Opinion

တင်ဒါ ခေါ်တိုင်းလည်း မျှတ လွတ်လပ်သည်ဟု မဆိုနိုင်သေး

ဒီဘက်ခေတ်ကြီးမှာ ၀န်ကြီးဌာနများမှ နေ့စဉ်သတင်းစာများတွင် ဌာန၏ လိုအပ်သော စက်ပစ္စည်းများ၊ ပရိဘောဂများ အစရှိသည်တို့ကို အိတ်ဖွင့် တင်ဒါအဖြစ် ခေါ်ယူလာကြသော်လည်း မျှတစွာ စီးပွားရေး လုပ်ကိုင်နိုင်သည်ဟု ဆိုလို၍ မရသေးကြောင်း သတင်းရပ်ကွက်မှ ပြောကြားလာပါသည်။ အဓိက အကြောင်းရင်းကတော့ ခေါ်စာတွေထဲမှာ အသေးစိတ် အချက်အလက်များကို မဖော်ပြ ထားခြင်းပဲ ဖြစ်သည်ဟု ဆိုသည်။ ထို့ကြောင့် Project တစ်ခုအတွက် လိုအပ်သည်များကို လုပ်ငန်းရှင်များမှ အတိအကျ မသိနိုင်ပဲ မှန်းဆ၍ အိတ်ဖွင့်တင်ဒါကို ဌာနသို့ သွားရောက် တင်သွင်းရပြီး တိကျသော လမ်းညွန်မှုများ ချမှတ်ပေးထားခြင်း မရှိသေးဟု လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။ အရင်ကလို မဟုတ်ပဲ လုပ်ငန်းရှင်အားလုံး ဌာန အသီးသီး၏ လိုအပ်သော ပစ္စည်းများကို နိုင်ငံတော်၏ လိုအပ်ချက်အတွက် ဖြည့်ဆည်းပေးနိုင်ဖို့ ယခုလို တင်ဒါ တင်သွင်းနိုင်လို့ ကျေနပ် အားရမိသော်လည်း ဌာန၏ လိုအပ်ချက်များမှာ နောက်ဆုံး မည်သူ့ရွေးချယ်မည်ဟု ဆုံဖြတ်သည့် အချိန်ကျမှ အပြောင်းအလဲ များစွာ ဖြစ်ပေါ်ပြီး ၎င်းတို့နှင့် နီးစပ်ရာ လုပ်ငန်းရှင်များထံသို့သာ ပြန်လည် အလုပ်ပေးနေကြသည့်အတွက် မျှတမှုတော့ မရှိသေးကြောင်း ထပ်မံ ပြောကြားလာသည်။ အချိန်ကုန် လူပန်း၊ ပိုက်ဆံလည်း ကုန်ပြီး နေပြည်တော်သို့ သွားရောက်ရသည့်အတွက်လည်း မိမိ၏ လုပ်ငန်းများ လစ်ဟင်းမှု ရှိကြောင်း၊ အသေးစိတ် အချက်အလက်များကို ဖော်ပြပြီး ရွေးချယ်ခါနီးမှ လိုအပ်ချက်တွေ ပြောင်းသွားတာမျိုး မဟုတ်ပဲ၊ လုပ်ငန်းရှင်အားလုံးမှ လိုအပ်သည့် အသေးစိတ် အချက်အလက်များကို ကြိုတင် သိနှင့်ပြီး Proposal တင်သွင်းကာ ဌာနမှလည်း မျှမျှတတ ရွေးချယ်မည်ဆိုရင်တော့ ပင်ပန်းရကျိုးနပ်ကြောင်း သတင်းရပ်ကွက်မှ ကြားသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *