News

Philips က 3D Printer ဖြင့်ထုတ်လုပ်ထားတဲ့ စမတ်မီးအိမ် ကို ပြသ

3D Printer ဖြင့်ထုတ်လုပ်တဲ့ ပစ္စည်းတွေနဲ့ စမတ်အိမ်နည်းပညာ ဟာ တစ်ဖြည်းဖြည်း ရေပန်းစားကျော်ကြားလာပြီဖြစ်ပါတယ်။ Philips က စမတ်ဖုန်း App ကနေ ထိန်းချုပ်နိုင်တဲ့ စမတ်မီးအိမ် ကို 3D Printer ဖြင့် ထုတ်လုပ်လိုက်ပါတယ်။

မီးအိမ် ကို ပုံစံ နှစ်မျိုးပြုလုပ်ပေးထားပြီး အရောင် (၁၆) သန်း ကို ချိန်ညှိနိုင်ပါတယ်။ စမတ်ဖုန်း App ရဲ့ Settings ထဲကနေ ချိန်ညှိနိုင်မှာဖြစ်ပါတယ်။ အချိန်ပေါ်မူတည်ပြီး အလင်းရောင် ကို ကြိုတင် ချိန်ညှိသတ်မှတ်ထားနိုင်ပါတယ်။ စမတ်မီးအိမ် ရဲ့ ဈေးနှုန်း က အလွန်ကြီးမားပြီး ဒေါ်လာ (၄၄၄၅) ဖြင့်ရောင်းချမှာ ဖြစ်ပါတယ်။ အခြားတစ်မျိုး ကို ဒေါ်လာ (၄၁၃၅) ဖြင့် ရောင်းချပေးမှာ ဖြစ်ပါတယ်။

Philips က ဒေါ်လာ (၅၉) တန် Hue Tab ကိုလည်း ပြသခဲ့ပြီး ပထမဆုံး အင်တာနက် ချိတ်ဆက်နိုင်တဲ့ မီးခလုတ် ဖြစ်ပါတယ်။ Hue မီးသီးများ ကို စမတ်ဖုန်း App ကနေ ထိန်းချုပ်မှု မပြုလုပ်ချင်ရင် Hue Tab မီးခလုတ် ကို အသုံးပြုနိုင်ပါတယ်။ အရောင်လေးမျိုး ကို ပြောင်းလဲပြသပေးဖို့ သတ်မှတ်ထားနိုင်ပါတယ်။ ဘက်ထရီ မလိုအပ်ဘဲ Hue မီးသီး အလုံး ငါးဆယ် ကို ထိန်းချုပ်နိုင်ပါတယ်။ WiFi Router နဲ့ ချိတ်ဆက် ရမှာဖြစ်ပါတယ်။ မြောက်အမေရိက နဲ့ ဥရောပ မှာ နွေရာသီ တွင် ရောင်းချပေးမှာ ဖြစ်ပါတယ်။

2

Philips က Hue Lux မီးသီး ကိုလည်း ပြသခဲ့ပြီး စမတ်ဖုန်း App ကနေ ထိန်းချုပ်နိုင်ပါတယ်။ အဲဒီမီးသီး က အဖြူရောင် အလင်းရောင် ကိုသာ ထုတ်လွှင့်ပေးနိုင်ပါတယ်။ ဈေးနှုန်းသက်သာပြီး မီးသီး နှစ်လုံး ကို (၉၉) ဒေါ်လာ သတ်မှတ်ထားပါတယ်။ Hue Lux မှာ Hue နည်းစနစ် ကို အသုံးပြုထားတဲ့အတွက် Third-Party Apps တွေနဲ့ တွဲဖက် အသုံးပြုနိုင်ပါတယ်။ သီချင်းသံ အလိုက် မီးအလင်းရောင်ပေးနိုင်တဲ့ Disco App လို App မျိုးနဲ့ တွဲဖက်သုံးနိုင်မှာ ဖြစ်ပါတယ်။ Jawbone Fitness Tracker နဲ့ တွဲဖက် အသုံးပြုနိုင်တဲ့အတွက် အိပ်ယာထချိန် ကို သိရှိပြီး အလိုအလျှောက် မီးဖွင့်ပေးနိုင်ပါတယ်။ Hue Lux ကို ၂၀၁၄ ခုနှစ် နှစ်ကုန် ပိုင်းမှာ ရောင်းချပေးမှာ ဖြစ်ပါတယ်။

3

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *