Gadgets

Philipsရဲ့ နောက်ဆုံးထွက် Brilliance Blade 2 23”

Philipsကုမ္ပဏီထုတ် နောက်ဆုံးပေါ် နည်းပညာသုံး Brilliance Blade 2 မော်ဒယ် ၂၃လက်မ အရွယ်ရှိ မော်နီတာ ဈေးကွက် ၀င်ရောက်လာတာ တွေ့ရပါတယ်။ LED အမျိုးအစား မော်နီတာ ဖြစ်ပြီး Black Levelအပိုင်းမှာ အထူးကောင်းမွန်တာ တွေ့ရပါတယ်။ အားနည်းချက် တစ်ခု အဖြစ်နဲ့တော့ DVI Port မပါ၀င်တာ တွေ့ရပေမယ့် ဈေးနှုန်းအပိုင်းနဲ့ Screenအကျယ်အပိုင်း၊ စွမ်းအင် အသုံးပြုမှု သက်သာခြင်းတွေကြောင့် ကောင်းမွန်တဲ့ မော်နီတာ တစ်လုံးလို့ ပြောနိုင်မှာပါ။ Screenမှာ အသုံးပြုထားတဲ့ နည်းပညာက iPhoneနဲ့ iPadတွေမှာ ပါတဲ့ IPSနည်းပညာ ဖြစ်တာကြောင့် အရည်အသွေး စိတ်ချရ မယ့် မော်နီတာ ပါ။ နောက်ပြီး ပြသပေးနိုင်မယ့် အကျယ်အ၀န်းက ၂၃ လက်မ အပြည့်ဖြစ်ပြီး စုစုပေါင်း Resolutionနှုန်းက 1920×1080 Pixelနှုန်းနဲ့ ပြသပေးမှာပါ။ နောက်ပြီး ရုပ်ထွက် အပိုင်းမှာ Full HDအရည်အသွေး ရုပ်ထွက်တွေကို 1080 Pixelနှုန်းနဲ့ ပြသပေးမှာ ဖြစ်ပါတယ်။ Panel အမျိုးအစားက IPS Panel ဖြစ်တာကြောင့် Response Timeတွေကို အကောင်းဆုံး သရုပ်ဖော်ပေးနိ်ုင်မှာ ဖြစ်ပါတယ်။ Contrast Ratioက 10,000,000:1 ဖြစ်တာကြောင့် Graphicမြင့်တဲ့ Gameတွေကိုတောင်မှ အကောင်းဆုံး ကြည့်ရှု ကစားနိုင်မှာပါ။ နောက်ပြီး IPSရဲ့ အားသာချက်တွေ ဖြစ်တဲ့ အရောင်အသွေး ပိုမို စုံလင်ခြင်း၊ Viewing Angel ပိုမို ကောင်းမွန်ခြင်းနဲ့ Contrast အပိုင်း ကောင်းမွန်ခြင်းတွေ ပါ တွေ့မြင်ရပါလိမ့်မယ်။ Response Timeကလည်း ၇သန်း ထိအောင် ရှိမှာဖြစ်လို့ Media Playingတွေ အတွက်လည်း အကောင်းဆုံး ဖြစ်ပါ လိမ့်မယ်။ ကိုယ်ထည် ဒီဇိုင်း အပိုင်းက mini HD TVပုံစံ ဖန်တီး ထားတာတွေ့ရပြီး ချိတ်ဆက် အသုံးပြုနိုင်မှု အတွက်တော့ HDMI Portနှစ်ခုနဲ့ VGA Portတွေ ပါ၀င်မှာ ဖြစ်ပါတယ်။ HDMI Portပါ၀င်တာက အားသာချက် ဖြစ်ပြီးတော့ TVတစ်လုံးရဲ့ လုပ်ဆောင်ချက်တွေကိုပါ ပူးတွဲလုပ်ဆောင်နိုင်မှာ ဖြစ်တာက စွဲမက်စရာပါ။ ကိုယ်ထည်ရဲ့ အရွယ်အစားကတော့ အမြင့် ၁၃.၃ လက်မ၊ အကျယ် ၂၁.၆ လက်မနဲ့ အထူကတော့ ၁.၃ လက်မ ဖြစ်ကာ အလေးချိန်က ၆.၇ ပေါင်ပဲ ရှိမှာပါ။ ဈေးနှုန်းကလည်း ကျပ် ၂၁၉,၀၀၀ဖြစ်တာကြောင့် IPSစနစ် မော်နီတာ တစ်လုံး အတွက်တော့ သင့်တင့်တာ တွေ့နိုင်ပါတယ်။

author-avatar

About Min Khant

အမည်ရင်းမှာ ခန့်ကျော်ဆွေဖြစ်ပြီး Myanmar ICT ဂျာနယ်တွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *