Education, Lifestyle, News

ဗြိတိသျှကောင်စီမှ တစ်ဦးလျှင် မြန်မာကျပ်ငွေ ၁၉၂ သိန်းခန့်အထိ ရရှိနိုင်မည့် IELTS Scholarship များ၂၀၁၅ ခုနှစ်တွင်ပေးမည်

British Council

ဗြိတိသျှကောင်စီမှ တစ်ဦးလျှင် မြန်မာကျပ်ငွေ ၁၉၂ သိန်းခန့်အထိ ရရှိနိုင်မည့် IELTS Scholarship များ ၂၀၁၅ ခုနှစ်တွင်ပေးမည်

ဗြိတိသျှကောင်စီ မြန်မာနိုင်ငံမှ IELTS Scholarship များကို ၂၀၁၄ ခုနှစ်တွင် စတင်ပေးအပ်ခဲ့ရာ ယခုလာမည့် ၂၀၁၅ ခုနှစ်တွင်လည်း ဗြိတိသျှကောင်စီ မြန်မာမှ IELTS Scholarship ကို အမျိုးအစား နှစ်မျိုးသတ်မှတ်၍ ပေးအပ်သွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါသည်။ ပထမတစ်မျိုးမှာ မြန်မာနိုင်ငံတွင် နေထိုင်သော ကျောင်းသား နှစ်ယောက်အား တစ်ဦးလျှင် စတာလင် ပေါင် ၂၀ဝ၀ (မြန်မာကျပ်ငွေ ၃၂ သိန်းခန့်) ပေးသွားမည်ဖြစ်ပြီး ဒုတိယတစ်မျိုးမှာ အရှေ့အာရှ နိုင်ငံများရှိ British Council များမှ စုပေါင်းချီးမြှင့်သော Regional IELTS Scholarship ဖြစ်ကာ အရှေ့အာရှနိုင်ငံများမှ ထူးချွန်ကျောင်းသား ငါးဦးရွေးချယ်ကာ တစ်ဦးလျှင် ဗြိတိသျှ ပေါင် ၁၂,ဝ၀ဝ (မြန်မာကျပ်ငွေ ၁၉၂ သိန်းခန့်) စီပေးသွားမည့်အစီအစဉ် ဖြစ်ပါသည်။

မြန်မာနိုင်ငံမှ IELTS Scholarship ပညာသင်ဆု လျှောက်ထားလိုသူများမှာ အောက်ပါအချက်အလက် များနှင့် ပြည့်စုံရပါမည်။

– မြန်မာနိုင်ငံတွင် လက်ရှိ နေထိုင်သူ
– မြန်မာနိုင်ငံပြင်ပတွင် ၂၀၁၅ ပညာသင်နှစ်မှ စ၍ ဘွဲ့ကြို (undergraduate) နှင့် ဘွဲ့လွန် (postgraduate) ပညာသင်ကြားမည့်သူ
– IELTS လက်မှတ်အား ဝင်ခွင့်လိုအပ်ချက် တစ်ခုအနေဖြင့် လက်ခံသော တက္ကသိုလ်တွင် တက်မည့်သူ
– IELTS Test Component တစ်ခုချင်းစီ တွင် အနည်းဆုံး band score 6 ရရှိသူ
– IELTS စာမေးပွဲအား ၂၀၁၄ ဇွန်လ ၁ ရက် နှင့် ၄င်းရက် နောက်ပိုင်း ဖြေဆိုထားသူ
– ၂၀၁၅ ဇွန်လ ၃၀ ရက် မတိုင်မီ မိမိလျှောက်ထားသော တက္ကသိုလ်မှ ဝင်ခွင့်အထောက်အထား (acceptance letter) ကို ပြနိုင်သူဖြစ်ရပါမည်။

ပညာသင်ဆု ရရှိသော ကျောင်းသားများအတွက် ၎င်းတို့ တက်မည့် ကျောင်းသို့ တိုက်ရိုက် ငွေကြေးပေးသွင်း ပေးသွားမည်ဖြစ်သည်။ ပညာသင်ဆု လျှောက်လွှာ နှင့် အသေးစိတ် အချက်အလက် များအား ဗြိတိသျှကောင်စီ ဝက်ဗ်ဆိုက် www.britishcouncil.org.mm/ielts-scholarship တွင် download ရယူနိုင်ပါသည်။ ဖြည့်သွင်းပြီးသော လျှောက်လွှာများကို ၂၀၁၅ မေလ ၃၁ ရက် မတိုင်မီ ဗြိတိသျှကောင်စီ သို့ ပေးပို့ပေးရမည် ဖြစ်ပါသည်။ အခြားသိလိုသည်များကို ဗြိတိသျှကောင်စီ ဝက်ဗ်ဆိုက် www.britishcouncil.org.mm နှင့် www.myanmar-network.net တွင် ကြည့်ရှုနိုင်ပါသည်။

ဗြိတိသျှကောင်စီသည် ယခု ၂၀၁၄ နှစ်တွင်လည်း မြန်မာနိုင်ငံမှ IELTS Scholarship အတွက် ထူးချွန်ကျောင်းသား ၂ ဦးအား ရွေးချယ်ပေးအပ်ခဲ့ပြီး အရှေ့အာရှမှ ထူးချွန်ကျောင်းသားများကို ပေးအပ်သော Regional IELTS Scholarship ကို မြန်မာနိုင်ငံမှ ဒေါက်တာသန္တာအောင်က ရရှိခဲ့ပါသည်။ အရှေ့ အာရှနိုင်ငံများတွင် မြန်မာ၊ တရုတ်၊ ဟောင်ကောင်၊ အင်ဒိုနီးရှား၊ ဂျပန်၊ကိုရီးယား၊ မလေး၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်ဝမ်၊ ထိုင်း နှင့် ဗီယက်နမ် တို့ ပါရှိပါသည်။

IELTS စာမေးပွဲကို ဖြေဆိုလိုသူများ (သို့မဟုတ်) IELTS စာမေးပွဲအား စိတ်ဝင်စားသူများသည် သိလိုသည်များကို www.takeielts.org တွင် ကြည့်ရှုနိုင်ပါသည်။ IELTS စာမေးပွဲအား လစဉ် ရန်ကုန် နှင့် မန္တလေးမြို့တို့တွင် ဖြေဆိုနိုင်ပြီး စာမေးပွဲအတွက် လိုအပ်သော စာအုပ်နှင့် လေ့လာရေး အထောက်အကူပြု  ပစ္စည်းများကို ဗြိတိသျှကောင်စီ စာကြည့်တိုက်များတွင် ပြည့်စုံစွာ ရရှိနိုင်ပါသည်။ IELTS စာမေးပွဲဖြေဆိုမည့်သူများ နှင့် စာမေးပွဲအား လေ့ကျင့်လိုသူများအတွက် အွန်လိုင်းမှ ၁၀ နာရီစာ လေ့ကျင့်ခန်းများအား အခမဲ့ဝင်ရောက် လေ့လာနိုင်သည့်အပြင် IELTS ကို ဖြေဆိုရန် စာရင်းသွင်းပြီးပါက အွန်လိုင်းမှ နာရီ ၃၀ စာ လေကျင့်ခန်းများအား အခမဲ့ရရှိပါမည်။

ဗြိတိသျှကောင်စီ မြန်မာ၏ စာမေးပွဲဌာန မန်နေဂျာ ဒေါ်အိအိမွန် မှ IELTS စာမေးပွဲသည် Australia, Canada, USA, UK နိုင်ငံများအပါအဝင် နိုင်ငံတကာရှိ တက္ကသိုလ်များနှင့် အဖွဲ့အစည်းပေါင်း ၉ဝဝဝ ကျော် ၏ အသိအမှတ်ပြု အင်္ဂလိပ်စာအရည်အချင်းစစ်စာမေးပွဲဖြစ်ကြောင်း၊ ယနေ့ခေတ် မြန်မာနိုင်ငံတွင် အလုပ်အကိုင်အခွင့်အလမ်း များပြားလာပြီး နိုင်ငံခြားတက္ကသိုလ်များတွင် ကျောင်းလျှောက်ထားလိုသူများလည်း များပြားလာသည်နှင့်အမျှ ဖြေသူ ဦးရေမှာ ယခင်နှစ်ထက် ၂၀ ရာခိုင်နှုန်း တိုးမြှင့်လာကြောင်း ပြောကြားခဲ့ပါသည်။ ထိုသို့တိုးမြှင့်လာမှုများကြောင့် IELTS စာမေးပွဲဖြေဆိုလိုသူများ အဆင်ပြေစေရန် ရည်ရွယ်၍ ယခုအခါ IELTS စာမေးပွဲများကို ရန်ကုန် နှင့် မန္တလေးမြို့ ၌ တစ်လ၂ကြိမ် ကျင်းပပေးလျက်ရှိကြောင်း ပြောကြားသွားပါသည်။

IELTS စာမေးပွဲ နှင့် ပတ်သက်၍ သိလိုသည်များကို www.facebook.com/BritishCouncilMyanmar (သို့မဟုတ်) www.myanmar-network.net တွင် လည်းကောင်း၊ ဗြိတိသျှကောင်စီ ဖုန်းနံပါတ် ဝ၁-၂၅၆-၂၉ဝ, ၂၅၆-၂၉၁, ၂၅၄-၆၅၈ သို့ ဆက်သွယ်၍ လည်းကောင်း၊ ၇၈ ကမ်းနားလမ်း ရန်ကုန်မြို့ရှိ ဗြိတိသျှကောင်စီရုံးသို့ မိမိ ကိုယ်တိုင်လာရောက်၍ လည်းကောင်း မေးမြန်းနိုင်ပါသည်။

Note to the editor

For more information about British Council events and services please contact:

Myo Ko Ko Oo, Digital and Communications Manager, British Council Myanmar
Email – [email protected]

Thiri Yadanar Kyaw, Digital and Communications Officer, British Council Myanmar
Email – [email protected]

Phone – 01 256-290, 256-291, 254-658 Ext: 3327 (Mobile 09-254-011-298)

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *