News

မကြာမီဖြန့်ချိတော့မည့် “BlackBerry PlayBook”

လာမည့် လအနည်းငယ်အတွင်း BlackBerry မှ ဖြန့်ချိမည့် BlackBerry PlayBook တွင် နှစ်သက်ရာဘာသာစကား အသုံးပြုနိုင်သော အီးမေးလ်၊ ဖုန်းနံပါတ်များ၊ ဆက်သွယ်ရန် လိပ်စာများနှင့် ပြက္ခဒိန် အစရှိသည့် အသုံး၀င်မည့် feature များစွာ ပါ၀င်လာကြောင်းသိရှိရသည်။ အမေရိကန်ရှိ ဆန်ဖရန်စစ်စကို တွင် အောက်တိုဘာ ၁၈ ရက် မှစတင်၍ မှာယူရရှိနိုင်မည်ဖြစ်သည်။

အသစ်ထွက်ရှိလာမည့် ၄င်း Tablet တွင် BlackBerry Video Store နှင့် Android app Player လည်း ပါ၀င်လာမည်ဖြစ်သည်။ ဂိမ်းကစားခြင်း၊ TV ကြည့်ခြင်း၊ Internet အသုံးပြုခြင်း စသည်တို့ကို တစ်ပြိုင်နက် အသုံးပြုနိုင်မည်ဖြစ်ပြီး resolution လည်းအထူးကောင်းမွန်လာသည်ကို တွေ ့ရှိရသည်။Tablet ၏ specifications အပါအ၀င် အခြားအသေးစိတ်အချက်အလက်များကိုမူ တရား၀င် မထုတ်ပြန်သေးသော်လည်း ၄င်း PlayBook အား ကြိုက်နှစ်သက်သူများစွာရှိနေပြီး ကြိုတင်အော်ဒါ မှာယူမှုများလည်း လက်ခံနေရကြောင်း သိရှိရပါသည်။

Ref : http://www.t3.com/news/blackberry-playbook-native-email-coming-next-month

Leave a Reply

Your email address will not be published. Required fields are marked *