News

ပညာရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ် အတွက် မူဝါဒဆိုင်ရာညှိနှိုင်းမှုစကား၀ိုင်း ကျင်းပမည်

BRITISH COUNCIL

ပညာရေးပြုပြင်ပြောင်းလဲမှု လမ်းကြောင်းပေါ်တွင် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ရန်ရည်ရွယ်လျက် ပညာရေးမူဝါဒစကား၀ိုင်းတစ်ခုအား ‘Empowering Higher Education’ ခေါင်းစဉ်ဖြင့် ဇွန်လ ၂၉ မှ ၃၀ ရက်နေ့ထိ နေပြည်တော်တွင် ကျင်းပသွားမည်ဖြစ်သည်။

ဗြိတိသျှကောင်စီနှင့် အာရှဖံွ့ဖြိုးတိုးတက်ရေးဘဏ် ADB ၊ Australian Aid ၊ UNESCO တို့ ပူးပေါင်းကျင်းပမည့် အဆိုပါ ပညာရေးမူဝါဒစကား၀ိုင်းတွင် အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၏ ကိုယ်ပိုင် ဆုံးဖြတ် လုပ်ဆောင်ခွင့်၊ အဆင့်မြင့်ပညာရေးကဏ္႑တွင် တန်းတူပါဝင်နိုင်ရေး၊ မတူကွဲပြားမှုများလက်ခံရေး၊ သာတူညီမျှမှုရှိစေရေး တို့ကိုအားပေးတိုက်တွန်းရန် နှင့် စွမ်းဆောင်ရည်မြင့် အဆင့်မြင့် ပညာရေးကဏ္႑ ဖြစ်ထွန်းလာစေရန် နည်းလမ်းရှာဖွေခြင်း စသည့်အကြောင်းအရာများအား ထည့်သွင်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါမူဝါဒဆိုင်ရာ ညှိနှိုင်းမှုဆွေးနွေးပွဲတွင် ပညာရေး၀န်ကြီးဌာန ပြည်ထောင်စုဒုတိယ၀န်ကြီး ဒေါက်တာမျိုးမြင့်နှင့် အဆင့်မြင့်ပညာရေးဆိုင်ရာ ဥပဒေမူကြမ်းရေးဆွဲရေး ကော်မတီနှင့် ရန်ကုန်တက္ကသိုလ် (ပင်မ) ပြန်လည် အဆင့်မြှင့်တင်ရေးနှင့် မွမ်းမံရေးကော်မတီ ဥက္က္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့အပြင် အမျိုးသားလွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော်မှ ပညာရေးဆိုင်ရာ ကော်မတီအဖွဲ့ဝင် လွှတ်တော်ကိုယ်စားလှယ်များ၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ၊မြန်မာနိုင်ငံပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် မှ အဖွဲ့ဝင်များနှင့် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ ပါမောက္ခချုပ်တို့ တက်ရောက်ဆွေးနွေးမည် ဖြစ်သည်။

Related Posts

2 thoughts on “ပညာရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ် အတွက် မူဝါဒဆိုင်ရာညှိနှိုင်းမှုစကား၀ိုင်း ကျင်းပမည်

  1. ye shin says:

    ..ကျေးဇူးပါ…. အဲဒီပညာရေးမူဝါဒစကားဝိုင်းက ထွက်လာတဲ့ ရလဒ် ၊ အခြေအနေတွေ ကိုလည်း ဆက်လက်တင်ပြပေးသွားစေချင်တယ်

  2. Myo Thiha says:

    အရည်အချင်းရှိပြီးတော်တဲ့သူတွေကိုများများမွေးထုတ်ပေးဖို့ လိုအပ်နေပါတယ်။ဘွဲ့ ရပညာတတ်တွေများလာပြီးအရည်အချင်းမရှိသူတွေတိုးပွားလာနေတာကတော့ မြန်မာနိုင်ငံ အနေနဲ့ မဖြစ်နိုင်တော့တဲ့အခြေအနေပါပဲ။ရှေးတုန်းကမြန်မာတွေက ထက်မြက်ပြီး အရည်အချင်းရှိတဲ့သူတွေများတယ်။အခုတော့ ပညာရေးစနစ်ဝါးမျိုခြင်းခံခဲ့ရတော့ ဒီလိုတွေဖြစ်လာတော့တာပဲ။

Leave a Reply

Your email address will not be published. Required fields are marked *