Business, Lifestyle, News

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဟောပြောဆွေးနွေးပွဲ

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဟောပြောဆွေးနွေးပွဲ

ဇွန်လ ၅ ရက်နေ့တွင် ကျရောက်သော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဟောပြောဆွေးနွေးပွဲကို ဇွန်လ ၅ ရက် ကြာသပတေးနေ့  ညနေ ၅ နာရီအချိန်တွင် ရန်ကုန်မြို့  ကမ်းနားလမ်းရှိ ဗြိတိသျှကောင်စီ စာကြည့်တိုက်၌ ကျင်းပပါမည်။ ဟောပြော ဆွေးနွေးမည့်သူများမှာ Myanmar Climate Change Watchမှ အမှုဆောင်အရာရှိချုပ် ဒေါက်တာဦးထွန်းလွင်နှင့် Myanmar Environmental Working Group မှ အကြံပေးအရာရှိ Professor ဦးခင်မောင်ချိုတို့ ဖြစ်ပါသည်။

ဆွေးနွေးပွဲတွင် ဥတုရာသီနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ ပေါင်းစီးခြင်း (Integrating Climate Change to Development)နှင့် မြန်မာနိုင်ငံတွင် ရာသီဥတုပြောင်းလဲမှုနှင့် ဆီလျှော်စေရန် ပြုပြင်ခြင်း (Climate Change Adaptation in Myanmar) အကြောင်းအရာများကို တင်ပြဆွေးနွေးသွားပါမည်။ ဟောပြောပွဲအပြီးတွင် Presenter များနှင့် သိလိုသည်များကို ဆွေးနွေးနိုင်မည်ဖြစ်ပါသည်။ စိတ်ပါဝင်စားသူများအနေဖြင့် ဇွန်လ ၄ ရက် ဗုဒ္ဓဟူးနေ့ နောက်ဆုံးထား၍ http://tinyurl.com/reserve-now-3 သွားရောက်ကာ onlineမှ စာရင်းပေးနိုင်ပါသည်။ အသင်းဝင် မဟုတ်သူများလည်းပါဝင်နိုင်ပြီး စာကြည့်တိုက်သို့ လာရောက်သောအခါ မှတ်ပုံတင် (သို့) ကျောင်းသားကဒ် တစ်ခုယူဆောင်လာရန် လိုပါသည်။

ဗြိတိသျှကောင်စီ စာကြည့်တိုက် ဝန်ဆောင်မူများအကြောင်းကို အသေးစိပ် သိရှိလိုပါက www.britishcouncil.org.mm/english/libraries သို့မဟုတ် www.facebook.com/BritishCouncil Myanmar သို့ ဝင်ရောက်ကြည့်ရှုကာ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

မနောဖြူလေး

author-avatar

About Ma Naw Phyu Lay

အမည်ရင်းမှာ ယမင်းအေး ဖြစ်ပြီး B.Sc (Zool) Q (Credit) နဲ့ ၂၀၀၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့၊ Post Graduate Diploma in Computer Application ကွန်ပျူတာဘွဲ့ကို ၂၀၁၀ ခုနှစ်နှင့် Research and Development, Diploma in Business Management ဘာသာရပ်များကို ၂၀၁၂ ခုနှစ်တွင် အောင်မြင်ခဲ့၊ စာပေကို ငယ်ငယ်တည်းက ဝါသနာပါပြီး ၂၀၀၆ ခုနှစ်မှ စတင်ကာ ကိုယ်ပိုင်ဘလော့ဂ်ပေါ်တွင် သုတ၊ ရသ၊ သတင်း၊ ဆောင်းပါး၊ ကဗျာများ စတင်ကာ ရေးသားခဲ့ပြီး စာပေကို မြတ်နိုးသူ တစ်ဦးလည်း ဖြစ်ပါသည်။ လုပ်ငန်းခွင်သို့ ၁၉၉၈ ခုနှစ်မှ စတင် ၀င်ရောက်ခဲ့ပြီး တစ်ဖက်မှ ဝါသနာပါရာ စာပေများ ရေးသားလျက် ရှိပါသည်။ ယခုလက်ရှိတွင် Center for Vocational Training (CVT Myanmar) သင်တန်းကျောင်းတွင် Media Related Officer အဖြစ် တာ၀န်ထမ်းဆောင်ရင်း ဝါသနာပါရာ စာပေများ ဆက်လက်ရေးသားလျက် ရှိပြီး စာရေးဆရာမကောင်း တစ်ဦးဖြစ်ရန် ရည်သန်လျက် ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *