News

Hp မှ တကယ်ပဲ smart phone ထုတ်လုပ်လိုက်သလား ???

ပြီးခဲ့သည် ့လအနည်းက hp ကုမ္ပဏီသည် ၄င်းအနေဖြင့် smart phone လောကသို့ ပြန်လည်၀င်ရောက်မည့် အစီအစဉ်ရှိကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။ အဆိုပါ သတင်းထွက်ပြီးနောက် ယခုသီတင်းပတ်အတွင်း hp မှ ထုတ်လုပ်သော smart phone ပုံစံမျိုးဖြင့် အင်တာနက် ၀က်ဘ်ဆိုဒ်များတွင် သတင်းများ ပုံများ ထွက်ပေါ်လာခဲ့သည်။ သို့သော် ၄င်း phone တွင် hp logo မှာလည်း မှေးမှိန်လျက်ရှိပြီး ဖုန်းပုံစံမှာ iPhone5 အား ပုံစံတူကူးချထားခြင်း ဖြစ်သည်။

HP ကုမ္ပဏီအနေဖြင့် smart phone တစ်စုံတစ်ရာ ထုတ်လုပ်ခြင်း မရှိကြောင်း တရား၀င်ငြင်းဆိုလိုက်သည်။ ၄င်းတို့အနေဖြင့် အသုံးပြုသူ user များကို အမြဲတစေ ကောင်းမွန်သည့် ၀န်ဆောင်မှုများပေးသွားမည် ဖြစ်ပြီး smart phone ထုတ်လုပ်ဖို့ အစီအစဉ်ရှိကြောင်း၊ သို့သော် ယခုချက်ချင်း မဖြစ်နိုင်သေးကြောင်း ပြောကြားသွားကြောင်း သိရပါသည်။

Ref : http://news.cnet.com/8301-17938_105-57594006-1/leaked-fake-looking-hp-smartphone-is…fake/

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *