News

ရှန်ဟိုင်းနိုင်ငံတကာ ရုပ်ရှင်ပွဲတော် ၂၀၁၃ ကျင်းပခဲ့

16th Shanghai Int'l Film Festival

(၁၆)ကြိမ်မြောက် ရှန်ဟိုင်း နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကို ဇွန်လ ၁၅ရက်နေ့မှ ၂၃ရက်နေ့အထိ ကိုးရက်ကြာ ခြိမ့်ခြိမ့်သဲသဲ ကျင်းပခဲ့ပြီး ပိတ်ပွဲ အခမ်းအနားကို ဇွန်လ ၂၃ရက်နေ့က ကျင်းပခဲ့ရာ The Major ရုပ်ရှင် ဇာတ်ကားက ယင်းရုပ်ရှင်ပွဲတော်၏ အမြင့်ဆုံး ဆုတစ်ဆု ဖြစ်သည့် ရွေှဝိုင်ခွက်ဆုနှင့် အသက် (၃၂)နှစ် အရွယ်ရှိ ယင်း ဇာတ်ကား ဒါရိုက်ကာ Yury Bykovက အကောင်းဆုံး ဒါရိုက်တာဆုနှင့် အအောင်မြင်ဆုံး အနုပညာရှင်ဆုကို ဆွတ်ခူး ရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် ဟောင်ကောင် သရုပ်ဆောင် နစ်ခ်ချန်းက အကောင်းဆုံး အမျိုးသား သရုပ်ဆောင်ဆုကိုလည်းကောင်း၊ ဆွီဒင်ဇာတ်ညွှန်းရေးဆရာ Angus Maclachlanက ဆွီဒင် မိသားစု ဒရာမာ ဇာတ်ကားဖြစ်သည့် Reliance ဇာတ်ကားဖြင့် အကောင်းဆုံး ဇာတ်ညွှန်းဆုနှင့် Jury Grand Prixဆု တို့ကို ဆွတ်ခူးရရှိခဲ့သည်။ Unbeatable ဇာတ်ကားဖြင့် အကောင်းဆုံး သရုပ်ဆောင်ဆု ရရှိခဲ့သည့် ဟောင်ကောင်သရုပ်ဆောင် နစ်ခ်ချန်းက “ယခု ရရှိခဲ့သော ဆုသည် ကျွန်တော့်ဘဝအတွက် ကြီးမားသော အားပေးမှု တစ်ခု ဖြစ်ပါကြောင်းနှင့် အနာဂတ်တွင် သရုပ်ဆောင်ပိုင်းကို ယခုထက် ပိုကြိုးစားသွားမည် ဖြစ်ပါကြောင်း” ပြောကြားခဲ့သည်။

၎င်းအပြင် ရှန်ဟိုင်း ရုပ်ရှင်ပွဲတော် သမိုင်းတစ်လျှောက်တွင် ထူးခြားမှု တစ်ရပ်အနေဖြင့် ယခု ရုပ်ရှင်ပွဲတော်၌ အသက် (၁၀)နှစ်အရွယ် မလေးရှား ကလေး သရုပ်ဆောင် ခရစ္စတယ်လီက အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင်ဆုကို ရရှိခဲ့ခြင်း ဖြစ်သည်။ တရုတ်နိုင်ငံ၏ အထင်ကရ ရုပ်ရှင်ပွဲတော် တစ်ခုဖြစ်သည့် ရှန်ဟိုင်း နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွင် နိုင်ငံပေါင်း ၁၁၂ နိုင်ငံမှ ဇာတ်ကားပေါင်း ၁၆၆၅ကား ပါဝင် ပြသခဲ့ကြောင်း သိရသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

2 thoughts on “ရှန်ဟိုင်းနိုင်ငံတကာ ရုပ်ရှင်ပွဲတော် ၂၀၁၃ ကျင်းပခဲ့

  1. ei hnin phyo says:

    တကယ်ကောင်းလို့ရတာဝမ်းသာပါတယ်

  2. may thu kyaw says:

    ၁၀ နှစ်လဲလျော့တွက်လိုမရဘူးနော်…..တော်တယ်နော်

Leave a Reply

Your email address will not be published. Required fields are marked *