Mobile

ဖျော်ဖြေရေးအတွက် အကောင်းဆုံး စွမ်းဆောင်ပေးမယ့် Sony Xperia Tablet S

sony-xperia-tablets

Sonyဟာ Xperia စီးရီးစမတ်ဖုန်းတွေကို အရည်အသွေး ကောင်းမွန်စွာနဲ့ အဆင့်မြင့် နည်းပညာများဖြင့် ပေါင်းစပ် ထုတ်လုပ်လာခဲ့တာဟာ ယနေ့အချိန်မှာတော့ သုံးစွဲသူတွေရဲ့တစ်ခဲနက် အားပေးမှုကို ရရှိနေပါတယ်။ ယခုတစ်ဖန် Sonyဟာ Xperia Tablet Sဆိုတဲ့ ဖျော်ဖြေရေးကို ဦးစားပေးထားတဲ့ Tablet အမျိုးအစားကို တီထွင် ထုတ်လုပ်လိုက်ပါတယ်။ Xperia Tablet Sကို အလွန်ပါးလွှာတဲ့ အလူမီနီယံဖြင့် ဖုံးအုပ်ထားပြီး အစွန်းအထင်းများကို ကာကွယ်ပေးတဲ့ ကိုယ်ထည်ဖြင့် တည်ဆောက်ထားပါတယ်။

Display

Xperia Tablet Sရဲ့ မျက်နှာပြင်ကို TFT Color LCDဖြင့် တပ်ဆင်ပေးထားပြီး Display အရွယ်အစားကတော့ (၉.၄)လက်မ ရှိပါတယ်။ Multi-Touch စနစ်ကို အသုံးပြုထားတဲ့ အတွက်ကြောင့် လက်ချောင်းလေးများဖြင့် Screenကို ထိတွေ့လိုက်တာနဲ့ လျင်မြန်စွာ တုန့်ပြန်နိုင်စွမ်း ရှိပါတယ်။ ကြည်လင်ပြတ်သားတဲ့ ပုံရိပ်တွေကို ပုံဖော်ပေးမယ့် Resolutionကတော့ 1280×800 Pixels ရှိပါတယ်။ Sonyရဲ့ နည်းပညာတစ်မျိုးဖြစ်တဲ့ Mobile BRAVIA Engineကို ထည့်သွင်း ပေးထားပါတယ်။ ဗီဒီယိုဇာတ်ကားနှင့် ဂိမ်းအမြင့်တွေကို သဘာ၀အတိုင်း သက်၀င်လှုပ်ရှားလာအောင် ဖန်တီးပေးမယ့် Graphicsပိုင်းကိုတော့ Nvidia Tegra 3 Graphicsကို တပ်ဆင်ပေးထားပါတယ်။

Connectivity

ကြိုးမဲ့အင်တာနက် ချိတ်ဆက် အသုံးပြုရန်အတွက် Wi-Fi 802.11 a/b/g/n, Dual-Band, Wi-Fi Hotspot စနစ်တွေ ပါ၀င်ပါတယ်။ တခြား Devices တွေနဲ့ ချိတ်ဆက်မှု အပိုင်းကို ကြည့်ရင် Bluetooth v3.0, USB v2.0, HDMI Port နှင့် Infrared Portတွေ ပါရှိပါသေးတယ်။ ဒီတက်ဘလက်ရဲ့အားနည်းချက်ကတော့ GSM Voice Communicationကို ထောက်ပံ့ ပေးထားခြင်းမရှိပါဘူး။

Hardware & OS

Xperia Tablet Sရဲ့ စက်အတွင်းပိုင်း လုပ်ဆောင်မှုပိုင်းကို ကြည့်ရင်တော့ Quad-Core Cortex-A9 Processorက တာ၀န်ယူ လုပ်ဆောင်ပေးထားပြီး အမြန်နှုန်းကတော့ 1.3GHz ရှိပါတယ်။ Memoryကတော့ 1GB ဖြစ်ပါတယ်။ Chipset အမျိုးအစားကတော့ Nvidia Tegra 3 ဖြစ်ပြီး GPUကတော့ ULP GeForceကို အသုံးပြုထားပါတယ်။ Dataတွေကို သိမ်းဆည်းပေးမယ့် Internal Storageကတော့ 16GB, 32GB နှင့် 64GBဆိုပြီး သုံးမျိုး ရွေးချယ်နိုင် မှာပါ။ Xperia Tablet Sမှာ ပါ၀င်တဲ့ ဘက်ထရီစွမ်းရည်က အထူးကောင်းမွန်ပြီး Li-Ion 6000mAh Battery အမျိုးအစား ဖြစ်ပါတယ်။ သီချင်း နားထောင်ချိန်၊ ဂိမ်းကစားချိန်နှင့် ဗီဒီယို ကြည့်ရှုချိန်တွေအတွက် ဘက်ထရီအားက ဆယ့်နှစ်နာရီ ကြာရှည်ခံနိုင်စွမ်း ရှိပါတယ်။ Android OS Version 4.0.3 (Ice Cream Sandwich)ထည့်သွင်း ပေးထားပြီး Sonyကတော့ Android 4.1 (Jelly Bean)ကို အဆင့်မြှင့်တင်နိုင်တယ်လို့ ဆိုထားပါတယ်။

Camera

Xperia Tablet Sကို ကင်မရာနှစ်လုံး တပ်ဆင်ပေးထားပါတယ်။ အနောက်ဘက် ကင်မရာက HD ကင်မရာ အမျိုးအစားဖြစ်ပြီး 8 Megapixels စွမ်းရည်ရှိပါတယ်။ Resolutionကတော့ 3264×2448 Pixels ရရှိတဲ့အတွက် ကြည်လင်ပြတ်သားတဲ့ ရုပ်ပုံတွေကို ရိုက်ကူးနိုင်ပါတယ်။ ကင်မရာရဲ့ Featuresတွေကတော့ (Auto Focus, Geo-Tagging, Touch Focus, Face Detection)အစရှိတဲ့ စနစ်တွေ ပါ၀င်ပါတယ်။ အရှေ့ဘက် ကင်မရာက HD Web ကင်မရာ အမျိုးအစားဖြစ်ပြီး 1 Megapixel စွမ်းရည် ရှိပါတယ်။ Resolutionကတော့ 1296×808 Pixels ရရှိတဲ့အတွက် အင်တာနက်မှတစ်ဆင့် Video Chatကို ကောင်းမွန်စွာ ပြုလုပ်နိုင်ပါလိမ့်မယ်။

Entertainment

Xperia Tablet Sဟာ ဖျော်ဖြေရေးအတွက် အဓိကထား ထုတ်လုပ်ထားတဲ့အတွက် Tablet Sမှာ Media Applications ကောင်းတွေကိုလည်း ထည့်သွင်း ပေးထားပါတယ်။ WALKMAN Applicationမှာ ပါ၀င်တဲ့ Disco Graphicsက သီချင်းနားထောင်ရင်း စိတ်တွေ လန်းဆန်းသွားအောင် ပြုလုပ် ပေးပါလိမ့်မယ်။ ALBUM Applicationလေးကတော့ ရိုက်ကူးပြီးသား ဓာတ်ပုံနှင့် ဗီဒီယိုဖိုင်များကို သူငယ်ချင်းများထံသို့ အလွယ်တကူ Share ပြုလုပ်နိုင်အောင် ဖန်တီးထားပါတယ်။ MOVIES Applicationကတော့ ဗီဒီယိုတွေ ကြည့်ရှုတဲ့အခါ ရုပ်သံအရည်အသွေးကို ကောင်းမွန်စွာဖြင့် ခံစား ကြည့်ရှုနိုင်မှာပါ။

 

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *