How-to

နေ့စဉ်အသုံးပြုနေသော keyboardများ၏ shortcutများကို ကိုယ်ပိုင် သတ်မှတ်ခြင်း

နေ့စဉ်အသုံးပြုနေကြတဲ့ computer တွေမှာ လုပ်ဆောင်ချက်တွေ မြန်ဆန်လွယ်ကူစေဖို့ keyboard shortcut တွေအကြောင်း အမေးအဖြေ လုပ်ထားတာလေးကို တင်ပြလိုက်ပါတယ်…

မေး – ကျွန်တော့် ကွန်ပျူတာမှာ copy, paste, cut လုပ်တာတွေကို shortcut တွေနဲ့ အသုံးပြုပါတယ်။ အခုလို သုံးရတာ တကယ့်ကို အဆင်ပြေတာပါပဲဗျာ။ ဒီလိုမျိုးတစ်ခြား keyboard shortcut လေးတွေရှိရင်လည်း ကောင်းမှာပဲ.. ကိုယ်သုံးနေတဲ့ OS ပေါ်မူတည်ပြီး keyboard shortcut တွေ ဖန်တီးလို့ရမလားဆိုတာ သိချင်ပါတယ်။

ဖြေ – Windows OS တွေမှာ ကိုယ့်ရဲ ့ အသုံးပြုမှုပေါ် မူတည်ပြီးတော့ shortcut တွေ အဆင်ပြေသလို အသုံးပြုလို့ရပါတယ်။ “Auto Hot Key” ဆိုတဲ့ application ကိုအသုံးပြုပြီးတော့ shortcut တွေ ရေးသားဖန်တီးထားလို့ ရပါတယ်။ အဲဒီလို ရေးသားထားခြင်းအားဖြင့် မိမိ အသုံးလိုတဲ့အချိန်မှာ အဆင်သင့် အလွယ်တကူ ဆွဲထုတ်ပြီး အသုံးပြုရုံပဲ ဖြစ်ပါတယ်။ အဲဒီ Application က keyboard shortcut သာမက mouse button တွေနဲ့ text input အတိုကောက်တွေ အထိပါ အတော်လေး အသုံး၀င်ပါတယ်။ Mac OS မှာတော့ keyboard shortcuts တွေဟာ keyboard ရဲ ့ section မှာတည်းက ပါလာပြီးသား ဖြစ်ပါတယ်။ သင့်အနေနဲ့ လုပ်ဆောင်ချက်တစ်ခုခုကို shortcut ပေးထားချင်တယ်ဆိုရင် ပေးလိုတဲ့ shortcut ကို အရင်နှိပ်ပြီးတော့ မည်သည့်လုပ်ဆောင်ချက်ဆိုတာကို ရွေးချယ်လိုက်ရုံပဲ ဖြစ်ပါတယ်။

Ref : http://www.popularmechanics.com/technology/how-to/tips/how-to-make-your-own-keyboard-shortcuts-15675102

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *