News

အပျော်တမ်း အသုံးပြုနိုင်မယ့် Walkie-Talkie

Voxer Walkie-Talkie Review - Software

Voxer Walkie-Talkieသည် Communication App တစ်ခုဖြစ်ပြီး တကယ့် Walkie-Talkieကဲ့သို့ အသုံးပြုနိုင်ပါတယ်။ Text Messageနှင့် ဓာတ်ပုံတွေကို ပို့လို့ရနိုင်မည် ဖြစ်သည့်အပြင် တည်နေရာကို Share လုပ်လို့လည်း ရနိုင်ပါတယ်။ သတိထားရမယ့် အချက်ကတော့ တည်နေရာကို Share လုပ်တဲ့နေရာမှာ Error တက်နိုင်တဲ့အတွက် သင်ပို့တဲ့ အချက်အလက်တွေကို ဆုံးရှုံးနိုင်ပါတယ်၊ အသံဖိုင်တွေ အများကြီးပို့ရင်တောင် အချက်အလက် အနည်းငယ်ကိုပဲ လက်ခံရတာမျိုးတွေ ရှိပါတယ်။ Wifi 3Gနှင့် အခြား Data Networkတွေမှာ အသုံးပြုလို့ ရပါတယ်။

အသုံးပြုသူများ အနေဖြင့် အကောင့်တစ်ခုဖွင့်ပြီး အချက်အလက်တွေ ဖြည့်စွက်ကာ စတင် အသုံးပြုနိုင်ပါတယ်၊ Appကို အသုံးပြုဖို့ သူငယ်ချင်းတွေကို ဖိတ်ခေါ်ပြီး ဒေါင်းလုပ် ပြုလုပ်နိုင်ဖို့အတွက် Link ချိတ်ပေးလို့ ရနိုင်ပါတယ်။ Single, Multiple နှင့် Group Chattingတွေ ပြုလုပ်နိုင်ပါတယ်၊ အောက်ခြေဘက်မှာရှိတဲ့ Buttonကို နှိပ်ပြီး အသုံးပြုရုံပဲ ဖြစ်ပါတယ်။ သင်ချိတ်ဆက် အသုံးပြုသူရဲ့ Location ကို GPS အသုံးပြုပြီး မြေပုံနှင့် ကြည့်လို့ရပါသေးတယ်။ သူငယ်ချင်းနှင့် မိသားစုတွေအတွက် ပျော်စရာကောင်းတဲ့ App တစ်ခုပဲ ဖြစ်ပါတယ်။ သင်ရဲ့ Locationကို မပြချင်ဘူးဆိုရင်လည်း Settingထဲ ၀င်ရောက်ကာ ပိတ်လို့ ရပါတယ်။ဒီ Appကို အချို့နိုင်ငံတွေမှာတော့ Download မရရှိနိုင်သေးပါဘူး။

Ref: reviews.cnet.com

Leave a Reply

Your email address will not be published. Required fields are marked *