KMD Computer Centreတွင် ဖွင့်လှစ်သင်ကြားလျက်ရှိသော University of Greenwich (UK)မှ ပေးအပ်ချီးမြှင့်သော BSc (Hons) BIT ဘွဲ့သင်တန်းအတွက် 2013-2014 ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ထူးချွန်စွာအောင်မြင်သော ကျောင်းသား၊ ကျောင်းသူများအတွက် Scholarship များကို ပေးအပ်လျက်ရှိပါသည်။
1st year Computing/Business IT Diploma သင်တန်းအတွက် ဂုဏ်ထူး၆ဘာသာနှင့် ၅ဘာသာရရှိထားသော ကျောင်းသား၊ ကျောင်းသူများသည် သင်တန်းကြေး ၁၀၀% ကင်းလွတ်ခွင့် ရရှိမည်ဖြစ်ပြီး၊ ဂုဏ်ထူး၄ဘာသာ ရရှိသူများအတွက် သင်တန်းကြေး ၅၀% ကင်းလွတ်ခွင့်၊ ဂုဏ်ထူး၃ဘာသာ ရရှိထားသူများသည် သင်တန်းကြေး ၄၀% နှင့် ဂုဏ်ထူး၂ဘာသာနှင့် ၁ ဘာသာရရှိထားသူများသည် သင်တန်းကြေး ၂၀% အား ကင်းလွတ်ခွင့် ရရှိမည်ဖြစ်ပါသည်။
BSc (Hons) Business Information Technology Degree သင်တန်းအား တက်ရောက်မည်ဆိုပါက သင်တန်းကာလမှာ ၃ နှစ်ခန့် ကြာမြင့်မည်ဖြစ်ပြီး၊ ပထမနှစ်နှင့် ဒုတိယနှစ် သင်တန်းများ ပြီးဆုံးပါကလည်း NCC Education (UK)မှ သီးခြား ပေးအပ်သော နိုင်ငံတကာ အသိအမှတ်ပြု Diploma များကို ရရှိမည်ဖြစ်ပါသည်။
KMD Computer Centre သည် NCC Education (UK)နှင့် ချိတ်ဆက်၍ ပြည်တွင်း၌ပင် ကုန်ကျစရိတ်သက်သာစွာဖြင့် နိုင်ငံတကာအသိအမှတ်ပြု Diploma နှင့် Degree များကို ရယူနိုင်ရန်အတွက် သင်ကြားပို့ချပေးလျက်ရှိပါသည်။ KMD Computer Centre သည် NCC Education (UK) အသိအမှတ်ပြု သင်တန်းများကို ၁၉၉၃ ခုနှစ်မှ စတင်၍ သင်ကြားပို့ချပေးခဲ့ပြီး သင်ကြားပြသပေးသော ဆရာ၊ဆရာမများမှာလည်း ဝါရင့်ကျွမ်းကျင်သော ဘွဲ့ရဆရာ၊ ဆရာမများမှ စနစ်တကျ သင်ကြားပေးလျက်ရှိပါသည်။
ထို့အပြင် KMD Computer Centre သည် NCC Education (UK) မှ ချီးမြှင့်သော ပညာရပ်ဆိုင်ရာ အကောင်းဆုံးထူးချွန်ဆု (NCC Education Academic Excellent Award) ကို နိုင်ငံပေါင်း ၅၀ ကျော်ရှိ NCC Education Centre ပေါင်း ၃၅၀ ကျော်မှ နှစ်ကြိမ်တိုင်တိုင် ထိုက်တန်စွာ ရရှိခဲ့ပြီး တစ်ကမ္ဘာလုံးအဆင့်ထိ အမှတ်အများဆုံး ရရှိသော ကျောင်းသား၊ ကျောင်းသူ (၂၉) ဦး၊ အာရှနိုင်ငံများအတွင်း အမှတ်အများဆုံး ရရှိသော ကျောင်းသား၊ ကျောင်းသူ (၃၃) ဦး နှင့် အမှတ်အများဆုံး ရရှိသော ကျောင်းသား၊ ကျောင်းသူပေါင်း (၂၅၉) ဦးတို့ကို KMD Computer Centre မှ အဆက်မပြတ် မွေးထုတ်ပေးလျက်ရှိပါသည်။ 1st year Computing Diploma သင်တန်းအတွက် သင်တန်းကာလ တစ်နှစ်ဖြစ်ပြီး ကွန်ပျူတာပညာရပ်နှင့် ပတ်သက်သည့် နောက်ဆုံးပေါ်ဘာသာရပ်များကို စာတွေ့၊ လက်တွေ့ သင်ယူရမည်ဖြစ်ပါသည်။ ထို့အပြင် ပထမနှစ်သင်တန်းတွင် ပြုလုပ်ရမည့် Assignment များကို လွယ်ကူစွာ ပြုလုပ်နိုင်ရန်အတွက် KMDမှ Value Added Courses များကို ပံ့ပိုးသင်ကြားပေးမည်ဖြစ်ပြီး KMD၏ Certificateကိုလည်း ပေးအပ်ချီးမြှင့်မည်ဖြစ်ပါသည်။ ထို့အပြင် ပထမနှစ် အောင်မြင်သူများသည် NCC Education (UK) မှ ချီးမြှင့်သော နိုင်ငံတကာအသိအမှတ်ပြု ဒီပလိုမာလက်မှတ်ကို ရရှိမည်ဖြစ်ပါသည်။
ပထမနှစ် Diploma ရရှိပြီးသူတစ်ယောက်အနေဖြင့် Junior Programmer, Junior Software Engineer, Junior Database Designer, Junior Web Developer, Junior Network Engineer, Junior Hardware Engineer တစ်ယောက်အဖြစ် အသက်မွေးဝမ်းကျောင်းပြုနိုင်မည်ဖြစ်ပါသည်။
2nd year Computing/Business IT Diploma သင်တန်းတွင် System Analysis/Design Methodology, Network Technology, Database Analysis and Design, Business Management, Project Management နှင့်ဆိုင်သော ပညာရပ်များကို စာတွေ့/လက်တွေ့ သင်ကြားရမည်ဖြစ်ပါသည်။ဒုတိယနှစ် အောင်မြင်ပြီးသူများအနေဖြင့် NCC Education (UK) ၏ အသိအမှတ်ပြု ဒီပလိုမာလက်မှတ်ကို ရရှိမည်ဖြစ်ပြီး လုပ်ငန်းခွင်တွင် System Analyst, Web Administrator, Network Engineer တစ်ယောက်အဖြစ် အသက်မွေးဝမ်းကြောင်း ပြုနိုင်မည်ဖြစ်ပါသည်။
ဒုတိယနှစ် အောင်မြင်ပြီးသူများအနေဖြင့် University of Greenwich (UK)မှ ပေးအပ်မည့် BSc (Hons) Business Information Technology (Final Year) Degree သင်တန်းကို ဆက်လက်တက်ရောက်နိုင်ပြီး အောင်မြင်ပါက နိုင်ငံတကာအသိအမှတ်ပြု Degreeကိုကုန်ကျစရိတ်သက်သာစွာဖြင့် ရယူနိုင်မည်ဖြစ်သည်။
BSc (Hons) BIT Degree သင်တန်းတွင် Businessနှင့် IT ပညာရပ်နှစ်ခုစလုံးအား ကျယ်ပြန့်စွာ သင်ကြားရမည်ဖြစ်ပြီး သင်ကြားပြသပေးသော ဆရာ၊ ဆရာမများမှာ Overseas Lecturer နှင့် Overseas experienced ရှိပြီး ICT Industryတွင် အတွေ့အကြုံရင့်ကျက်သော Lecturer များမှ သင်ကြားပြသပေးမည် ဖြစ်ပါသည်။ 2013 အထိ KMD မှ မွေးထုတ်ပေးထားသော ဘွဲ့ရသူ ၉၅၅ ဦး ရှိပြီဖြစ်ပါသည်။ BSc (Hons) BIT Degree ကို ရရှိထားသူ တစ်ယောက်သည် Project Manager, Database Administrator, eCommerce Expert, Systems Executive တစ်ယောက်အနေဖြင့် အသက်မွေးဝမ်းကျောင်း ပြုနိုင်မည်ဖြစ်ပါသည်။
ထို့အပြင် Master Degree ကို နိုင်ငံတကာတက္ကသိုလ်များတွင် ဆက်လက်တက်ရောက်မည် ဆိုပါကလည်း တိုက်ရိုက် တက်ရောက်နိုင်ရန်အတွက် KMD Overseas Studies Counseling Services မှလည်း ကူညီဆောင်ရွက်ပေးမည်ဖြစ်ပါသည်။ KMD Computer Centreတွင် သင်ကြားပို့ချလျက်ရှိသော University of Greenwich မှပေးအပ်မည့် ဘွဲ့သင်တန်းအကြောင်း သိရှိလိုပါက www.kmd.com.sg တွင် ဝင်ရောက်လေ့လာနိုင်သကဲ့သို့၊ Scholarship Program နှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက KMD Computer Centre (Head Office) အမှတ်(၁၇၄-၁၈၂)၊ ပန်းဆိုးတန်းလမ်း (အလယ်ဘလောက်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း-(၀၁) ၃၈၁၇၇၆၊ ၃၈၁၀၃၅၊ ၃၈၁၁၂၉၊ ၃၉၁၂၈၆။ KMD Computer Centre (မြေနီကုန်း) အမှတ် (၃၃၁)၊ ပြည်လမ်း၊ မြေနီကုန်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း- ၅၂၇၄၃၆၊ ၅၃၄၁၇၀၊ ၅၀၂၂၃၃ နှင့် KMD Computer Centre (China Town)၊ ရန်ကုန်မြို့။ ဖုန်း- ၇၀၀၈၉၅၊ ၅၀၂၂၃၃ တို့တွင် မေးမြန်းစုံစမ်းနိုင်ပါသည်။