Gaming, Review

Dance Central 3

ဂိမ်းတွေက လူတချို့အတွက် ဖျော်ဖြေရေးနေရာတွေမှာပါ နေရာယူလာကြပါပြီ။ တိုက်ခိုက်တဲ့ ဂိမ်းတွေ၊ စိတ်လှုပ်ရှားမှုတွေ ခံစားတဲ့ ဂိမ်းတွေအပြင် လူတွေကို ပျော်ရွင်မှုတွေပါ ရစေနိုင်တဲ့ ဂိမ်းတွေပါ ထွက်နေကြပါပြီ။ အဲ့လို ဂိမ်းတွေက ကစားရတာ စိတ်ပျော်ရွှင်စေတဲ့အပြင်် ကိုယ် လက် လှုပ်ရှားမှုတွေ ဖြစ်ပေါ်စေပါတယ်။ ကျွန်တော်တို့ဆီမှာ ကစားကွင်းတွေ စပေါ်လာတဲ့ အချိန်ကစပြီး လူငယ်တွေကြားထဲမှာ ခေတ်စားလာတာ တစ်ခု ရှိတယ်ဗျ။ အဲ့ဒါဘာလဲဆိုတော့ ကစားကွင်းရောက်ရင် SEGAက ထုတ်တဲ့ ဂိမ်းစက်အကြီးကြီးတွေ ရှေ့ မှာ ဖွင့်ထားတဲ့ သီချင်း မြိုင်မြိုင်ဆိုင်ဆိုင်တွေနဲ့ ကကြတာပါဘဲ။ အခုအချိန်ထိ ကစားတွေ ရောက်ရင် ကနေကြတဲ့ သူတွေ ရှိနေတုန်းပါဘဲ။ ကျွန်တော် ပြောချင်တာဘာလဲဆိုတော့ အဲ့လို ဂိမ်းစက်အကြီးကြီးတွေ ရှိမှ ကလို့ ရနိုင်တဲ့ ခေတ်ကနေ နောက်ပိုင်း XBOXလို game platformတွေမှာပါ ကစားလို့ရအောင် ဂိမ်းထုတ်လုပ်တဲ့ ဂိမ်းcompanyတွေက ထုတ်လုပ်လာကြပါတယ်။ အဲ့လို ဂိမ်းတွေ ဆော့ချင်တယ်ဆိုရင်တော့ XBOXနဲ့ Kinectလို့ခေါ်တဲ့ game consoleတွေ ရှိယုံနဲ့ အခန်းထဲမှာ တစ်ယောက်ထဲ ဟဲဗီး သောင်းကျန်းလို့ ရပါပြီ။

အဲ့လို အပီ ကဲချင်တဲ့ သူငယ်ချင်းတွေအတွက် Harmonixနဲ့ Microsoftတို့ ပေါင်းပြီး ထုတ်ထားတဲ့ Dance Central 3နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ ဒီဂိမ်းက အောက်တိုဘာလထဲမှ ထွက်မဲ့ dance ဂိမ်းတစ်ခုပါ။ အောက်တိုဘာလ ၁၉ရက်နေ့မှာ အာရှထဲမှာ ဖြန့်ချိပါလိမ့်မယ်။ အခုလက်ရှိ XBOXမှာ Kinectနဲ့ ဆော့နေကြတဲ့သူတွေအတွက်ကတော့ နောက်ထပ် စိတ်ပျော်ရွှင်စေမဲ့ ဂိမ်းတစ်မျိုး ဆော့ရတော့မှာပေါ့။ ဒီဂိမ်းကတော့ ရှင်းပါတယ် သီချင်းသံစဉ်များစွာနဲ့ ကခုန်ရမဲ့ ဂိမ်းပါဘဲ။ ရှေ့ မှာ ထွက်ထားတဲ့ စီးရီးတွေကို သီချင်းတွေ ထပ်ထည့်ပြီး ကကွက် အဆန်းတွေ ထပ်ပေါင်းထားတာပါ။ သီချင်းအသစ်တွေ အများကြီး ထပ်ထည့်ပေးထားပါတယ်။ ဒီဂိမ်းကို ဆော့ပြီးရင် dancer တစ်ယောက် ဖြစ်သွားနိုင််မယ် ထင်တယ်။ သီချင်းတွေက ခေတ်ဟောင်းသီချင်းတွေပါတဲ့အပြင် Usherရဲ့ Screamတို့ 2NE1ရဲ့  I Am The Best သီချင်းတွေပါ ပါတယ်ဆိုတော့ လန်းမယ်ဆိုတာတွက်ထားလို့ ရပါသေးတယ်။ Hip Hop သီချင်းတွေနဲ့မှ ကချင်သေးတယ်ဆိုရင်လဲ Lil Jon၊ The East Side Boyz ft. Ying Yang Twinsတို့ရဲ့ Get Low သီချင်း ဒါမှမဟုတ် shuffleတွေ ဆွဲချင်တယ်ဆိုရင် LMFAOရဲ့  Sexy And I Know It သီချင်းတွေအပြင် သီချင်းအပုဒ်ပေါင်း ၁၀၀ ကျော် ပါ၀င်ပါတယ်။

Game modeက singleရော multiပါ ရတယ်ဆိုတော့ သူငယ်ချင်းနဲ့ ဒါမှမဟုတ် တစ်ယောက်ယောက်နဲ့ပါ တွဲကနိုင်ပါသေးတယ်။ ဂိမ်းကပထမ အဆင့်က ရမဲ့သီချင်းတွေကို အောင်မြင်အောင် ကနိုင်မှ နောက်တဆင့်မှာ သီချင်းအလန်းတွေနဲ့ ကနိုင်မှာ ဖြစ်ပါတယ်။ အဖွဲ့လိုက် ကရမဲ့ အခန်းတွေပါသလို အကပြိုင်တဲ့ ပြိုင်ပွဲပုံစံတွေပါ ကစားရမှာ ဖြစ်ပါတယ်။ Dance Central 3က XBOXမှာဘဲ ကစားနိုင်မှာ ဖြစ်ပါတယ်။ ကစားနေတာ သင် ကိုယ်တိုင် ကစားနေတာဖြစ်တဲ့အတွက် ကနေတဲ့သူဆိုတာလဲ သင်ကိုယ်တိုင်ဖြစ်နေလို့ စည်းချက်တွေကို မမှားအောင် ကဖို့တော့ လိုပါတယ်။ ဒါမှလဲ နောက်အခန်းတွေမှာ သီချင်း အလန်းတွေနဲ့ ကရမှာ ဖြစ်ပါတယ်။ XBOX ပိုင်ရှင်တွေကတော့ Dance Central3 နဲ့ အောက်တိုဘာလထဲမှာ သောင်းကျန်းကြတော့မယ် ထင်တယ်။

author-avatar

About Yahtar

အမည်ရင်းမှာ အောင်သက်ပိုင်ဖြစ်ပြီး Myanmar ICTတွင် Game Review, How To များကို ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *