင်ဖို့ ID အလိုက် တိုက်ဆိုင်စစ်ဆေးတဲ့ သက်ဆိုင်ရာ key တွေနဲ့ International Mobile Subscriber Identity (IMSI) တို့ကို လုံခြုံစွာထိန်းသိမ်းထားနိုင်တဲ့ Integrated Circuit တစ်ခုပဲဖြစ်ပါတယ်။ Subscriber Identity Module ( Subscriber Identification Module) ရဲ့အတိုကောက်ပါ။ လွယ်လွယ်ကူကူသယ်ဆောင်နိုင်တဲ့ memory chip အမျိုးအစား ဖြစ်ပြီး GSM (Global System for Mobile Communications) network မှာသုံးတဲ့ cell phone တွေမှာ အသုံးများပါတယ်။

SIM Card တွေကို H1, H2, H3,H4 ဆိုပြီးအမျိုးအစားလေးမျိုးခွဲခြားထား ပါတယ်။

H1= Normal Network
H2= Better Network , Means Strong
H3= More Better Network , Means Stronger
H4= Normal, Better, More Better Is Nothing In Front OF This Sim

များသောအားဖြင့်တော့ H4 SIM တွေကို အဖွဲ့အစည်းတွေနဲ့ စစ်ဘက်မှ အရေးကြီး ပုဂ္ဂိုလ်တွေအတွက် ထုတ်လုပ်လေ့ရှိပါတယ်။ မိုဘိုင်းကုမ္ပဏီတွေဟာ User တိုင်းအတွက် H4 SIM တွေ ထုတ်ပေးလေ့ မရှိပါဘူး၊ ဘာကြောင့်လဲဆိုတော့ ဒီ Card တွေက bandwidth ပိုစားလို့ ဖြစ်ပါတယ်။ ကိုယ် ဘယ် SIM card အမျိုးအစားကို အသုံးပြုနေသလဲ သိချင်ရင် SIM card ရဲ့ ကျောဘက်မှာပါတဲ့ Sim No. နဲ့ Sim Type ကိုကြည့်ပြီး သိနိုင်ပါတယ်။

SIM card အရွယ်အစားအမျိုးမျိုးရှိပြီး ဖုန်းအများစုကတော့ mini-SIM ဒါမှမဟုတ် micro-SIM card တွေကို အသုံးပြုပါတယ်။ mini-SIM ရဲ့အရွယ်အစားက 25mm x 15 mm ရှိပြီး micro-SIM ကတော့ 15 mm x 12 mm ရှိပါတယ်။ card အရွယ်အစားအားလုံးဟာ 0.76 mm အထူရှိပါတယ်။ ဘယ်အရွယ်အစား Sim card မျိုးမဆို သူ့မှာပါ၀င်တဲ့ microchip က အရွယ်အစားနဲ့လုပ်ဆောင်ပုံ အတူတူပဲဖြစ်တဲ့အတွက် အရွယ်အစားသေးတဲ့ card တွေကိုလည်း (အံ၀င်ဂွင်ကျသာတပ်ဆင်ရင်) card အကြီးသုံးတဲ့ ဖုန်းတွေမှာပါ သုံးစွဲနိုင်ပါတယ်။

SIM card တွေမှာ User ရဲ့အချက်အလက်တွေနဲ့ call log တွေ ဖုန်းအ၀င်အထွက်မှတ်တမ်းတွေကို တခြားသူတွေ မသိရှိနိုင်စေမယ့် လုံခြုံရေးအစီအမံတစ်ရပ်လည်းပါ၀င်ပါတယ်။ SIM card ကို lock ချထားနိုင်ပြီး PIN လို့ ခေါ်တဲ့ Personal Identification Number ကို သိရှိသူမှသာ SIM card ကိုအသုံးပြုနိုင်မှာဖြစ်ပါတယ်။ SIM card ကိုသာ Lock လုပ်ထားမယ်ဆိုရင် ကိုယ့်ဖုန်းအခိုးခံရရင်တောင် PIN ကို မသိဘဲ SIM card ကို အသုံးပြုနိုင်မှာ မဟုတ်သလို (SIM card ထဲမှာရှိတဲ့) ကိုယ့်အချက်အလက်တွေကိုလည်း ရယူနိုင်မှာမဟုတ်ပါဘူး။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *