News

၂၀၁၃ ကမ္ဘာ့သြဇာအကြီးမားဆုံး ပုဂ္ဂိုလ်ဆယ်ဦး စာရင်းတွင် ပူတင်ထိပ်ဆုံးကရှိ

ဖော့စ်မဂ္ဂဇင်းသည် ယခုနှစ်အတွက် ကမ္ဘာပေါ်တွင်သြဇာအကြီးမား ပုဂ္ဂိလ် ၁၀ဦးစာရင်းကို ထုတ်ပြန် ကြေညာခဲ့ရာ မထင်မှတ်ဖွယ် အပြောင်းအလဲများ ဖြစ်ခဲ့သည်ကို တွေ့ရသည်။

ယခုနှစ် ကမ္ဘာသြဇာအကြီးမားဆုံး ပုဂ္ဂိုလ်စာရင်းတွင် ၂၀၀၉ ခုနှစ်ရွေးကောက်ပွဲ အနိုင်ရရှိခဲ့ပြီးနောက် နံပါတ်တစ်နေရာကို အပိုင်သိမ်းထားခဲ့သော သမ္မတအိုဘာမားသည် ဒုတိယနေရာသို့ ဆင်းပေးခဲ့ရသည်။ နံပါတ်တစ်နေရာကို လူအခွင့်အရေး ချိုးဖေါက် မှုများဖြင့် နာမည်ကြီးနေသော ရုရှားသမ္မတ ပူတင်ကအံ့သြဖွယ် ရယူနိုင်ခဲ့သည်။ အဆင့်သုံးနေရာကို လွန်ခဲ့သောနှစ်က အဆင့်ကိုးနေရာတွင် ရပ်တည်ခဲ့သော တရုတ်သမ္မတ ရှီကျင့်ဖျင့်က ရရှိခဲ့သည်။

အဆင့်လေးနေရာကို ပုပ်ရဟန်း မင်းကြီးဖရန်စစ်ကတစ်ဆင့်တိုးကာ ရပ်တည်နိုင်ခဲ့ပြီး အဆင့်ငါးနေရာကို ၂၀၁၂ခုနှစ်တွင် အဆင့်နှစ်ချိတ်ခဲ့သော ဂျာမနီ၀န်ကြီးချုပ် အင်ဂျလာမာကယ်ကဆင်းပေး ခဲ့ရသည်။ အဆင့်ခြောက်နေရာတွင် Microsoft ပိုင်ရှင် ဘီလ်ဂိတ်ကရပ်တည်နေပြီး လွန်ခဲ့သောနှစ် အဆင့်လေးမှ ကျဆင်းခဲ့ခြင်းဖြစ်သည်။ အဆင့် ခုနှစ်အဖြစ် အမေရိကန် ဗဟိုဘဏ် ဥက္ကဌ ဘန်ဘာနန်ကီက အဆင့်ခြောက်နေရာမှ လျှော့ကျခဲ့ပြီး ဆော်ဒီဘုရင် အဗ္ဗဒူလာက တစ်ဆင့်ကျကာ အဆင့်ရှစ်တွင် တည်ရှိနေသည်။ တစ်ဆင့်ကျသွားသော ဥရောပဗဟိုဘဏ် ဥက္ကဌ မာရီယိုဒရက်ဂီက အဆင့်ကိုးနေရာကို ရရှိခဲ့သည်။

ဖေါ့စ်မဂ္ဂဇင်း၏ နှစ်စဉ်အယ်ဒီတာများ ရွေးချယ်သော သြဇာအကြီးမာဆုံး ပုဂ္ဂိုလ်ဆယ်ဦးစာရင်းမှ အံ့ဖွယ်ဖယ်ရှား ခြင်းခံရသူမှာဗြိတိန်၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်းဖြစ်ပြီး ၀န်ကြီးချုပ် ဖြစ်လာပြီးနောက်ပိုင်းပထမဦးဆုံး အကြိမ် ထိပ်တန်းကမ္ဘာ့ သြဇာအကြီးမားဆုံး စာရင်းမှ လျော့ကျခဲ့ခြင်းဖြစ်သည်။

ဖေါ့စ်မဂ္ဂဇင်း အမှုဆောင်အယ်ဒီတာမိုက်ကယ် နိုယာကသြဇာကြီးမားသော ပုဂ္ဂိုလ်နှင့် ကောင်းသော ပုဂ္ဂိုလ်များ ကြားတွင် အခြေခံအားဖြင့် ကွဲပြားခြားနားမှုရှိသည်ဟုဆိုပြီးသြဇာအကြီးဆုံးပုဂ္ဂိုလ်များကို ရွေးချယ်ရာတွင် ၄င်းတို့၏အခွင့်အာဏာဖြင့် ကမ္ဘာကိုအပြောင်းအလဲ လုပ်နိုင်သူများကို အခြေခံထားကာ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

One thought on “၂၀၁၃ ကမ္ဘာ့သြဇာအကြီးမားဆုံး ပုဂ္ဂိုလ်ဆယ်ဦး စာရင်းတွင် ပူတင်ထိပ်ဆုံးကရှိ

  1. Than Tun Lin says:

    အရင္တံုးကေတာ့ဟစ္တလာေပါ့။

Leave a Reply

Your email address will not be published. Required fields are marked *