How-to

Smart Phoneရဲ့ Cameraကို အသုံးချနည်းများ

သင့် Smart Phoneရဲ့ Cameraဟာ Photo,Videoတွေ ရိုက်ဖို့အတွက်သာ အသုံး၀င်တာ မဟုတ်ပါဘူး။ ဈေးသက်သာတဲ့ ပစ္စည်းတွေကို ရှာ၀ယ်ဖို့၊ ဘာသာပြန်ဖို့၊ Scannerအဖြစ် အသုံးပြုဖို့ စတာတွေကိုပါ ပြုလုပ်နိုင်ပါတယ်။

ကုန်ပစ္စည်းတွေကို ဈေးသက်သာတဲ့ နေရာမှာ ရွေးချယ်၀ယ်ယူပါ

Storeတစ်ခုမှာ ပစ္စည်းတစ်ခုကို ၀ယ်ယူဖို့ ကြည့်ရှုနေတဲ့အခါ အဲဒီပစ္စည်းရဲ့ ဈေးနှုန်းကို Online Store တွေက ဈေးနှုန်းနဲ့ နှိုင်းယှဉ်ဖို့အတွက် Applicationတွေ ရှိပါတယ်။ ပစ္စည်းရဲ့ Barcodeကို Applicationကနေ Scanလုပ်ပြီး Online Storeက ဈေးနှုန်းတွေနဲ့ နှိုင်းယှဉ် နိုင်ပါတယ်။ Amazonရဲ့ Price Checkက အဲလိုလုပ်ပေးနိုင်ပါတယ်။ Onlineမှာဈေး၀ယ်ဖို့ Shwemoney Virtual Visa Cardကို သုံးနိုင်ပါတယ်။

ဘာသာပြန်ဖို့ သုံးပါ

နားမလည်တဲ့ ဘာသာစကားတစ်ခုကို ဘာသာပြန်ဖို့အတွက်လည်း သင့် Cameraကို သုံးနိုင်ပါတယ်။ Google Translate Applicationက Optical Character Recognition (OCR) စွမ်းရည် ပါရှိတဲ့အတွက် နားမလည်တဲ့ ဘာသာစကားကို Cameraကနေ Photoအဖြစ်ရိုက်ပြီး Google Translateကနေ ဘာသာပြန်နိုင်ပါတယ်။

Visual Searchလုပ်ဖို့ သုံးပါ

Search Applicationတွေမှာ စာနဲ့ရိုက်ပြီး သိချင်တာ ရှာနိုင်သလိုပုံနဲ့လည်း ရှာနိုင်ပါတယ်။ ဥပမာအားဖြင့် Productတစ်ခု အကြောင်းသိချင်တယ်ဆိုရင် Productကို Photoအနေနဲ့ ရိုက်ပြီးအဲဒီ Productရဲ့ သတင်းအချက် အလက်တွေကို ရှာနိုင်ပါတယ်။ Google Goggles Applicationမှာ Visual Searchကို သုံးနိုင်ပါတယ်။

Scannerအဖြစ် သုံးပါ

Smart Phoneရဲ့ Cameraကို Scannerအဖြစ် သုံးနိုင်ပါတယ်။ Google Drive, Evernote, Scan To PDF Free စတဲ့ Applicationတွေက Documentတွေကို Scanလုပ်ပြီး PDFဖိုင်အနေနဲ့ ပြုလုပ်ပေးနိုင်ပါတယ်။

QR Codeတွေကို Scanလုပ်ပါ

QR Code( Quick Response code)တွေကို Application Store, Billboards, Advertisements, Productsတွေမှာ တွေ့မြင်နိုင်ပါတယ်။ အဲဒီ QR Codeတွေကို QR Code Scanner applicationတွေ သုံးပြီးတော့ Scanလုပ်ပြီး သက်ဆိုင်ရာ ၀က်ဆိုက်တွေမှာ Productsတွေရဲ့ သတင်းအချက် အလက်တွေကို လေ့လာနိုင်ပါတယ်။ အဲဒီအတွက် ၀က်ဆိုက်လိပ်စာ ရိုက်ရတဲ့ အလုပ်ရှုပ်မှု ကင်းဝေးစေပါတယ်။

Security Cameraအနေနဲ့ သုံးပါ

Smart Phoneရဲ့ Cameraကို Security Cameraအနေနဲ့လည်း သုံးနိုင်ပါတယ်။ သင့်မှာ အသုံးမပြုတော့တဲ့ Phoneတစ်လုံး ရှိရင် အဲဒီ Phoneကို IP Webcamလို Applicationကိုသုံးပြီး Security Cameraအဖြစ်နဲ့ သုံးနိုင်ပါတယ်။

Smart Phoneတွေဟာ အိတ်ကပ် အရွယ်အစားရှိတဲ့ Computerတွေ ဖြစ်ပါတယ်။ အဲဒီအတွက် Applicationတွေသုံးပြီး Smart Phoneတွေရဲ့ Cameraတွေမှာ သာမာန် Phoneတွေ၊ Digital Camera ထက်ပိုပြီး စွမ်းဆောင်နိုင်တဲ့ စွမ်းရည်တွေကို အသုံးချနိုင်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

3 thoughts on “Smart Phoneရဲ့ Cameraကို အသုံးချနည်းများ

  1. Kick Butto Ski says:

    thanks

  2. Htut Gyi says:

    အရမ်းကောင်း

  3. Pyone Cho OK says:

    like.

Leave a Reply

Your email address will not be published. Required fields are marked *