Review

AOC 24G2E Gaming Monitor အကြောင်း

AOC 24G2E Gaming Monitor Review

ဒီနေ့အတွက်တော့ Refresh Rate နဲ့ Respond Time ကို ဦးစားပေးတဲ့ ဂိမ်မာတွေအတွက် အလန်းစား Gaming Monitor တစ်လုံးနဲ့ မိတ်ဆက်ပေးပါ့မယ်။

အဲ့ဒါကတော့ AOC 24G2E Gaming Monitorပဲ ဖြစ်ပါတယ်။

AOC 24G2E Gaming Monitor ဟာ မျက်နှာပြင် အရွယ်အစား 24″ ရှိပြီး FHD (1920×1080) IPS Display နှင့် တွဲဖက်ထားတာကြောင့် အလန်းစား ရုပ်ထွက်ကို ခံစားရမှာဖြစ်ပါတယ်။

ဒီဇိုင်းပိုင်းမှာလည်း အနီနဲ့ အနက်ကို Slim, sleek, simple ပုံစံ အခြေခံထားတာကြောင့် ဘေးဘောင်တွေဟာ သေးငယ်ပြီး ရိုးရှင်းတဲ့ Gaming Senses ကိုလည်း ရပါတယ်။

ဂိမ်းဆော့ရာမှာ အရေးပါတဲ့ Refresh Rate ကလည်း 144Hz အထိ Support ပေးပြီး Respond Time 1ms ဖြစ်တာကြောင့် ဂိမ်းဆော့ရာမှာ ပုံရိပ်ဝေဝါးတာတွေကိုလည်း ဖြစ်စေမှာ မဟုတ်ပါဘူး။

ဒါတွေတင်မကပဲ Adaptive-Sync technology ပါဝင်တာကြောင့် ဆော့ကစားနေရင်း Screen Tearing, Screen Shuttering ဖြစ်တာတွေကို လျော့ချပေးပါတယ်။

Feature တွေအနေနဲ့ကတော့…

  • ရုပ်ရှင်ကြည့်ရင်ပဲဖြစ်ဖြစ် ဂိမ်းဆော့ရင်ပဲဖြစ်ဖြစ် အရောင်အသွေးတောက်ပတဲ့ခံစားမှုကိုခံစားရစေမယ့် HDR Mode
  • အရောင်မပျက်သားတာတွေကြောင့် ဖြစ်တတ်တဲ့ ပုံရိပ် ဝေဝါးတာတွေကို လျော့ချပေးတဲ့ Flicker Free
  • ညဘက်တွေမှာ ဂိမ်းဆော့တာတို့ ရုပ်ရှင်ကြည့်တာတို့ကနေ ထွက်လာတဲ့ Blue Ray တွေကိုလျော့ချပေးတဲ့ Low Blue Mode
  • ဂိမ်းဆော့တာအပြင် ဓာတ်ပုံနှင့် ဗီဒီယိုပြင်တာတွေမှာ တိကျတဲ့အရောင်ကို ပြပေးတဲ့ AOC Game Color
  • ကိုယ်ဆော့ကစားလေ့ ရှိတဲ့ ဂိမ်းတွေကို စိတ်ကြိုက်ရွေးချယ်ပြီး Setting တွေကို ချိန်ညှိနိုင်တဲ့ Game Mode

Port တွေအနေနဲ့ကလည်း VGA x 1port, HDMI 1.4 x 2ports, DisplayPort 1.2 x 1 port တို့ ပါဝင်ပါတယ်။

စျေးနှုန်းကတော့ ICT မှာ ဝယ်ယူမယ်ဆိုရင် အထူးစျေး ကျပ်ငွေ ၄၁၀,၄၀၀ ဖြင့် ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

အလန်းစား စွမ်းဆောင်ရည်ကို အတန်ဆုံးစျေးနှုန်းနဲ့ ဝယ်ယူနိုင်မှာ ဖြစ်တာကြောင့် အမြန်ဆုံးဝယ်ယူလိုက်ပါနော်…။

အသေးစိတ်အချက်အလတ်တွေကို သိရှိလိုပါက…

👉 https://bit.ly/2XRlMeF

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *