လျှပ်စစ်မီးတွေ မရှိပဲ ရေခဲသေတ္တာအဖြစ် အသုံးပြုတဲ့ နည်းပညာကို နိုက်ဂျီးရီးယားနိုင်ငံသား အင်ဂျင်နီယာ တဦးဖြစ်သူ မစ္စတာ မိုဟာမက် ဘာ အက်ဘာက တီထွင်ဆန်းသစ်ခဲ့ပါတယ်။
အင်္ဂလိပ်လို The pot-in-pot refrigerator သို့မဟုတ် အာရေဗစ် ဘာသာစကားအသံထွက်နဲ့ ပြောရရင် zeer လို့ ခေါ်တဲ့ မြေအိုး ၂ ခုကို သစ်သီး၀လံတွေ ကြာကြာခံအောင် ရေခဲသေတ္တာလို သုံးတဲ့ အသုံး အဆောင် တခုကို အိုးထိန်းသည်် မိသား စုက ဆင်းသက်ခဲ့သူ မိုဟာမက် ဘက်အက်ဘာက က တီထွင်းဆန်းသစ်လိုက်လို့ ဆုတွေ တလှေကြီး ရခဲ့ပါတယ်။
၂၀၀၀ ခုနှစ်က $75,000 Rolex Award for Enterprise ခေါ်တဲ့ အမေရိကန် ဒေါ်လာ ၇၅၀၀၀ ပါ၀င်တဲ့ ဆုလည်း ရခဲ့ တယ်။ ၂၀၀၁ ခုနှစ်မှာ ကမ္ဘာ့ Shell Award for Sustainable Development ဆုလည်း ရပြန်တယ်။
သမိုင်းကြောင်းကို ပြန်ကောက်ပြောရရင် သိပ္ပံပညာ မထွန်းကားခင် ကတည်းက မပုပ်မသိုးတဲ့ နည်းပညာနဲ့ ပတ်သက်လာ ရင် ရှေး အီ၈ျစ်နိုင်ငံက အစောဆုံးထွန်းကားခဲ့တာပါ။
မာမီရုပ်အလောင်းတွေက အတော်ထင်ရှားတဲ့ သက်သေလည်းဖြစ်ပါ တယ်။ ခရစ်မပေါ်မီ ဘီစီ ၂၅၀၀ လောက်က အီဂျစ်နိုင်ငံ Old Kingdom မှာတုန်းက အလားတူရေခရားတွေကို စားစရာတွေကို အအေးခံ အသုံးပြုတဲ့ Zeer လို့ ခေါ်တဲ့ ပစ္စည်းတွေ သုံးခဲ့ဖူးပါတယ်။
သမိုင်းပညာရှင်တချို့လည်း ဘီစီ ၃၀၀၀ လောက်က မြေထည် အသုံးအဆောင်တွေ ဖော်ထုတ်တွေ့ ရှိခဲ့ဖူးပါတယ်။ အအေးခံ သုံးတဲ့ မြေထည်ပစ္စည်းတွေကို အိန္ဒိယ၊ ပါကစ္စတန် နိုင်ငံတွေမှာ အသုံးပြုတဲ့ Ghara ( ဂါရာ)၊ Matki ( မတ်ကီ) တို့လို မြေထည်ပစ္စည်းတွေပါ။
ဒါတွေကို အခြေခံပြီး နိုက်ဂျီးရီယားနိုင်ငံသား မိုဟာမက် ဘာ အက်ဘာက တီထွင်ဆန်းသစ်လိုက် တဲ့ မြေအိုးရေခဲသေတ္တာ ဖြစ်ပါတယ်။
အသုံးပြုပုံကတော့…
စဉ့်ရည် မသုတ်ထားတဲ့ အရွယ်အနယ်ငယ်ကွာခြားတဲ့ အောက်ခြေက အပေါက်ပါတဲ့ မြေအိုး ၂ လုံးကို ပထမ ရှာဖွေရပါ မယ်။ ပြီးရင် မြေအိုး အောက်ခြေက အပေါက်ကို ရွွှံ့နဲ့ပိတ်ထားရပါမယ်။
ပထမ အောက်ခံ အိုးအကြီးထဲကို ဒုတိယ အိုးသေးထည့်လိုက်ရင် အိုး ၂ လုံး နုတ်ခမ်းတညီတည်း ရှိသည်အထိ မြေအိုး အကြီးထဲမှာ သဲ အနည်းငယ်ထည့်ရပါမယ်။ ပြီးရင် အိုး ၂ ခုအကြားမှာ သဲ ကို ဖြည့်လိုက်ပါ။
အဲဒီသဲထဲ ကို ရေ လုံး၀ ထပ်ပြီး မစုပ်တော့တဲ့အထိ ထည့်လိုက်ပါ။ ပြီးတာနဲ့ အတွင်း အိုးသေးထဲကို သစ်သီး၀လံတွေ ထည့်လိုက်ပြီး အ၀ကို ရေစို အ၀တ်နဲ့ အုပ်ထားလိုက်ပါ။
ဒါဆို မြေအိုး ရေခဲသေတ္တာရဲ့အစွမ်းကို သိရပါတော့မယ်။ အဲဒီ မြေအိုးရေခဲသေတ္တာကို နေရိပ်ပြီး အအေးဓာတ်ရှိတဲ့နေရာ မှာထားရပါမယ်။ အဖုံးအုပ်ထားတဲ့ ရေစို၀တ်ကိုလည်း ရေအမြဲစိုနေအောင် ထားရပါမယ်။
၂ နာရီကျော် ကြာပြီဆိုတာနဲ့ အတွင်းက အိုးသေးထဲမှာ ရှိတဲ့ အပူချိန်ဟာ အပြင်အခန်းအပူချိန်ထက် ဖာရင်ဟိုက် ၄၀ ကျော် လျော့ကျပြီး အေးနေတာကို တွေ့ရပါမယ်။ ဒါက သဲအစိုကို အငွေ့ပျံပြီး အပူဓာတ်တွေ လျှော့ချတဲ့ နည်းလမ်းကို အသုံးပြုခြင်းလည်း ဖြစ်ပါတယ်။
တီထွင်ဆန်းသစ်လိုက်တဲ့ မိုဟာမက် ဘာ အက်ဘာကတော့ အသင့် လုပ်ထားတဲ့ မြေအိုး ရေခဲသေတ္တာ လေးတွေကို ရောင်းစားလာတာ အခုထိပါပဲ။
၂၀၀၁ ခုနှစ်တုန်းက တစုံကို နိုက်ဂျီးရီးယားငွေကြေး ၁၅၀ နိုက်ရာ ( အမေရိကန် ၁ ဒေါ် လာ) လောက်ပဲ ကုန်ကျပြီး သူက တော့ ၁၈၀- ၂၀၀ နိုက်ရာလောက်နဲ့ ရောင်းချပါတယ်။ သူဟာ တနှစ်ကို မြေအိုးရေခဲ သေတ္တာ ၃ သောင်းလောက် ရောင်းချ ပေးနေပါတယ်။
ဒီအကြောင်း အပြည့်အစုံကိုလည်း ဝီကီပီဒီယားမှာ ရှိတဲ့ Pot-in-pot refrigerator ဆိုတဲ့ အကြောင်း မှာ လေ့လာသိရှိနိုင်ပါတယ်။
လျှပ်စစ်မီး မလုံလောက်သေးတဲ့ မြန်မာနိုင်ငံမှာ သစ်သီး၀လံ၊ စားစရာတွေကို ဒီနည်းနဲ့ မပုပ်မသိုးပဲ လတ်ဆတ်အောင် ဖန်တီးအသုံးပြုဖို့ ကောင်းမယ်ထင်ပါတယ်။