News

မြောက်ကိုရီးယားဖြစ် စမတ်ဖုန်းမိတ်ဆက်

မြောက်ကိုရီးယားနိုင်ငံသည် ၎င်း၏ပြည်တွင်းတွင် ထုတ်လုပ်သောစမတ်ဖုန်းကို ထုတ်ဖော် မိတ်ဆက်ခဲ့ကြောင်း AFPသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ လေ့လာသုံးသပ်သူတို့ကမူ ဂူဂဲလ်၏ Androidနှင့် ဖန်တီး တည်ဆောက်ထားသော မြောက်ကိုရီးယားနိုင်ငံ၏ စမတ်ဖုန်းသည် အိမ်နီးချင်း တရုတ်နိုင်ငံတွင် ထုတ်လုပ်ခြင်း ဖြစ်ဖွယ်ရှိသည်ဟု ဆိုသည်။Arirangဟု အမည်ပေးထားသော စမတ်ဖုန်းကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က စက်ရုံတစ်ရုံကို လှည့်လည်စစ်ဆေးစဉ် အတောအတွင်း ထုတ်ဖော်မိတ်ဆက်ခဲ့ခြင်း ဖြစ်သည်။ Arirang ဖုန်းထုတ်လုပ်သည့် ရည်ရွယ်ချက်မှာ နိုင်ငံသားများအား တရားဝင် အသုံးပြုခွင့်ပေးခြင်းဖြင့် စောင့်ကြည့်စစ်ဆေးနိုင်ရန် ဖြစ်ကြောင်း အချို့သော လေ့လာသုံးသပ်သူတို့က ယူဆခဲ့ကြသည်။

မြောက်ကိုရီးယားနိုင်ငံတွင် ဆဲလ်ဖုန်းနှင့်ပတ်သက်၍ ၂၀၀၈ခုနှစ်က Orascom အမည်ရှိ အီဂျစ်တယ်လီကွန်း ကုမ္ပဏီက မိတ်ဆက်ပေးခဲ့ပြီး ယခုအခါ မြောက်ကိုရီးယားတွင် ဆဲလ်ဖုန်းအသုံးပြုသူ နှစ်သန်းရှိကြောင်း သိရသည်။ မြောက်ကိုရီးယားနိုင်ငံ၏ ပြည်တွင်းအင်တာနက် ဝန်ဆောင်မှုလုပ်ငန်းကို ၂၀၀၂ခုနှစ်က စတင်ခဲ့ပြီး အချို့သော အစိုးရ အဖွဲ့အစည်းများတွင် သူတို့၏ကိုယ်ပိုင် ဝက်လ်ဆိုက်များလည်း ရှိကြောင်း သိရပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

One thought on “မြောက်ကိုရီးယားဖြစ် စမတ်ဖုန်းမိတ်ဆက်

  1. လွမ်း သူ says:

    မထင်ရဘူးနော်

Leave a Reply

Your email address will not be published. Required fields are marked *