Gaming, Review

Dishonored

နောက်ပိုင်းထွက်လာတဲ့ ဂိမ်းအများစုက တော်တော်လေးကို ရုပ်ပေါက်လာတယ်ဗျ။ ဇာတ်လမ်းတွေကလဲကောင်း ရုပ်ထွက်တွေကလဲ ကောင်းဆိုတော့ ကစားရတာလဲမိုက် game storyလေးတွေ ကြည့်ရတာလဲ မိုက်ဆိုတော့ ဘာလိုသေးလဲဆိုတာဘဲ မေးရတော့မလို ဖြစ်နေပြီဗျ။ တကယ်ပါ gamerတွေတော့ မပြောတတ်ဘူး ကျွန်တော်ကတော့ story မိုက်တဲ့ ဂိမ်းတွေဆိုရင် story ကြည့်နေရတာနဲ့ကို ဂိမ်းကို ဒီလောက် မဆော့ချင်တော့ဘူး။ ဖြစ်နိုင်ရင် အဲ့ဒီဇာတ်လမ်းကို အပြီီးထိ ကြည့်ချင်တာ။

ရုပ်ထွက်တွေက ကောင်းတော့ ဂိမ်းထဲမှာပါတဲ့ ဇာတ်လမ်းတွေက ရုပ်ရှင်ကားကောင်းတစ်ကားလိုဘဲ ဆွဲဆောင်မှုရှိပါတယ်။ ပြောချင်တာကတော့ အဲ့လိုဇာတ်လမ်းတွေ ဂိမ်းတွေကို စီစဉ်နေကြတဲ့ developerတွေ၊ animation သမားတွေ၊ directorတွေ၊ ထုတ်လုပ်သူတွေ အကုန်လုံးကောင်းမှ ဂိမ်းကောင်းတစ်ခု ဖြစ်လာတာကိုပါ။ Developer Arkane Studiosနဲ့ Publisher Bethesda Softworksတို့ ပေါင်းပြီး ပုံဖော်ထားတဲ့ Dishonored ဂိမ်းဟာ graphic၊ story အကုန်လုံး မိုက်တဲ့ ဂိမ်းတစ်ခုပါ။ ပြင်သစ်နိုင်ငံက ဒီ developer (Arkane Studios)တွေက ဂိမ်းတွေ ရေးတာ နည်းတဲ့သူတွေပါ။ သူတို့တွေနဲ့ Bethesda Softworksနဲ့ ပေါင်းထားတယ်ဆိုတော့ ဘာလဲဆိုတာကို သိဖို့ ဆော့ကြည့်ရတော့မှာပါ။

Director Sebastien Mittonရယ် Zenimax visual design director Viktor Antonovရယ် ပြီးတော့ Arkane Studios အဖွဲ့တွေ ပေါင်းပြီးတော့ ဒီ Dishonoredကို Dunwallဆိုတဲ့ မြို့လေးမှာ အစပြုထားကြတယ်။ ဂိမ်းရဲ့ storyလေးကလဲ တော်တော်မိုက်တယ်။ Dunwall မြို့လေးက စက်မှုလက်မှု တော်တော်ထွန်းကားတဲ့ မြို့လေးတစ်မြို့ပါ။ အဲ့ဒီမြို့ရဲ့ ဘုရင်မတစ်ပါးကို သက်တော်စောင့် လုပ်ပေးရတဲ့ သူတစ်ယောက် ရှိပါတယ်။ အဲ့ဒီ သက်တော်စောင့်က ဒီဂိမ်းရဲ့ ဇတ်လိုက်မင်းသားကြီးပါဘဲ။ သူက ဘုရင်မအနားမှာ အမှုတော်ထမ်းရင်း ကောက်ကျစ်တဲ့ လူတစ်ချို့ကြောင့် ဘုရင်မရဲ့ အထင်လွဲမှုကို ခံရပြီး အကျဉ်းကြသွားခဲ့ပါတယ်။ ဇာတ်လမ်းက အဲ့ဒီမှာ စတာပါ။ ဘုရင်မရဲ့ သက်တော်စောင့်ဆိုတော့ အစွမ်းထက်ပါတယ်။

ဂိမ်းရဲ့ ဇာတ်လိုက်မင်းသားက ကိုယ်ရောက်ချင်တဲ့နေရာကို အလျှင်အမြန် ခုန်ပျံသွားနိုင်တဲ့အပြင် အသွင်ပြောင်းလို့ပါ ရသေးတယ်။ အသွင်ပြောင်းတယ်ဆိုတာ လူတစ်ယောက်အထဲ ခဏ၀င်ပြီး အဲ့ဒီလူရဲ့ ပုံစံအတိုင်းဖြစ်အောင် အသွင်ပြောင်းတာပါ။ လက်နက်တွေကတော့ သေနတ်ရယ်၊ မြှားသေနတ်ရယ်၊ ဓားမြှောင်စတဲ့ လက်နက်တွေကို အများဆုံး အသုံးပြုရမှာပါ။ ဇာတ်လိုက်မင်းသားဟာ တကယ်တော့ ဒီဂိမ်းလေးထဲမှာ Assassin တစ်ယာက်လို ဂလဲ့စား ချေရမဲ့ ပုံစံမျိုးပါ။ သူ အကျဉ်းထောင်ကျနေရာကနေ လွတ်မြောက်လာပြီး Dunwall မြို့လေးထဲမှာ စပြီး ပြဿနာတွေ ရှာပါတယ်။ သူ့ကို ကောက်ကျစ်ခဲ့တဲ့ လူတွေကို ရှာပြီး ပြန်သတ်တဲ့ ပုံစံမျိုးပါ။

ဒါပေမဲ့ ဒီဂိမ်းထဲမှာ အများဆုံး တိုက်ခိုက်ရမဲ့ ရန်သူတွေက မင်းမှုထမ်း စစ်သားတွေနဲ့ တိုက်ခိုက်ရမှာပါ။ ခြေထောက်အရှည်ကြီးတွေ တပ်ထားတဲ့ လူထိန်းချူပ်တဲ့ စက်ရုပ်ကြီးတွေနဲ့လဲ တိုက်ခိုက်ရမှာပါ။ Open World ပုံစံမျိုး ဆော့နိုင်တဲ့ Dishonored ဂိမ်းဟာ First Person Action ဂိမ်းအမျိုးအစား ဖြစ်ပါတယ်။ Game modeက single player ပါ။ Dishonored ဂိမ်းကို Demo အနေနဲ့ ဆော့လို့ ရနေပြီဖြစ်တာကြောင့် gamer အများစုကလဲ ကြိုက်နှစ်သက်ပါတယ်။ October 9, 2012 ရက်နေ့မှာ ထွက်မဲ့ Dishonored ဂိမ်းကို ဘာတွေ ကောင်းသလဲလို့ သိချင်ရင် သင်ကိုယ်တိုင် ဆော့ကြည့်ပါလို့ဘဲ ပြောပါရစေတော့။

author-avatar

About Yahtar

အမည်ရင်းမှာ အောင်သက်ပိုင်ဖြစ်ပြီး Myanmar ICTတွင် Game Review, How To များကို ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *