Education, Lifestyle

Singapore Institute of Management (SIM) ၏ အောက်တိုဘာကျောင်းဝင်ခွင့်အတွက် တစ်ဦးချင်း ဆွေးနွေးပေးမည့် အစီအစဉ်

Singapore Institute of Management (SIM) ၏ အောက်တိုဘာကျောင်းဝင်ခွင့်အတွက် တစ်ဦးချင်း ဆွေးနွေးပေးမည့် အစီအစဉ်

RVi INSTITUTE မှ ပေးပို့လာသော သတင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Singapore Institute of Management (SIM), SIM Global Education၏ ၂၀၁၄ ခုနှစ် အောက်တိုဘာလ ကျောင်းခေါ်ကြိမ်အတွက် ဇူလိုင်လ ၁၅ ရက်နေ့တွင် နောက်ဆုံးလျှောက်ထားရမည် ဖြစ်သည်။ ကျောင်းလျှောက်ထားခြင်း ဝင်ခွင့်ဆိုင်ရာအချက်အလက်များနှင့် ပတ်သက်သော တစ်ဦးခြင်းဆွေးနွေးပေးခြင်း အစီအစဉ်ကို SIM ကျောင်းတာဝန်ရှိသူမှ RVi Institute တွင် ဇူလိုင်လ ၂ ရက်နေ့ နေလည် ၃း၃၀ မှ ၅း၃၀ အထိဆွေးနွေးပေးပါမည်။

SIM ၏ Diploma များဖြစ်သော Diploma in Management Studies, Diploma in Accounting, Diploma in International Business, Diploma in Banking & Finance မှ မိမိနှစ်သက်ရာ Diploma program ကိုတက်ရောက်နိုင်ပြီး၊ သင်တန်းကာလမှာ ၁၈ လဖြစ်ပါသည်။ Diploma ပြီးမြောက်ပါက SIM နှင့်ချိတ်ဆက်ထားသောယူကေ၊ အမေရိကန်နှင့် သြစတြေးလျ တက္ကသိုလ်များမှ ပေးအပ်မည့် ဒီဂရီများကို SIM တွင်ဆက်လက်သင်ယူနိုင်ပါသည်။

IGCSE ဖြင့် အောင်မြင်ထားသူများ (သို့မဟုတ်) ဆယ်တန်းအောင်မြင်ထားသော ကျောင်းသားကျောင်းသူများ မိမိတို့စိတ်ဝင်စားသော Diploma မှတဆင့် Bachelor အထိတက်ရောက်နိုင်ပါသည်။

SIM GE သည် AsiaOne People’s Choice Awards ၂၀၁၄ မှ Best Private InstituteAward ကိုထပ်မံရရှိသဖြင့် ၆ နှစ်ဆက်တိုက် Best Private School Award ကိုရရှိထားသောကျောင်းဖြစ်ပါသည်။စိတ်ပါဝင်စားသော ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် RVi INSTITUTE အမှတ် ၇၂၊ ချင်းတွင်းလမ်း၊ ကမာရွတ်မြို့နယ်၊ ဖုန်းနံပါတ် ဝ၁-၂၃၀၅၉၉၈၊ ဝ၉-၈၇၀၂၉၁၁ တို့သို့ဆက်သွယ်စာရင်းပေးသွင်း နိုင်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *