Gaming

DEAD SPACE 3

dead-space-3

2013 ထဲမှာ ထွက်လာမဲ့ ဂိမ်းကောင်းတွေထဲက ဂိမ်းတစ်ခုကို ဒီတစ်ပတ် Preview လုပ်ပေးလိုက်ပါတယ်။ ဂိမ်းတွေက သူ့အထာနဲ့ သူ Good နေတယ်ဆိုပေမဲ့ ကစားရတာ ပိုကောင်းတဲ့ ဂိမ်းတွေကိုဘဲ ဂိမ်းမာတွေက ဂိမ်းကောင်းတွေလို့ သတ်မှတ်ကြတာ များပါတယ်။ အခုလဲ ဂိမ်းကောင်းတွေဘဲ ထုတ်နေတဲ့ Electronic Arts ဂိမ်း Companyက ဒီနှစ်ထဲမှာ ဂိမ်းတစ်ခုကို ထုတ်တော့မှာပါ။ Dead Space 3 လို့ ခေါ်ပါတယ်။ နှစ်စဉ် ပြုလုပ်နေကြဖြစ်တဲ့ E 3 ပြပွဲမှာတော့ 2012 ထဲက မိတ်ဆက်ပြီးသား ဖြစ်နေပါပြီ။ Action ဂိမ်းကောင်းတွေ ကြိုက်တဲ့ ဂိမ်းမာတွေအတွက်တော့ ဒီဂိမ်းလေးက ပို အဆင်ပြေမလားဘဲ။ 2012 အကုန်လောက်မှာ ဂိမ်းတွေက ထွက်တာ ကြဲနေတယ်ဆိုတော့ အခုလို Third-Person Action ဂိမ်းလေး ထွက်လာတာ မျှော်ရကျိူးနပ်တယ်လို့တောင် ပြောလို့ရပါတယ်။ Dead Space 3 ကို မထွက်ခင်ကတည်းက ဂိမ်းပြပွဲတွေမှာ မိတ်ဆက်၊ Demo တွေ ထုတ်ပေးနဲ့ EA က နှစ်သိမ့်ခဲ့တာ အခုနှစ် February 5, 2013 US Date နဲ့ ထွက်တော့ပါမယ်တဲ့။ နှစ်စဉ် ပြုလုပ်နေကြဖြစ်တဲ့ E 3 ပြပွဲမှာတော့ 2012ထဲက မိတ်ဆက်ပြီးသား ဖြစ်နေပါပြီ။ Dead Space 3 ဆိုရင် ဘယ်လို ဂိမ်းမျိူးလဲဆိုတာ သိကြမှာပါ။

Third-Person Action ဂိမ်းတွေက Screen ပေါ်မှာ ဂိမ်းရဲ့ မြင်ကွင်းတွေရယ်၊ ဂိမ်းဇာတ်ကောင်တွေရယ်၊ ကစားတဲ့သူရယ် တစ်ခါထဲ ဆော့ရင်း မြင်တွေ့နေရတာတွေက ရင်ခုန်စရာ ပိုကောင်းပါတယ်။ Third-Person Action ဂိမ်းအမျိူးအစား ဖြစ်သလို Survival Horror ဂိမ်းအမျိူးအစားလဲ ဖြစ်တာကြောင့် ကစားရတာ ပို ရင်ခုန်ရမှာပါ။ Visceral Games Developer တွေကလဲ ဂိမ်းကို အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ပေးထားပါတယ်။ ဂိမ်းရဲ့ ဇာတ်လိုက်တွေကတော့ ထုံးစံအတိုင်း အဟောင်းတွေလဲ ပါလာသလို အသစ်တွေလဲ ထပ်ထည့်ပေးထားပါတယ်။ လက်နက်တွေ ရန်သူတွေက အစပေါ့။ ဒါပေမဲ့ Dead Space 3 ထဲမှာတော့ Upgrade လုပ်ပေးထားတာ ပိုများပါတယ်။ Sergeant John Carver ဆိုရင် Dead Space 3 ရဲ့ အသစ်စက်စက် ဇာတ်ဆောင် တစ်ယောက်ပါ။ Isaac Clarke နဲ့ Ellie Langford နှစ်ယောက်ကိုတော့ တွေ့ဖူးမယ် ထင်ပါတယ်။ ဂိမ်းရဲ့ ဇာတ်လမ်းပုံစံက စစ်ဆင်ရေး တစ်ခုကို ပြီးဆုံးအောင် လုပ်ဆောင်ပေးနေရတဲ့ ပုံစံဆို ပိုမှန်ပါလိမ့်မယ်။ ဒီထဲမှာ ရန်သူတွေက ပုံစံနှစ်မျိူး ဖြစ်နေပါလိမ့်မယ်။ ဂြိုလ်သားလို ရန်သူတွေ ပါနိုင်သလို၊ Monster လို အကောင်တွေလဲ ပါနိုင်ပါသေးတယ်။ ရန်သူတွေက ကြောက်စရာ ကောင်းလောက်အောင် တိုက်ခိုက်ခြင်းကို ခံရနိုင်တဲ့အတွက် ကစားသူက သွက်လက်နေဖို့ လိုပါတယ်။ ရန်သူမျိူးစုံကို တွေ့နိုင်တဲ့ အပြင် အန္တရာယ်မျိုးစုံကိုလဲ ကြုံတွေရမှာပါ။

ရန်သူမျိူးစုံအတွက် လက်နက်မျိုးစုံကိုလဲ စီစဉ်ပေးထားပါတယ်။ လက်နက် တစ်ခုချင်းစီကို ကစားသူက အသုံးပြုရမဲ့ ပုံစံတွေအတိုင်း အသုံးချသွားမှသာ ရန်သူတွေကို ရှင်းလင်းနိုင်မှာ ဖြစ်ပါတယ်။ ရန်သူတွေက ဒီလောက် ကြောက်စရာ ကောင်းပါတယ်လို့ ဆိုမှ ဂိမ်းရဲဲ့ မြင်တွေ့ရမဲ့ ပုံစံတွေနဲ့ ရာသီဥတုတွေက ပိုပြီးတော့ ရင်ခုန်ရအောင် ဖန်တီးပေးထားတာတွေက Dead Space 3 ရဲ့ Developer တွေက ကစားသူတွေကို ပိုပြီး Tempo တက်အောင် လုပ်ပေးထားပါတယ်။ နှင်းတွေ ကျနေတဲ့ အခန်းတွေမှာဆို မှောင်နေတဲ့ကြားကနေ ထွက်လာတဲ့ ရန်သူတွေကို တိုက်ခိုက်ရတာတွေက တကယ့် တုန်လှုပ်စရာ ကောင်းပါတယ်။ PS3, Xbox 360နဲ့ PC တွေပေါ်မှာ ကစားနိုင်မှာဖြစ်တဲ့ Dead Space 3 ကို ကျွန်တော်တို့ဆီက ဂိမ်းကောင်းကောင်းလေးတွေ ကြိုက်တတ်တဲ့ ဂိမ်းသမားလေးတွေ သိရအောင် ဒီတစ်ပတ် ဒီမျှ တင်ပြလိုက်ပါတယ် ခင်ဗျား။

author-avatar

About Yahtar

အမည်ရင်းမှာ အောင်သက်ပိုင်ဖြစ်ပြီး Myanmar ICTတွင် Game Review, How To များကို ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *