Mobile

Sony Xperia V

sony-xperia-v

ဂျပန်နိုင်ငံအခြေစိုက် နာမည်ကျော် နည်းပညာ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Sonyဟာ စမတ်ဖုန်းလောကမှာ Xperia Series ဖုန်းတွေနဲ့ ထိုးဖောက်၀င်ရောက်လာပြီး တခြားမိုဘိုင်းဖုန်း ထုတ်လုပ်တဲ့ ကုမ္ပဏီတွေနှင့်အပြိုင် ဈေးကွက်ထဲမှာ နေရာတစ်နေရာကို အခိုင်အမာ ရယူထားပါတယ်။ Sonyရဲ့ စမတ်ဖုန်းတွေဟာ ဆန်းသစ်လှပတဲ့ ဒီဇိုင်းနှင့်အတူ နောက်ဆုံးပေါ် နည်းပညာတွေကို ထည့်သွင်း ထုတ်လုပ်ထားတဲ့ အတွက်ကြောင့် မိုဘိုင်းဖုန်း သုံးစွဲသူတွေရဲ့ အကြိုက် ဖြစ်နေပါတယ်။ ယခုတဖန် Sony Xperia Series အသစ်တစ်မျိုးဖြစ်တဲ့ Xperia V စမတ်ဖုန်းကို ထပ်မံ ထုတ်လုပ်လိုက်ပါတယ်။ နောက်ဆုံးပေါ် အင်တာနက် ကွန်ယက်စနစ်ဖြစ်တဲ့ 4G LTEကို ထောက်ပံ့ပေးထားပြီး ရေစိုဒဏ်ကို ကာကွယ်ပေးထားခြင်းက Xperia Vရဲ့ သဘောကျစရာ အချက်လေးပါ။ ဈေးနှုန်းကိုတော့ USD 698 သတ်မှတ် ပေးထားတာ တွေ့ရပါတယ်။ Sony Xperia Vကို ၂၀၁၂ခုနှစ် ဒီဇင်ဘာလလောက် ကတည်းက ဈေးကွက်ထဲသို့ ဖြန်ချိပေးခဲ့ပြီ ဖြစ်ပါတယ်။ Xperia Vရဲ့ အသေးစိတ် အချက်အလက်တွေကို အိုင်စီတီ ပရိသတ်တွေအတွက် တင်ဆက် ပေးလိုက်ရပါတယ်။

Display

ပုံရိပ်ပေါ် မျက်နှာပြင် အရွယ်အစား ၄.၃လက်မအရွယ်ရှိပြီး ကုတ်ရာ ခြစ်ရာတွေကို ကာကွယ်ပေးမယ့် TFT Touch Screenကို သုံးစွဲပေးထားပါတယ်။ Full HD Reality Displayကို တပ်ဆင် ပေးထားတဲ့အတွက် စိုပြေတောက်ပတဲ့ ပုံရိပ်တွေကို သဘာ၀ကျကျ လက်တွေ့ ခံစားကြည့်ရှုနိုင်မှာပါ။ တစ်လက်မမှာ ထောက်ပံ့ပေးထားတဲ့ Pixel ပမာဏကတော့ 342ppi ရှိပါတယ်။ Xperia V ရဲ့အရောင် အရည်အသွေးကတော့ 16 Millionရရှိပြီး Resolution ပမာဏဟာ 1280×720 Pixels ရှိပါတယ်။ Sonyရဲ့ နည်းပညာ တစ်မျိုးဖြစ်တဲ့ Mobile BRAVIA Engine 2ကို တပ်ဆင် ပေးထားတဲ့အတွက် စစ်မှန်တဲ့ ပုံရိပ်တွေကို Screenပေါ်မှာ သဘာ၀ကျကျ အရောင်အသွေး စိုပြေစွာ ခံစားကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

Camera

Sony ဒီဂျစ်တယ် ကင်မရာတွေမှာ ပါ၀င်တဲ့ Exmor R CMOS Sensor နည်းပညာကို Xperia Vရဲ့ ကင်မရာမှာ တပ်ဆင် ပေးထားတဲ့အတွက် အရည်အသွေးမြင့်မားတဲ့ ဓာတ်ပုံနှင့် ဗီဒီယိုတွေကို ရိုက်ကူးနိုင်ပါတယ်။ အနောက်ဘက် ကင်မရာက 13 Megapixel ရှိတဲ့အတွက်ကြောင့် ဒီဂျစ်တယ် ကင်မရာတစ်လုံးလို စွမ်းဆောင် ပေးပါလိမ့်မယ်။ ကင်မရာရဲ့ Features တွေကတော့ (Auto Focus, LED Flash, Geo-tagging, Touch Focus, Face and Smile Detection,3D Sweep Panorama, Image Stabilization) အစရှိတဲ့စနစ်တွေ စုံလင်စွာ ထည့်သွင်း ပေးထားပါတယ်။ Full HD ဗီဒီယိုတွေကို (1080p)အထိ ဖမ်းယူ ရိုက်ကူးနိုင်မှာပါ။ VGA Front Facing Camera ပါ၀င်တဲ့အတွက် အင်တာနက်မှ တဆင့် Video Calling ပြုလုပ်နိုင်ပါသေးတယ်။

Battery

ဘက်ထရီ စွမ်းရည်ကတော့ Li-ion 1750 mAh Battery အမျိုးအစား ဖြစ်ပါတယ်။ ဖုန်းပြောဆိုချိန်မှာ ခုနှစ်နာရီ၊ Standby အနေအထားမှာ နာရီလေးရာ၊ သီချင်းနားထောင်ချိန်မှာ ဆယ့်ရှစ်နာရီနှင့် ဗီဒီယို ကြည့်ရှုချိန်မှာ လေးနာရီကြာ ဘက်ထရီ အသုံးခံနိုင်ပါတယ်။

Entertainment

Sony Xperia Series စမတ်ဖုန်းတွေဟာ ဖျော်ဖြေရေးကို ဦးစားပေးပြီး တီထွင် ထုတ်လုပ်ထားတဲ့ အတွက်ကြောင့် သုံးစွဲသူတွေကို စိတ်ကျေနပ်မှုတွေ ပေးစွမ်းနိုင်မှာပါ။ Xperia Vမှာလည်း Gamer တွေအတွက် 3D and Motion Gaming, တေးသီချင်း ကြိုက်နှစ်သက်သူတွေ အတွက် WALKMAN Application, ဗီဒီယို ဇာတ်ကားတွေကို ကြိုက်နှစ်သက်သူတွေအတွက် Movies Applicationစတာတွေကို ထည့်သွင်း ပေးထားတာကြောင့် စမတ်လုံး တစ်လုံးတည်းမှာတင် စွယ်စုံ အသုံးပြုနိုင်အောင် ဖန်တီး ပေးထားပါတယ်။

Hardware & OS

နောက်ဆုံးပေါ် မျိုးဆက်သစ်ဖြစ်တဲ့ Snapdragon S4 Chipsetကို တပ်ဆင် ပေးထားတဲ့အတွက်ကြောင့် Applicationsတွေကို ဒေါင်းလုပ် ပြုလုပ်တဲ့အခါမှာ အလွန်လျင်မြန်တဲ့ Speedကို ရရှိစေမှာဖြစ်ပြီး ဂရပ်ဖစ် မြင့်မားတဲ့ ဂိမ်းတွေကို စွမ်းဆောင်ရည် မြင့်မားစွာ ဆော့ကစား နိုင်ပါလိမ့်မယ်။ စက်အတွင်းပိုင်း လုပ်ဆောင်ချက်တွေကို လျင်မြန်စွာ စွမ်းဆောင်ပေးမယ့် Processorကိုတော့ Dual Core 1.5GHz Kraitကို တပ်ဆင်ပေးထားပြီး Google Android 4.0 (Ice Cream Sandwich) OSကို ထည့်သွင်း ပေးထားပါတယ်။ ရုပ်ထွက်ပိုင်းဆိုင်ရာကို အကောင်းဆုံး ပုံဖော်ပေးမယ့် Andreno 225 GPUကို တပ်ဆင်ထားပြီး Memoryကတော့ 1GB ရှိပါတယ်။ အချက်အလက်တွေကို သိမ်ဆည်းပေးမယ့် Storage ပမာဏက 8GB ရှိပြီး MicroSD Cardကို 32GBအထိ ထမ်မံ တိုးချဲ့ အသုံးပြုနိုင်ပါတယ်။ Xperia X၏ အလေးချိန်ကတော့ 120g ရှိပါတယ်။

Networks & Connectivity

အသုံးပြုနိုင်တဲ့ ကွန်ယက်တွေကတော့ 2G Network (GSM/GPRS/EDGE), 3G Network (HSDPA)နှင့် 4G Network (LTE) ကွန်ယက်တွေမှာ အသုံးပြုနိုင်ပါတယ်။ SIM ကဒ်ကတော့ Micro-SIM အမျိုးအစား ဖြစ်ပါတယ်။ အင်တာနက်အသုံးပြုနိုင်တဲ့ EDGEစနစ်ရဲ့ အမြန်နှုန်းကတော့ 237 kbps အထိ ရရှိနိုင်ပါတယ်။ HSPA+ရဲ့ Download Speed 42Mbpsနှင့် Upload Speed 5.8 Mbps ရရှိပြီး LTE Cat3ရဲ့ Download Speed 100 Mbpsနှင့် Upload Speed 50 Mbps ရရှိမှာ ဖြစ်ပါတယ်။ Wireless အင်တာနက် ချိတ်ဆက်ဖို့အတွက် Wi-Fi 802.11 a/b/g/n, Dual-Band, Wi-Fi Direct, DLNA, Wi-Fi Hotspot စနစ်တွေ ပါ၀င်ပါတယ်။ Bluetooth v4.0 with A2DP, NFC, Micro USB v2.0 အစရှိတဲ့ စနစ်တွေလည်း ပါ၀င် ပါသေးတယ်။

 

author-avatar

About Myo Zin

အမည်ရင်းမှာ မျိုးဇင်ကိုဖြစ်ပြီး Myanmar ICTတွင် နည်းပညာသတင်းများ၊ ကွန်ပျူတာ၊ မိုဘိုင်းဖုန်းစသည့် IT ပစ္စည်းများအကြောင်း ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *