Gaming, Review

Dead Island Riptide

2013 ထဲမှာ ထွက်မဲ့ ဂိမ်းတွေထဲကမှ အမိုက်စား ဂိမ်းတစ်ခုကို Preview အဖြစ် မိတ်ဆက်ပေးပါ့မယ်။ 2013မှ ထွက်မှာ ဖြစ်ပေမဲ့ ဒီဂိမ်းက အရမ်းမိုက်လို့ preview တင်ပြလိုက်တာပါ။ Dead Island Riptideလို့ အမည်ပေးထားပါတယ်။ Publisher Deep Silverက ထုတ်မှာ ဖြစ်ပြီး 2011 တုန်းက ထွက်ထားတဲ့ Dead Islandဟာ အခု ထွက်မဲ့ Dead Island Riptideနဲ့ ဘာမှ မဆိုင်ပါဘူးလို့ ပြောထားပါတယ်။ ပြောချင်တာကတော့ Dead Island Riptide ဟာ Dead Island 2 မဟုတ်ပါဘူး။ သူ့ဇာတ်လမ်းနဲ့ သူ အသစ်တဖန် ထွက်လာမဲ့ ဂိမ်းတစ်ခုပါ။ Developer အဖြစ်Techlandက တာ၀န်ယူ ဖန်တီးပေးထားတဲ့ Dead Island Riptideကို E3 ပြပွဲ စတင် မိတ်ဆက်ပေးခဲ့ကြပါတယ်။ First-Person Action ဂိမ်းအမျိုးအစားဖြစ် RPG ဂိမ်းအမျိုးအစားလို့လဲ ပြောလို့ရတဲ့ open-world အဖြစ်ပါ ကစားနိုင်ပါတယ်။ အရင် ဇာတ်ကောင်တွေက သူ့အတိုင်း ပြန်ပါလာပေမဲ့ Dead Islandရဲ့ ဇာတ်လမ်းအဆက် ပုံစံမျိုး မဟုတ်တဲ့ ဇာတ်လမ်း အသစ်နောက် တစ်ခုနဲ့  Dead Island Riptideကို စထားပါတယ်။

ဆိုရွားတဲ့ ရာသီဥတု တစ်ခုကြောင့် Purna၊ Xian Mei အရင် ဂိမ်းထဲမှာ ပါတဲ့ ဇာတ်ကောင်တွေ စီးလာတဲ့ helicopterက ကျွန်းတစ်ကျွန်းပေါ်မှာ ပျက်ကျသွားခဲ့ပါတယ်။ ဇာတ်ကောင်တွေ ခရီးဆက်စရာ helicopterလဲ မရှိတော့တာကြောင့် အဲ့ဒီ ကျွန်းပေါ်မှာဘဲ ခဏနေရင်း Dead Islandက စလာပါတော့တယ်။ helicopter ပျက်ကျတဲ့ ကျွန်းက ဖြစ်ချင်တော့ ဇွန်ဘီး ရှိနေတဲ့ ကျွန်းဖြစ်နေပါတယ်။ ကစားရမဲ့ ပုံစံက အဲ့ဒီ့ ကျွန်းပေါ်ကနေ လွတ်မြောက်အောင် လုပ်ရမဲ့ ပုံစံမျိုးပါ။ ဇွန်ဘီး တွေလဲ ပါနေတာကြောင့် တကယ့် သည်းထိတ် ရင်ဖို ကစားရမှာပါ။ ဂိမ်းရဲ့ ပုံစံက တကယ် ဆော့လို့ ကောင်းမယ်ဆိုတာ မထွက်ခင်ထဲက ကြိုတွက်ထားလို့ ရပါတယ်။ ဒီဂိမ်းထဲမှာ အထိက ရန်သူအဖြစ် ရင်ဆိုင်ရမှာ ဇွန်ဘီးတွေဖြစ်တဲ့အတွက် သူတို့ကို နည်းလမ်းပေါင်းစုံနဲ့ တိုက်ခိုက်ရမှာပါ။ ဇွန်ဘီး အသစ်တွေလဲ ပါလာနိုင်ပါတယ်။ စဆော့တဲ့ အခန်းကနေ ဆော့နေရင်း Tempoတွေ မြှင့်သွားနိုင်ပါတယ်။

Dead Island Riptideက အသစ် ဖြစ်နေတဲ့အတွက် Character အသစ်တွေ၊ အခန်းအသစ်တွေ၊ လက်နက်အသစ်တွေ ထည့်ပေးထားတယ်ဆိုတာ မမှားနိုင်ပါဘူး။ အသေအချာ လုပ်ဆောင်မှ level တစ်ခုကို အောင်မြင်သွားမှာပါ။ ဇွန်ဘီးတွေကလဲ အစုလိုက် အပြုံလိုက်ကို လာနေတာဆိုတော့ ဆော့နေရင်း သတိရှိရှိ ကစားရ မလိုတောင် ဖြစ်နေပါတယ်။ Helicopter ပျက်ကျပြီး ရောက်လာတယ်ဆိုတော့ ဇွန်ဘီးတွေက အရမ်းကြိုက်တယ်ဆိုတာ မမေ့နဲ့ဦးနော်။ အဲ့ဒီကျွန်းပေါ်မှာ လူစစ်စစ်ဆိုလို့ Helicopter စီးလာတဲ့ ဇာတ်ကောင်တွေဘဲ ရှိတာကို။ ဂိမ်းရဲ့ ဇာတ်လမ်းလေး ကတင် ကောင်းနေတဲ့အပြင်၊ ကစားရတာလဲ အတော် မိုက်မှာပါ။ 2013လို့ ကြော်ငြာထားပေမဲ့ ထွက်မဲ့ရက်ကို အတိအကျ သတ်မှတ်မထားသေးပါဘူး။ ဒါပေမဲ့ တကယ် ထွက်လာရင်တော့ ဇွန်ဘီးတွေပါမှ ကစားချင်တဲ့၊ အသည်းထိတ် ရင်ဖို ဂိမ်းတွေ ဆော့ချင်တဲ့ သူတွေအတွက်ကတော့ မျှော်ရကျိုးနပ်မှာပါ။

author-avatar

About Yahtar

အမည်ရင်းမှာ အောင်သက်ပိုင်ဖြစ်ပြီး Myanmar ICTတွင် Game Review, How To များကို ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *