Lifestyle, News, Travel

ကမ္ဘာ့အကြီးဆုံး အဆောက်အဦ တရုတ်တွင် ဖွင့်လှစ်

World's largest building opens in China -

တရုတ်နိုင်ငံအတွင်းရှိ ကမ္ဘာ့အကြီးမားဆုံး အဆောက်အဦကြီးတစ်ခုကို စီးပွားရေး လုပ်ငန်းသုံးအဖြစ် ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။ တရုတ်နိုင်ငံ အနောက်တောင်ဘက်ရှိ Sichuan မြို့တော် Chengdu တွင် တည်ရှိပြီး ကမ္ဘာပေါ်တွင် အကြီးမားဆုံး အဆောက်အဦကြီး ဖြစ်ကြောင်း တရုတ်နိုင်ငံမှ တရား၀င် ထုတ်ဖော်ပြောကြားခဲ့သည်။

ကမ္ဘာ့အကြီးဆုံးဟုဆိုခြင်းကြောင့် အဆောက်အဦကြီးအား မိုးမျှော်တိုက်ပုံစံဟု ထင်မြင်စရာရှိပါသည်။ သို့သော် ယင်းအဆောက်အဦသည် အထက်သို့ ရှည်လျားခြင်း မဟုတ်ပဲ အရွယ်အစား ထုထည်ကြီးမားခြင်း ဖြစ်သည်။ အလျား မီတာ ၅၀၀ အရှည်၊ အကျယ် မီတာ ၄၀၀ နှင့် ၁၀၀ မီတာ အမြင့်ရှိပါသည်။ ထုထည်အားဖြင့် 1.7 မီလီယံ စတုန်ရန်းမီတာ ရှိသည့် ထိုအဆောက်အဦကြီးတွင် Sydney Opera House ၂၀ကျော် ၀င်ဆံ့ နိုင်သည်အထိ ကြီးမားပြီး၊ Washington ရှိ Pentagon အဆောက်အဦထက် ၃ ဆ ပိုမိုကြီးမားသည်။ အဆောက်အဦကြီးအား New Century Global Center ဟု အမည်ပေးထားသည်။

ဇွန်လ ၂၈ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဟိုတယ်၊ ကုမ္ပဏီ ရုံးခန်းများ ၊ ရုပ်ရှင်ရုံများ၊ ရှော့ပင်းစင်တာများ၊ စသည်တို့အပြင် Paradise Island အမည်ရှိ ရေပန်းဥယျာဉ်နှင့် အပန်းဖြေစရာနေများ ပါ၀င်သည်။ Global Center သည် Chengdu ပြည်နယ်၏ စီမံကိန်းဇုန်အတွင်း တည်ရှိသည်။ Chengduတွင် လာမည့် ၂၀၂၀ အရောက် လေယာဉ်ကွင်းအသစ် တည်ဆောက်ရန် စီမံကိန်းလျာထားချက်များရှိပြီး တရုတ်နိုင်ငံ အနောက်ပိုင်း၏ ယဉ်ကျေးမှုဆိုင်ရာ မြို့တော်နှင့် စီးပွားရေးမြို့တော်အဖြစ် တည်ဆောက်သွားမည်ဖြစ်သည်။

Chengduတွင် ဇွွန်လ ၆ရက်မှ ၈ရက်နေ့အထိ ကမ္ဘာ့အကြီးမားဆုံး ကုမ္ပဏီများမှ CEOများ၊ ဥက္ကဋ္ဌများ၊ အဖွဲ့၀င် လူကြီးများ ပါ၀င်သည့် Fortune Global Forumကို ကျင်းပခဲ့သည်။ စင်ဟွာသတင်းဌာနမှ ဖော်ပြချက်အရ ၂၀၁၂နှစ်ကုန်ပိုင်း ထုတ်ပြန်ချက်တွင် Chengdu၏ GDP ပမာဏသည် 800 မီလီယံ RMB (US ဒေါ်လာ 130.48 မီလီယံ) ရှိကြောင်း သိရသည်။

Ref : edition.cnn.com

2 thoughts on “ကမ္ဘာ့အကြီးဆုံး အဆောက်အဦ တရုတ်တွင် ဖွင့်လှစ်

  1. Myo Thiha says:

    တရုတ်ကတော့ လုပ်ချလိုက်ပြန်ပြီ။သူတို့ တွေ ရဲ့ စီးပွားရေးဇုန် နေရာယူမှုတွေကို အတုယူအားကျရမယ်။အလွန်အကျွံ့ တော့ မဖြစ်စေချင်ဘူး။ကောင်းတဲ့အချက်တွေကိုရွေးထုတ်ပြီးတော့လုပ်ငန်းတွေကို ဦးဆောင်ဦးရွက်လုပ်သင့်တယ်။

  2. sithusoepaing says:

    တ၇ုတ်လူမျိုးတွေအတွက်ဂုဏ်တတ်စရာနောက်တခုပေါ့ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *