2013 ဇန်နဝါရီလ နောက်ဆုံးအပတ်တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ကျင်းပပြုလုပ် ခဲ့သော AOC REACH 2013 Disity Conferenceတွင် ထုတ်ဖော် ပြသခဲ့သည့် နောက်ဆုံးပေါ် AOC ပစ္စည်းများထဲမှ စမတ်အကျဆုံး မော်နီတာ ဖြစ်သည့် AOC မော်နီတာအသစ် ပြည်တွင်းသို့ ရောက်ရှိလာကြောင်း သတင်းရရှိပါတယ်။ AOC အမှတ်တံဆိပ််သည် ကမ္ဘာ့ အပါးလွှာဆုံး မော်နီတာအဖြစ် ရပ်တည်လျက်ရှိပြီး ယခု ရောက်ရှိလာသော IPS နည်းပညာကို အသုံးပြုထားသည့် မော်နီတာအသစ် အကြောင်းကို ဒီတစ်ပတ် မျှေ၀လိုက်ပါတယ်။
မော်ဒယ်နံပါတ် ကတော့ AOC i2267fw IPS Monitor အမျိုးအစား ဖြစ်ပါတယ်။ မော်နီတာရဲ့ မျက်နှာပြင် အရွယ်အစား ကတော့ ၂၁.၅ လက်မရှိပြီး IPS Panelကို သုံးပေးထားတဲ့အတွက် ကြည်လင် ပြတ်သားတဲ့ ပုံရိပ်တွေကို မြင်ကွင်းကျယ်ကျယ် ကြည့်ရှု ခံစား နိုင်မှာပါ။ မော်နီတာကို ပုံမှန် အနေအထားကပဲ ကြည့်ကြည့် ဘေးတိုက် အနေအထားကပဲ ကြည့်ကြည့် အရောင်မှိန်သွားခြင်း မရှိပဲ စိုပြည် တောက်ပတဲ့ ရုပ်ထွက်အရည်အသွေးကို ဖန်တီး ပုံဖော် ပေးထားပါတယ်။ Real Colorကို အခြေခံထားတဲ့အတွက် Screen ပေါ်မှာ စစ်မှန်တဲ့ အရောင်တွေကို သဘာ၀အတိုင်း ဖော်ပြပေးမှာပါ။ မော်နီတာကို IPS (In-Plane Switching) နည်းပညာဖြင့် တီထွင် ထုတ်လုပ်ထားတဲ့ အတွက်ကြောင့် ရုပ်ထွက် အရည်အသွေး အထူး ကောင်းမွန်နေပြီး Dyanmic Contrast Ratio ပမာဏကတော့ 50,000,000:1 ရရှိပါတယ်။ Clear Vision Function ပါ၀င်တဲ့ အတွက်ကြောင့် ပုံမှန် ရုပ်ထွက် အရည်အသွေးကနေ အဆင့်မြင့် HD ရုပ်ထွက် အရည်အသွေးသို့ ပြောင်းလဲ ပေးထားတာကို တွေ့ရပါတယ်။
လင်းလက် တောက်ပမှုတွေကို ပေးစွမ်းပေးမယ့် Brightness ပမာဏကတော့ 250 cd/m2 ရှိပါတယ်။ Response Timeကတော့ 6msဖြစ်ပြီး Resolutionအနေနဲ့ 1920×1080@60Hz ရှိပါတယ်။ Input Connector ချိတ်ဆက်မှု အပိုင်းကို ကြည့်ရင် VGA Port တစ်ခုနှင့် DVI Port တစ်ခုစီ ပါတာတွေ့ရပါတယ်။ ပါဝါ သုံးစွဲမှုကတော့ Power Onထားရင် 30Wနှင့် Standby အနေအထားမှာ 0.5Wပဲ သုံးစွဲထားတဲ့အတွက် ပါဝါသုံးစွဲမှုကို လျော့ချပေးထားတဲ့ AOCရဲ့ IPS မော်နီတာလေးပါ။ မော်နီတာရဲ့ ကိုယ်ထည်ကို ငွေရောင်နှင့် အမည်းရောင် နှစ်မျိုး ပေါင်းစပ်ထားပြီး စွဲမက်ဖွယ်ကောင်းလှတဲ့ ဒီဇိုင်းပုံစံနဲ့ တည်ဆောက် ထားပါတယ်။ ပစ္စည်း အာမခံ သုံးနှစ်ပေးထားပြီး ဈေးနှုန်းကတော့ ၂၃၆,၀၀၀ကျပ်၀န်းကျင် ရှိပါတယ်။ Star Universe ကုမ္ပဏီမှ AOC အမှတ် တံဆိပ် i2267fw IPS မော်နီတာကို ကိုယ်စားလှယ်ယူ ဖြန့်ချိပေးထားပြီး ဆက်သွယ် ၀ယ်ယူချင်ရင်တော့ အမှတ်(၅၈)ဘီ၊ မြန်မာ့ဂုဏ်ရောင်အိမ်ရာ၊ သံသုမာလမ်း၊ တာမွေမြို့နယ်။ ဖုန်း ၀၁-၄၃၀-၀၁၃၊ ၀၁-၄၃၀-၈၉၇သို့ ဆက်သွယ် နိုင်သလို ကွန်ပျူတာ အရောင်းဆိုင်တွေမှာလည်း ၀ယ်ယူ ရရှိနိုင်ပါသည်။