Mobile

ဈေးနှုန်းချိုသာပြီး Function စုံတဲ့ Lenovo Smartphone

မိုဘိုင်းဖုန်း Brand မျိုးစုံထွက်ရှိနေတဲ့အထဲမှ Lenovo အမှတ်တံဆိပ် ဟန်းဆက်အကြောင်းကို ဖော်ပြပေးချင်ပါတယ်။ Lenovo သည် ကွန်ပျူတာလောကမှာ နာမည်ကျော်နေတဲ့ Brand တစ်ခုဖြစ်ပြီး ယခုအခါမှာတော့ မိုဘိုင်းများကိုလည်း ထုတ်လုပ်လာတာ တွေ့ရပါတယ်။ Lenovo ဖုန်းများသည် စမတ်ဖုန်း အမျိုးအစားဖြစ်ပြီး Android OSကို အသုံးပြုထားသည်။ ယခုဖော်ပြပေးမယ့် Lenovo A65သည် Android OS Version 2.3.5 (Gingerbread)ကို အသုံးပြုထားပါတယ်။ ပြည် တွင်းဈေးကွက်ထဲကိုတော့ ၂၀၁၂ ခုနှစ်၊ ဇွန်လပိုင်းလောက်မှသာ စတင်၀င်ရောက်လာတာ ဖြစ်ပါတယ်။

Feature
Lenovo A65သည် ှSIM ကဒ်နှစ်ကဒ် ထည့်သွင်းအသုံးပြုနိုှင်မည်ဖြစ်ပြီး 3G/HSDPA Technology သုံးထားသည့်အတွက် GSM Network ချိတ်ဆက် အသုံးပြုနိုင် မှာ ဖြစ်ပါတယ်။ Android Version 2.3.5 (Gingerbread)ကို ထည့်သွင်းပေးထားသည့်အတွက် ယခုဈေးကွက်မှာ နာမည်ရှိပြီးသားဖြစ်သည့် Samsung, Sony, Huaweiတို့နဲ့ Lenovo A65က အကောင်းဆုံး နှိုင်းယှဉ်နိုင်မှာ ဖြစ်ပါတယ်။ အချက်အလက်များ သယ်ယူပို့ဆောင်မှု မြန်ဆန်စေရန် 800MHz, MT6573 Processorကို ထည့်သွင်းပေးထားပြီး လက်ဖြင့် စေခိုင်းအသုံးပြုနိုင်တဲ့ Multi-Touchscreenသုံး စမတ်ဖုန်းတစ်လုံး ဖြစ်ပါတယ်။ screen အရွယ်အစားကတော့ ၃.၅ လက်မရှိပြီး screen ကြီးကြီး ကိုင်ဆောင်လိုသူများအတွက် အဆင်ပြေစေမှာ ဖြစ်ပါတယ်။

ကင်မရာ
Lenovo A65 မှာတော့ 3.2 mega pixel/MAX 2048×1536ရှိတဲ့ ကင်မရာကို တပ်ဆင်ပေးထားပါတယ်။ အဆိုပါ ကင်မရာနဲ့ ဓာတ်ပုံ၊ ဗွီဒီယိုများကို ကောင်းမွန်စွာ ရိုက်ကူးနို်င်မှာ ဖြစ်ပါတယ်။

Multimedia
အသုံးပြုနိုင်တဲ့ Multimedia များကတော့ Mp3, MP4, Video, FM radio, GPS Systemတို့ကို အသုံးပြုနိုင်မည်ဖြစ်ပြီး Network ချိတ်ဆက်အသုံးပြုနိုင်ဖို့အတွက် Wi-Fi: IEEE 802.11 b/g, Bluetooth with EDR & A2DP စနစ်တို့ ပါ၀င်ပါတယ်။ ထို့ပြင် Voice Call Recorder, Portable WLAN Hotspot အစရှိတဲ့ functionများကိုလည်း အသုံးပြုနိုင်မည့်အပြင် 3.5mmရှိတဲ့ Audio jackလည်း ပါ၀င်ပါတယ်။

Special Function
Lenovo A65မှာ Special Function အနေနဲ့ Gravity sensor, Proximity Sensor, Light Sensor, GPS, 3G Dual Sim Dual Standby, Multi-touch, Schedule Power On/Offတို့ကို ထည့်သွင်းပေးထားတာ တွေ့့ရပါတယ်။

အားနည်းချက်
သူရဲ့အားနည်းချက်ကတော့ အလင်းရောင်အားနည်းတဲ့အချိန်မှာ ကြည်လင်တဲ့ပုံရိပ်ကို ရိုက်ကူးနိုင်ဖို့အတွက် အလင်း ထုတ်ပေးနိုင်တဲ့ Flash မပါ၀င်ခြင်းပဲ ဖြစ်ပါတယ်။

အားသာချက်
Lenovo A65ရဲ့ အားသာချက်ကတော့ ဈေးနှုန်းအလွန်ချိုသာပြီး Lenovoမှ တိုက်ရိုက်ထုတ်လုပ် ရောင်းချတဲ့အတွက် Warranty အပြည့်အ၀ ရရှိနိုင်မှာ ဖြစ်ပါတယ်။

၀ယ်ယူနိုင်မည့်နေရာ
Lenovo A65ရဲ့ ဈေးနှုန်းကတော့ ကျပ် ၉၃,၀၀၀ ၀န်းကျင်ခန့်သာရှိပြီး KMD Computer Group အမှတ် (၁၇၄/၁၈၂)၊ ပန်းဆိုးတန်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၃၈၅-၈၇၇၊ ၀၁-၃၈၅-၁၇၇တွင် ဆက်သွယ်၀ယ်ယူနိုင်ပါတယ်။

author-avatar

About Min Khant

အမည်ရင်းမှာ ခန့်ကျော်ဆွေဖြစ်ပြီး Myanmar ICT ဂျာနယ်တွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *