News

တင်းနစ်မယ်ရဲ့ ဘောလုံးအစွမ်း

Maria Sharapova shows off football

ဝင်ဘယ်လ်ဒန် အိုးပင်းတင်းနစ် ပြိုင်ပွဲ၏ ပထမ အဆင့်ပွဲစဉ်တွင် ပြင်သစ် တင်းနစ်မယ် မလာဒီနိုဗစ်ကို အနိုင်ရပြီး ဒုတိယ အဆင့်သို့ တက်ရောက်နိုင်ခဲ့သည့် ရုရှား တင်းနစ်မယ် မာရီယာ ရှာရာပိုဗာသည် ဒုတိယပွဲစဉ် ယှဉ်ပြိုင်ခြင်း မပြုမီ တင်းနစ်လေ့ကျင့်ရေး ကွင်း၌ လေ့ကျင့်ခန်းဆင်းရင်း ဘောလုံးစွမ်းရည် ပြသမှု တစ်ရပ်ကိုလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှာရာပိုဗာသည် ဝင်ဘယ်လ်ဒန် အိုးပင်း ဒုတိယဆင့်တွင် ဒီဘရစ်တိုနှင့် ဆုံတွေ့ရမည် ဖြစ်ရာ နိုင်ပွဲများ ဆက်လက် ရယူနိုင်ရေးအတွက် ပြင်းပြင်းထန်ထန် လေ့ကျင့်လျက် ရှိရင်း နည်းပြအပါအဝင် သူမ၏ လေ့ကျင့်ဖော်များနှင့်အတူ ဘောလုံးစွမ်းရည် ပြသခဲ့ခြင်း ဖြစ်သည်။ သူမသည် ဘောလုံးကို ခြေခွင်၊ ခြေဖျား၊ ဒူး၊ ခေါင်းတို့နှင့် တော့ရုံတင် သာမက ဘောလုံးကို တိကျသည့် အဝေးကန်ချက် ရရှိအောင်လည်း ကန်ပြနိုင်ခဲ့သည်ဟု သိရသည်။

ထိုကဲ့သို့ တင်းနစ်မယ် ရှာရာပိုဗာ၏ တင်းနစ် လေ့ကျင့်ရေး ကွင်းတွင် ဘောလုံး စွမ်းရည် ပြသခဲ့မှုကို သူမ၏ နည်းပြဖြစ်သူနှင့် လေ့ကျင့်ဖော်များက ချီးကျူးခဲ့ကြပါသည်။ ဇွန် ၂၈ရက်နေ့ သတင်းအရ အမျိုးသမီး တစ်ဦးချင်း ပြိုင်ပွဲတွင် ဗိုလ်စွဲရန် ရေပန်းစားနေသူ ရှာရာပိုဗာသည် ကမ္ဘာ့အဆင့် ၁၃၁ရှိ ပေါ်တူဂီ တင်းနစ်မယ် ဒီဘရစ်တိုကို ၆-၃၊ ၆-၄ဖြင့် နှစ်ပွဲပြတ် ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲမှ မမျှော်လင့်ပဲ ထွက်ခွာခဲ့ရကြောင်း သိရသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *