News

တောင်ကိုရီးယား အစိုးရ ၀က်ဘ်ဆိုက်တစ်ခု Hackerများ တိုက်ခိုက်

cnet.com

တောင်ကိုရီးယား အစိုးရ ကိုယ်ပိုင် ၀က်ဘ်ဆိုက်တစ်ခုသည် ဟက်ကာများ၏ တိုက်ခိုက််ခြင်း ခံခဲ့ရကြောင်း တောင်ကိုရီးယားနိုင်ငံ၏ သိပ္ပံရေးရာ၀န်ကြီးဌာနမှ ထုတ်ဖော်ပြောကြားခဲ့သည်။ တောင်ကိုရီးယား နိုင်ငံသည် ယင်းတို့၏ ကိုရီးယားစစ်ပွဲပြီးမြောက်ခြင်း ၆၃နှစ်မြောက် အထိမ်းအမှတ်ပွဲတွင် ဟက်ကာများ Hackခြင်းကို နောက်ဆုံးခံခဲ့ရခြင်း ဖြစ်သည်။ ၀န်ကြီးဌာနမှ ပြောကြားချက်အရ အစိုးရကိုယ်ပိုင် ဆိုက်များသည် လွန်ခဲ့သည့်ကြာသာပတေးနေ့တွင် အဟက်ခံခဲ့ရပြီး အတိုက်ခံခဲ့ရသည့် ဆိုက်များတွင် သမ္မတရုံး၀က်ဆိုက်နှင့် မီဒီယာပြန်ကြားရေး ၀က်ဘ်ဆိုက်များ ပါ၀င်ခဲ့ကြောင်း သိရသည်။

တောင်ကိုရီးယားအစိုးရအနေဖြင် ့ ထိုကိစ္စအတွက် ပြင်းထန်သည့် စစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိပြီး ပြည်သူများအနေဖြင့် မိမိတို့၏ ကွန်ပျူတာစနစ်များကို အထူး ဂရုစိုက်ကြရန် တိုက်တွန်း နှိုးဆော်ထားသည်။ အဆိုပါဖြစ်ရပ်အတွက် မသင်္ကာသူအဖြစ် သတ်မှတ်ခံထားရသူ မရှိသေးသော်လည်း တောင်ကိုရီးယား အစိုးရသည် ထိပ်တန်း ကိစ္စတစ်ရပ်အဖြစ် စုံစမ်းမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ခန့်မှန်းရသည်။ တောင်ကိုရီးယားနိုင်ငံသည် မတ်လက ဖြစ်ပွားခဲ့သည့် ကြိုးမဲ့ ဆက်သွယ်ရေးဌာနများနှင့် ဘဏ်များ၏ ကွန်ပျူတာ ရာပေါင်းများစွာအား Hack ခံခဲ့ရခြင်းအပေါ် မြောက်ကိုရီးယားနိုင်ငံအား စွပ်စွဲခဲ့သည်။ တောင်ကိုရီးယားနိုင်ငံရှိ အင်တာနက်အေဂျင်စီမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ယခုတိုက်ခိုက်ခံရသည့် ပုံစံသည် ယခင်မြောက်ကိုရီးယားမှ အရေးကြီး၀က်ဘ်ဆိုက်များကို Hackရန် ကြိုးစားခဲ့သည့်ပုံစံနှင့် တူညီနေသည်ကို တွေ့ရကြောင်း ပြောကြားခဲ့သည်။

2 thoughts on “တောင်ကိုရီးယား အစိုးရ ၀က်ဘ်ဆိုက်တစ်ခု Hackerများ တိုက်ခိုက်

  1. ei hnin phyo says:

    အစိုးရ website ကိုတိုက်ခိုက်နိုင်တယ်ဆိုတော့သူ့မှာအရည်အချင်းတွေအများကြီးရှိလို့ပေါ့

  2. may thu kyaw says:

    အော်…..လူတွေ..အေးအေးမနေကျဘူး…….

Leave a Reply

Your email address will not be published. Required fields are marked *