Gaming

Joshiraku

joshiraku

Animation Studio J.C.Staff နှင့် စာရေးဆရာ Kōji Kumeta တို့ရဲ့ Joshiraku (Rakugo Girls) ဟာသ ဇာတ်လမ်းသစ်ဟာ Rakugo အမည်ရ ဂျပန်ရိုးရာ ဟာသဖျော်ဖြေရေး ပြဇာတ်ကပြတဲ့ ကောင်မလေးငါးယောက် အကြောင်းကို ဇာတ်လမ်းဆင်ထားတဲ့ Comedy နှင့် Drama အမျိုးအစား Anime Series သစ် ဖြစ်ပါတယ်။ Japan နိုင်ငံမှာ 1860 ကျော် ခုနှစ် တွေက စတင်ပေါ်ပေါက်ခဲ့တဲ့ Rakugo ပြဇာတ်တွေမှာ Rakugokaလို့ ခေါ်တဲ့ ဇာတ်လမ်း တင်ဆက်သူ တစ်ယောက်တည်းမှ ဇာတ်ကောင် နှစ်ယောက် သို့မဟုတ် နှစ်ယောက်နှင့် အထက် ပါဝင်တဲ့ ဇာတ်လမ်းကို စကား ပြောနှင့် ဟန်ပန် ထည့်သွင်း ဖျော်ဖြေရတာ ဖြစ်ပြီး ယနေ့ထိတိုင် ဂျပန်နိုင်ငံမှာ ခေတ်စားနေတဲ့ ဖျော်ဖြေမှု တစ်ခု ဖြစ်ပါတယ်။ Rakugo ပြဇာတ်တွေရဲ့ တစ်ချို့ ပျက်လုံးတွေကို နားလည်ဖို့ ဂျပန်စကား အသွားအလာ နားလည်ဖို့ လိုပြီး အချို့ ပျက်လုံးတိုင်းက English စကား ဘာသာပြန်လိုက်ရင် အရသာ ပျက်သွားနိုင်ပေမည့် Joshiraku ဇာတ်လမ်း ကတော့ Rakugo ပြဇာတ်ကတဲ့အပိုင်း ထက် Rakugo Girls တွေရဲ့ ရယ်စရာ စကားဝိုင်းတွေကို အသားပေး တင်ဆက်ထားတဲ့အတွက် Japan စကား မတတ်ရင်တောင် English Subtitle နဲ့ ကြည့်လည်း အဆင်ပြေမှာ ဖြစ်ပါတယ်။

Joshiraku ရဲ့ ဇာတ်လမ်းတိုင်းဟာ အဓိက ဇာတ်လမ်း ကျောရိုး မရှိဘဲ အဖွဲ့ဝင် ကောင်မလေး ငါးယောက်ရဲ့ ရောက်တပ်ရာရာ စကားလှည့်ပတ် ပြောကြတဲ့ စကားဝိုင်းမှ ရယ်စရာ အဖြစ်အပျက်များနှင့် Tokyo Tower နှင့် Akihabara တို့လို Japan နိုင်ငံရဲ့ နာမည်ကြီး နေရာများကို သွားရောက် လည်ပတ်ပြီး ဟာသတွေ ပြောကြပုံများ ပါဝင်မှာပါ။ Joshiraku ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင် ကောင်မလေး ငါးယောက်ရဲ့ အမည်ကို Rakugo performers တွေရဲ့ Stage Name ပုံစံအတိုင်း “Tei” နှင့် အဆုံးသတ်ထားတာ တွေ့ရပြီး Marii Buratei, Kigurumi Harōkitei နှင့် Tetora Bōhatei စသည်ဖြင့် အမည်ပေးထားတာ တွေ့ရပါတယ်။ Character ဒီဇိုင်းပိုင်းကို ခုနောက်ပိုင်း High School နှင့် Moe’ animation Series တွေမှာလိုမျိုး အရမ်းကြီး ချစ်ဖို့ကောင်းအောင် တမင်မဆွဲထားပဲနဲ့ ဆံပင်ရောင်စုံတွေက လွဲလို့ ကျန်တဲ့အပိုင်းတွေကို သဘာဝကျကျ ဆွဲထားပြီး Voice Acting ပိုင်းနှင့် လှုပ်ရှားမှု Character Movement Animation ပိုင်းတွေ ကောင်းမွန်တဲ့အတွက်ကြောင့် ဇာတ်ကောင် ငါးယောက်လုံးက တစ်ယောက်နှင့် တစ်ယောက် ပုံစံ ကွဲပြား နေတာ တွေ့ရမှာပါ။ အပိုင်း ၂ ပိုင်း ၃ ပိုင်း လောက် ကြည့်ပြီးတာနဲ့ ဇာတ်ကောင် တစ်ယောက်ချင်းဆီရဲ့ Personality တွေကို ခွဲခြားနိုင်မှာ ဖြစ်ပါတယ်။

Joshiraku မှာ ပုံမှန်ဟာသ ဇာတ်လမ်းတွေ အပြင် အခြား Anime နှင့် Manga ဇာတ်လမ်းများ၊ ပြင်ပမှ အဖြစ်အပျက်များကို သရော်ထားတဲ့ Satire ပိုင်းလေးတွေ ပါဝင်သလို တစ်ချိန်လုံး စကားပြောနေတဲ့ ဇာတ်လမ်းကို စာအုပ်ဖတ်ရင် အလုပ်ဖြစ်နေရဲ့သားနဲ့ ဘာလို့ Animation ဇာတ်လမ်းဆွဲ နေသေး လည်း ဆိုပြီး ကိုယ့်ဇာတ်လမ်းကိုယ် ပြန်လည် သရော်ထားတဲ့ ပုံစံမျိုးလေးတွေ ပါဝင်တဲ့အတွက် Satire နှင့် Parody ဟာသတွေကို နှစ်သက်သူတွေလည်း သဘောကျမှာပါ။ Lucky Star နှင့် Sayonara Zetsubou Sensei လို ဇာတ်လမ်းတွေကို ပေါင်းစပ်ထားတဲ့ Joshiraku ဟာ တစ်ချို့ပျက်လုံးတွေကို နားလည်ဖို့ Japan စကား အခြေခံတတ်ဖို့ လိုအပ်ပေမည့် Comedy နှင့် Slice of Life ဇာတ်လမ်း နှစ်သက်တဲ့ ပရိသတ်များကတော့ သဘောကျမှာ ဖြစ်ပါတယ်။

author-avatar

About Nay Aung Latt

အမည်ရင်းမှာ နေအောင်လတ်ဖြစ်ပြီး Myanmar ICTတွင် Game Animation/ PC Game များအကြောင်းကို ရေးသားလျက်ရှိပါသည်။

2 thoughts on “Joshiraku

  1. Reo Fz says:

    google ဆို ဘယ်နေရာမှာ mmsub ကြည့်လို့ရလဲဗျ

    1. ICT.com.mm says:

      mmsub တော့မရှိသေးပါဘူးခင်ဗျ။

Leave a Reply

Your email address will not be published. Required fields are marked *