Education, Lifestyle, News

ဗြိတိသျှကောင်စီတွင် ဂရီယာဆန် ဆုရ မှတ်တမ်း ရုပ်ရှင်များ ပြသမည်

ဗြိတိသျှကောင်စီတွင် ဂရီယာဆန် ဆုရ မှတ်တမ်း ရုပ်ရှင်များ ပြသမည်

ဗြိတိသျှကောင်စီ မြန်မာတွင် မြန်မာပရိသတ်များအတွက် ယူကေနိုင်ငံမှ ဆုရ မှတ်တမ်း ရုပ်ရှင်များကို လစဉ် (၂၀၁၄ မေလမှ ဒီဇင်ဘာလ အထိ) ပြသမည် ဖြစ်ပါသည်။ မေလ အတွက် ပြသမည့် ရုပ်ရှင်မှာ ဒါရိုက်တာ Peter Travisမှ ရိုက်ကူးထားသည့် Endgame ဖြစ်ပါသည်။

နေ့ရက် – ၂၀၁၄ မေလ ၂၂ ရက်
အချိန် – ညနေ ၆ နာရီ မှ ၈ နာရီ အထိ
နေရာ – ဗြိတိသျှကောင်စီ စာကြည့်တိုက် (အမှတ် ၇၈၊ ကမ်းနားလမ်း၊ ရန်ကုန်မြို့)

Endgameမှာ နိုင်ငံရေး သည်းထိတ်ရင်ဖို ဇာတ်ကားကြီး ဖြစ်ပါသည်။ အသားအရောင် ခွဲခြားရေးဝါဒကို အဆုံးသတ်ခဲ့သော လျှို့ဝှက်ဆွေးနွေးပွဲများနှင့် ယင်းဆွေးနွေးပွဲများ ၁၉၈၅ခုနှစ်တွင် တောင်အာဖရိက၌ ကျင်းပပြုလုပ်နိုင်ရန် အလုံးစုံကို စွန့်လွှတ်စွန့်စားခဲ့ကြသည့် သတ္တိရှင်များ၏ ဖြစ်ရပ်မှန်ဇာတ်လမ်းကို ပီပြင်စွာ ရိုက်ကူး တင်ဆက်ထားပါသည်။

ယူကေနိုင်ငံ၌ ပြုလုပ်ခဲ့သည့် အရေးပါသော ဆွေးနွေးပွဲများတွင် အညတြသူရဲကောင်းများ၏ သတ္တိကို ဤဖြစ်ရပ်မှန် ဇာတ်လမ်းတွင် ပထမဆုံးအကြိမ်အဖြစ် တင်ဆက်ထားပါသည်။ လျှို့ဝှက်ဆွေးနွေးပွဲများမှာ အကြိတ်အနယ် ဆွေးနွေးရပြီး အခက်အခဲများကို ဖြတ်သန်းလျက် စစ်ဖြစ်နေသော ရန်ဘက် အုပ်စုနှစ်စုအကြား ယုံကြည်မှု အနည်းငယ်မျှ ဖြစ်တောင့်ဖြစ်ခဲ တည်ဆောက်နိုင်ပြီး စိတ်ကူးထဲမှာပင် မဖြစ်နိုင်ခဲ့သော အောင်မြင်မှုကို ရှားရှားပါးပါး ရရှိလာခဲ့ပါသည်။

ဗြိတိသျှကောင်စီသည် ဂရီယာဆန် အကျိုးဆောင် ရန်ပုံငွေအဖွဲ့နှင့် ကာလကြာရှည်စွာ မိတ်ဖက်အဖြစ် ဆောင်ရွက်ခဲ့ရာ ယူကေမှ ဆုရ မှတ်တမ်းရုပ်ရှင်များ အမျိုးအစားအားလုံးကို ကမ္ဘာတစ်ဝှန်းမှ ပရိတ်သတ်များ မျက်မှောက်သို့ ဆောင်ကြဉ်းပေးနိုင်ခဲ့သည်။

John Grierson (1898-1972) သည် Drifters and Night Mail မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူအဖြစ် နာမည်ကျော်ပြီး မှတ်တမ်းရုပ်ရှင်၏ ဖခင်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ယူဆခြင်းခံရသူ ဖြစ်ပါသည်။

ဂရီယာဆန် အကျိုးဆောင် ရန်ပုံငွေအဖွဲ့သည် နှစ်စဉ် ဂုဏ်သတင်းကျော်ကြားသော ဗြိတိသျှမှတ်တမ်း ရုပ်ရှင်ဆုကို ချီးမြှင့်လျက် ဗြိတိန်နိုင်ငံနှင့် အခြားနိုင်ငံများမှ အကောင်းဆုံး မှတ်တမ်းရုပ်ရှင် ရိုက်ကူးတင်ဆက်ခြင်းကို အသိအမှတ်ပြုလျက် ရှိပါသည်။ နှစ်စဉ် အကောင်းဆုံးအဖြစ် အဆိုပြုသော မှတ်တမ်းရုပ်ရှင်များကို အထူး ကြည့်ရှုသုံးသပ်ခွင့် ရရှိခဲ့ပါသည်။

author-avatar

About Ma Naw Phyu Lay

အမည်ရင်းမှာ ယမင်းအေး ဖြစ်ပြီး B.Sc (Zool) Q (Credit) နဲ့ ၂၀၀၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့၊ Post Graduate Diploma in Computer Application ကွန်ပျူတာဘွဲ့ကို ၂၀၁၀ ခုနှစ်နှင့် Research and Development, Diploma in Business Management ဘာသာရပ်များကို ၂၀၁၂ ခုနှစ်တွင် အောင်မြင်ခဲ့၊ စာပေကို ငယ်ငယ်တည်းက ဝါသနာပါပြီး ၂၀၀၆ ခုနှစ်မှ စတင်ကာ ကိုယ်ပိုင်ဘလော့ဂ်ပေါ်တွင် သုတ၊ ရသ၊ သတင်း၊ ဆောင်းပါး၊ ကဗျာများ စတင်ကာ ရေးသားခဲ့ပြီး စာပေကို မြတ်နိုးသူ တစ်ဦးလည်း ဖြစ်ပါသည်။ လုပ်ငန်းခွင်သို့ ၁၉၉၈ ခုနှစ်မှ စတင် ၀င်ရောက်ခဲ့ပြီး တစ်ဖက်မှ ဝါသနာပါရာ စာပေများ ရေးသားလျက် ရှိပါသည်။ ယခုလက်ရှိတွင် Center for Vocational Training (CVT Myanmar) သင်တန်းကျောင်းတွင် Media Related Officer အဖြစ် တာ၀န်ထမ်းဆောင်ရင်း ဝါသနာပါရာ စာပေများ ဆက်လက်ရေးသားလျက် ရှိပြီး စာရေးဆရာမကောင်း တစ်ဦးဖြစ်ရန် ရည်သန်လျက် ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *