Cameras, Review

180° အထိ လှည့်ယူ အသုံးပြုနိုင်မယ့် LCD Screen ပါ၀င်တဲ့ Sony ကင်မရာသစ်

မကြာသေးမီကမှ ပြည်တွင်း ဈေးကွက်ထဲကို ၀င်ရောက်လာတဲ့ Sony NEX-F3D ကင်မရာလေးကို မိတ်ဆက်ပေးချင်ပါတယ်။ အဆိုပါ ကင်မရာက Professional အသုံးပြုနိုင်တဲ့ DSLR ကင်မရာ အမျိုးအစား ဖြစ်ပါတယ်။ 16.1 Megapixels ပါ၀င်ပြီး မည်သည့် အလင်းရောင် အနည်းအများ အပေါ်မှာမဆို အလွန် ကြည်လင် ပြတ်သားတဲ့ Imageတွေ ရရှိဖို့အတွက် APS-C Size Sensorကို အသုံးပြုထားတာ တွေ့ရပါတယ်။ အသံ အရည်အသွေး ကောင်းကောင်းဖြင့် Full HD Videoလည်း ရိုက်ကူးနိုင်ပါသေးတယ်။

အလန်းစား Display
Sony NEX-F3D ကင်မရာမှာ ၃ လက်မ အရွယ်အစား ရှိတဲ့ TFT Xtra Fine LCD Screen ပါ၀င်ပါတယ်။ Resolutionကတော့ 921,600 dot ရှိပါတယ်။ အဲဒီ Screenကို 180° အထိ လှည့်ယူ အသုံးပြုနိုင်ခြင်းကတော့ ဒီကင်မရာရဲ့ အားသာချက် တစ်ခုလို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် Screenကို အပေါ်လှန်ပြီး ကိုယ့်ပုံ ကိုယ် ကြည့်၍ တိုက်ရိုက် ရိုက်ကူးနိုင်ပါလိမ့်မယ်။ မိုဘိုင်းဖုန်းတွေမှာ ရှေ့မှာ တပ်ထားတဲ့ Secondary ကင်မရာနဲ့ ကိုယ့်ပုံ ကိုယ် ရိုက်ကူးနိုင်တဲ့ ပုံစံမျိုးပါပဲ။
ဒီဇိုင်းပိုင်း
အခု ထုတ်လုပ်လိုက်တဲ့ ကင်မရာလေးက အရင် ထုတ်လုပ်ပြီးသား Sony ကင်မရာနဲ့ မတူပဲ ကိုင်ဆောင်ရ လွယ်ကူအောင် Digital ကင်မရာ ပုံစံမကျ၊ Professional ကင်မရာ ပုံစံမကျ ဒီဇိုင်းထွင်ထားတာ တွေ့ရပါတယ်။ Frame ကြီးကြီး Professional ကင်မရာတွေလို မဟုတ်ပဲ ပေါ့ပေါ့ပါးပါးနဲ့ ကိုင်ဆောင်ရ လွယ်ကူတဲ့အတွက် သွားလေရာမှာ ယူဆောင်သွားနိုင်မှာ ဖြစ်ပါတယ်။
Sensorရဲ့ လုပ်ဆောင်ချက်
ထည့်သွင်းပေးထားတဲ့ Exmor APS HD CMOS Sensorက Image တွေကို Resolution မြင့်မြင့်မားမားနဲ့ ဖော်ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။ နောက်ပြီး အဲဒီ Sensorက Noise Level ကိုလည်း အနိမ့်ဆုံးထိ ရောက်အောင် လျှော့ချပေးနိုင်ပါတယ်။ ISO range ကတော့ 200-16000 အထိ ရှိပါတယ်။
Full HD Movie ရိုက်ကူးနိုင်
1920 x 1080i ရှိတဲ့ Full HD Movie များကိုလည်း ရိုက်ကူးနိုင်ပါတယ်။ Quality မြင့်မားတဲ့ AVCHD Video တွေကို Autoနဲ့ရော Manualနဲ့ရော ရိုက်ကူးနိုင်ပါတယ်။ Lensကိုတော့ 16 mmနဲ့ 18-55 mm Lensမှာ ကြိုက်နှစ်သက်ရာကို အသုံးပြုနိုင်ပါတယ်။ Built-in Flash ပါ၀င်ပြီး 5.5 fps ရိုက်ကူးနိုင်ပါတယ်။
3D Sweep Panorama
ဒီကင်မရာမှာ 3D Sweep Panorama Function ပါ၀င်ပါတယ်။ 3D Sweep Panorama ဆိုတာကတော့ Image တွေကို မြင်ကွင်းကျယ်ကျယ်ဖြင့် ရိုက်ကူးနိုင်ပြီး 3D ကြည့်လို့ရတဲ့ TV တွေမှာ ရိုက်ကူးထားတဲ့ ပုံတွေ၊ Video တွေကို 3D ပုံရိပ်နဲ့ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

စိတ်၀င်စားဖွယ်ရာ Modeများ
ပြုံးနေတဲ့အချိန်ကို Focus ချိန်ပြီး အမိအရ ရိုက်ကူးပေးမယ့် Smile Shutter Mode၊ မျက်နှာပြင် အရေးအကြောင်းပေါ်ခြင်းများကို ညှိနှိုင်းပေးမည့် Soft Skin Mode၊ White/ Black ညီတဲ့ အချိန်မှ ရိုက်ကူးပေးမည့် Face Detection Mode စသည့်ဖြင့် စိတ်၀င်စားဖွယ် Modeများကို အသုံးပြုပြီး လှပတဲ့ ပုံတွေကို ရိုက်ကူးနိုင်ပါလိမ့်မယ်။
အားသာချက်
Sony NEX-F3D ကင်မရာရဲ့ အားသာချက်ကတော့ LCD Screenကို လိုသလို လှည့်ပြီး အသုံးပြုလို့ရတဲ့အတွက် မိမိ ပုံတွေကို ကြိုက်သလို ကြည့်ရှု ရိုက်ကူးနိုင်ခြင်းပါပဲ။ နောက်တစ်ချက်ကတော့ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေ၊ Video တွေကို 3D Effectနဲ့ ကြည့်ရှုနိုင်ခြင်းပါပဲ။
အားနည်းချက်
အားနည်းချက်ကို ပြောရမယ်ဆိုရင် ဓာတ်ပုံ၊ Videoများ ရိုက်ကူးနေစဉ်အတွင်း လက်တုန်ခါမှုကြောင့် Image ဝါးခြင်းများကို အပြည့်အ၀ ကာကွယ်ပေးနိုင်မယ့် Image Stabilizer မပါ၀င်ခြင်းပါပဲ။
သုံးသပ်ချက်
Sony NEX-F3Dက ဒီဇိုင်း ပုံစံက သေသပ်ပါတယ်။ နောက်ပြီး ပေါ့ပါးတဲ့အတွက် သွားလေရာမှာ ကိုယ်န့ဲ မကွာ သယ်ဆောင်သွားနိုင်ပါတယ်။ ဒါကြောင့် နည်းပညာ အသစ်အဆန်း ကင်မရာများကို အသုံးပြုချင်သူတွေအတွက် အကောင်းဆုံးလို့ ထင်မြင်မိပါတယ်။
၀ယ်ယူနိုင်မည့်နေရာ
Sony NEX-F3D ကင်မရာကို ၀ယ်ယူချင်တယ် ဆိုရင်တော့ ကျပ် ၇၂၅,၀၀၀ ၀န်းကျင်ဖြင့် Sony (Bo Aung Kyaw) ဖုန်း ၀၁-၃၉၈-၅၆၆ သို့ ဆက်သွယ် ၀ယ်ယူနိုင်ကြောင်း သိရှိရပါတယ်။

» Full Specifications
» 16.1 Megapixels
» Exmor APS HD CMOS Sensor
» Full HD AVCHD video
» 3D Sweep Panorama
» BIONZ processor
» Wide sensitivity range from ISO 200-16000
» Built-in flash
» 18-55 mm & 16 mm Lens
» 180° tilting LCD for easy self-portraits

Leave a Reply

Your email address will not be published. Required fields are marked *