Cameras, Review

အသေးစား DSLR ကင်မရာပုံစံ ဒီဇိုင်း ဆင်ထားတဲ့ Nikon P510 Compact Camera

ဒီတစ်ပတ်မှာတော့ ဈေးနှုန်းချိုသာပြီး ပြည်တွင်းမှာ လူကြိုက်များနေတဲ့ Nikon Coolpix P510 ကင်မရာ အကြောင်းကို ဖော်ပြပေးချင်ပါတယ်။ ဈေးနှုန်း သက်သက် သာသာနဲ့ အကောင်းဆုံး ကင်မရာကို ကိုင်ဆောင်ချင်သူများအတွက် အဆင်ပြေစေမယ့် ကင်မရာ တစ်လုံး ဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ သယ်ဆောင်ရ လွယ်ကူပြီး Body ကို အနီ၊ အပြာ၊ အစိမ်းဆိုပြီး အရောင် သုံးရောင် ထုတ်လုပ်ထားတဲ့အတွက် ကြိုက်နှစ်သက်ရာကို ရွေးချယ်နိုင်ပါသေးတယ်။

အဓိက ပါ၀င်သော Feature များ
Nikon Coolpix P510 ကင်မရာက 16.1 Megapixel ရှိပြီး 24-1000mm Lens ကို အသုံးပြုပေးထားပါတယ်။ အဆင့်မြင့် superzoom ဆွဲယူနိုင်တဲ့ compact ကင်မရာ အမျိုးအစားဖြစ်ပြီး optical zoom ဆွဲယူနိုင်တဲ့ ပမာဏကတော့ 42X ရှိပါတယ်။ ယခင် ထွက်ရှိပြီးသား P500 မှာတော့ 38X optical zoom နဲ့ 23-810mm Lens ကိုသာ အသုံးပြုခဲ့ပြီး ဒီကင်မရာမှာတော့ zoom ပမာဏရော၊ Lens အရည်အသွေးရော တိုးမြှင့်ထားတာကို တွေ့ရပါတယ်။ အခုလို superzoom ဆွဲယူနိုင်ဖို့အတွက် 16MP ရှိတဲ့ CMOS sensorကလည်း ကောင်းစွာ ထောက်ပံ့ပေးထားပါသေးတယ်။ ဒီမရာမှာ GPS function နဲ့ image stabilization စတဲ့ feature သစ်များကို ထည့်သွင်းပေးထား ပါသေးတယ်။

အံမခန်း Zoom ဆွဲယူနိုင်ခြင်း
Nikon Coolpix P510 က Megazoom ဆွဲယူနိုင်တဲ့ compact တစ်လုံးဆိုတာကို အခြား DSLR ကင်မရာများနဲ့ mirrorless စနစ်ပါ နည်းပညာမြင့် ကင်မရာများရဲ့ focal range နဲ့ နှိုင်းယှဉ်ကြည့်ပါက သိသာစေမှာ ဖြစ်ပါတယ်။ compact ကင်မရာလေးတစ်လုံးက 1000mm အထိ lens ဆွဲယူနိုင်ခြင်းဟာ အံ့အားသင့်စရာပါ။ Canon PowerShot SX40 HS မှာ 35X wide angle zoom ရှိပြီး Sony Cyber-shot HX200V 30X zoom ရှိတဲ့အတွက် 42X optical zoom ဆွဲယူနိုင်တဲ့ Nikon P510 ကင်မရာက စွမ်းရည်မြင့်လှပါတယ်။ အေ၀းက ပုံရိပ်တွေကို ဆွဲယူရိုက်ကူးရာမှာတော့ အမြင့်ဆုံး Qualityကို ပေးစွမ်းနိုင်ပါတယ်။

Feature များစွာကို တိုးမြှင့်ထား
P510မှာ Feature များစွာကို တိုးမြှင့်ထားတာ တွေ့ရပါတယ်။ အရင် ထွက်ရှိထားတဲ့ compact ကင်မရာတွေမှာ 12 megapixelsသာ အမြင့်ဆုံး အသုံးပြုထားပြီး ယခု 16 megapixelsအထိ အသုံးပြုထားပါတယ်။ Shutter speedsကိုလည်း 1/1500th secondကနေ 1/2000th secondအထိ တိုးမြှင့်ထားပါသေးတယ်။ ISO rangeက 100-3200 ရှိပြီး အချိန်ခဏတာ အတောအတွင်းမှာ 5 shots အထိ ဆက်တိုက် ရိုက်ကူးနိုင်ပါတယ်။ တစ်က္ကန့်ကို 5 shots အထိ ရိုက်ကူးနိုင်တယ်ဆိုတာက 8 shots အထိ ရိုက်ကူးနိုင်တဲ့ ကင်မရာများနဲ့တော့ မနှိုင်းယှဉ်နိုင်ပါဘူး။ ဒါပေမယ့် နေ့စဉ် ရိုက်ကူးရေး လုပ်ဖို့အတွက်ဆိုရင်တော့ အခုလို Frame rate ခြားနားချက်က မပြော ပလောက်ပါဘူး။

အသေးစား DSLR သဖွယ် ဒီဇိုင်း
Bodyကိုတော့ အလှပဆုံး ပြင်ဆင်ပေးထားပြီး Lens တွေကို အလိုက်ဖက်ဆုံး ဆင်ယင်ပေးထားပါတယ်။ အရှေ့ ကို ထွက်နေတဲ့ Lensရဲ့ ပြောင်းနဲ့ လိုက်ဖက် ညီအောင် ပြင်ဆင်ထားတာကို တွေ့ရပါတယ်။ အသေးစား DSLR ကင်မရာတစ်လုံးသဖွယ် ဒီဇိုင်းထုတ်ထားပြီး အလေးချိန်နဲ့ အရွယ်အစားမှာတော့ တကယ့် DSLR ကင်မရာများထက် သေးငယ်ပေါ့ပါးပါတယ်။ ဒါကြောင့် သင့်ရဲ့ လက်ထဲမှာ ပေါ့ပေါ့ပါးပါး ကိုင်ဆောင်နိုင်ပါတယ်။ သူရဲ့ အလေးချိန်က ၁၉.၆ အောင်စသာ လေးပါတယ်။

အားသာချက်
သူရဲ့ အားသာချက်တွေကတော့ DSLR ကင်တစ်လုံးသဖွယ် ဒီဇိုင်းဆင်ထားပြီး ရိုက်ကူးနိုင်တဲ့ Quality မြင့်မားခြင်းပဲ ဖြစ်ပါတယ်။ နောက်ပြီး ဓာတ်ပုံများ ရိုက်ကူးနေရင်း လက်တုန်ခါခြင်းကြောင့် ပုံရိပ် ဝါးခြင်းများကို အကောင်းဆုံး ကာကွယ်ပေးနိုင်တဲ့ image stabilization စနစ်လည်း ပါ၀င်တာ တွေ့ရပါတယ်။

အားနည်းချက်
အားနည်းချက်ကတော့ တစ်က္ကန့်အတွင်း အများဆုံး ရိုက်ကူးပေးနိုင်တဲ့ Frame rate နည်းခြင်းပါပဲ။ အဲဒီပြဿနာက အခြားကင်မရာတွေနဲ့ နှိုင်းယှဉ်ရင် အကြီးမား ဆုံး ခြားနားခြင်း မဖြစ်စေပါဘူး။

၀ယ်ယူနိုင်မည့် နေရာ
Nikon Coolpix P510ကို ၀ယ်ယူချင်တယ်ဆိုရင်တော့ ဈေးနှုန်း ကျပ် ၄၅၀,၀၀၀ ၀န်းကျင်ဖြင့် မြန်မာ့အလှ ကင်မရာနှင့် ဟန်းဆက်ပစ္စည်းအရောင်းဆိုင် ဖုန်း 01-392-693သို့ ဆက်သွယ် ၀ယ်ယူနိုင်ပါတယ်။

Key Specifications
» 42X optical zoom
» 24-1000mm Lens
» 16.1MP CMOS sensor
» 3”, tiltable 921k-dot LCD
» ISO 100-3200
» 1/2000th second Shutter speeds
» Image stabilization
» PASM shooting modes
»1920 x 1280 video mode
» Inbuilt GPS with logging function
» Weight (with battery and SD card) 555 g (1.22 lb / 19.58 oz)
» Dimensions 120 x 83 x 102 mm (4.72 x 3.27 x 4.02 inches)

Leave a Reply

Your email address will not be published. Required fields are marked *